Source : လှတောသား
(Unicode Version)
ဝေဠုကျော် ပရဟိတ ဖောင်ဒေးရှင်းကနေ ရေဘေးအတွက် ပါဝင် ကူညီ လှူဒါန်းပေးလိုက်တဲ့ ဖြိုးမြတ်အောင်
မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဖြိုးမြတ်အောင်က ယခု မြန်မာနိုင်ငံ နေရာအတော်များများမှာ ဖြစ်ပေါ်နေတဲ့ ရေးကြီးမှုများတွင် ကူညီနိုင်ဖို့ ငါးသောင်းကျပ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ ဝေဠုကျော်ပရဟိတ ဖောင်ဒေးရှင်းကတစ်ဆင့် လှူဒါန်းလိုက်တာဖြစ်ပြီး အလှူခံရငွေ ဖြတ်ပိုင်းကိုလည်း ၎င်းဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဖြိုးမြတ်အောင်ရဲ့ အသိုင်းအဝိုင်းက သူ့အတွက် လှူပေးလိုက်တာလို့ယူဆရတဲ့ ယင်းဖြတ်ပိုင်းမှာတော့ အလှူငွေ ငါးသောင်းကျပ်နဲ့အတူ ဟင်္သာတမြို့က နေရပ်လိပ်စာကိုပါ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ဟာ အားပေးသူ အများအပြားရရှိနေပြီး သူအတွက် ရည်ရွယ် လှူဒါန်းမှုများ၊ အလှူခံမှုများလည်း နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။
Source : လှတောသား
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်