ဗိုက္ဆာလို႔ ေက်ာင္းမွာလာေတာင္းစားတဲ့ သူေတာင္းစားကို ဘုန္းႀကီးက အုပ္ခဲပံု ေ႐ႊ႕ခိုင္းလိုက္ေသာအခါ

အုုတ္ခဲပံုုကိုု ဘယ္ေနရာေရႊ႔႕မလဲ

တစ္ေန႔မွာ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းကို လက္တစ္ဖက္တည္းရွိတဲ့ သူေတာင္းစားတစ္ေယာက္ ေရာက္လာၿပီး စားစရာလာေတာင္း စားတယ္ အဲ့မွာ ေက်ာင္းထိုင္ဘုန္းႀကီးနဲ႔ တိုးေတာ့ ေက်ာင္းထိုင္ဆရာေတာ္ ဆီမွာ စားစရာေတာင္း တယ္။

ဆရာေတာ္က ဆြမ္းစားေဆာင္ေရွ႔ က အုတ္ပံုကို လက္ညိဳး ထိုးျပ ၿပီး “ဒကာေတာ္ အဲ့ဒီအုတ္ပံုကို ဆြမ္းစားေဆာင္ေနာက္ အရင္ ေရြ႕ေပးပါအုန္း ” လိုု႔ မိန္႔ေတာ္မူတယ္။ အဲ့ေတာ့ လက္ျပတ္ သူေတာင္းစားက ဘုန္းႀကီးကို မေက်မနပ္နဲ႔ ေျပာတယ္။

“ အရွင္ဘုရား။ တပည့္ေတာ္ မွာ လက္တစ္ဖက္တည္းရွိတာ ဘယ္လိုလုပ္ၿပီး ဒီအုပ္ပံုကို ေရြ႕နိုင္မွာလဲ အရွင္ဘုရား ဆြမ္းက်န္ ဟင္းက်န္ေလးေတာင္ မစြန္႔ ေပးခ်င္လဲ ေနပါ။ တပည့္ေတာ္ တစ္ျခားမွာပဲ သြားေတာင္းစားေတာ့ မယ္ ” လို႔ေျပာေရာ ။

ဘုန္းႀကီးက ဘာမွ ျပန္မေျပာဘူး။ အုတ္ပံုဆီ ေလ ွ်ာက္သြားၿပီး လက္ တစ္ဖက္တည္းနဲ႔ အုတ္ခဲကို မၿပီး ဆြမ္းစားေဆာင္ေနာက္မွာ သြားခ် တယ္ ၿပီးေတာ့မွ ေလသံေအးေအးနဲ႔ ေျပာတာ “ ဒီလိုအလုပ္မ်ိဳးက လက္တစ္ဖက္တည္းနဲ႔လဲ လုပ္လို႔ရတယ္ ”

လက္တစ္ဖက္ျပတ္ သူေတာင္းစားလည္း ဗိုက္ကဆာ စားေသာက္စရာလဲ လိုခ်င္တာ နဲ႔ ဘုန္းႀကီးေျပာတဲ့အတိုင္း လုပ္ပါေလေရာ လက္တစ္ဖက္ တည္းနဲ႔ အုတ္ခဲေတြ တစ္ခဲခ်င္း တစ္ခဲခ်င္းစီ ဆြမ္းစားေဆာင္ေနာက္ကို သယ္သြားခ်လိုက္တာ အခ်ိန္အေတာ္ေလးလဲၾကာေရာအုတ္ခဲပံု တစ္ပံုလံုး ေက်ာင္းအေနာက္ ေရာက္သြားပါေလေရာ။

အဲ့ဒီေနာက္ ဘုန္းႀကီးလဲထမင္းဟင္းေတြကို ေကာင္းေကာင္း ျပင္ဆင္ၿပီး ေကၽြးလိုက္တယ္ သူေတာင္းစား ထမင္းစားၿပီးေတာ့ ဘုန္းႀကီးက ပိုက္ဆံတစ္ခ်ိဳ႔ ထုတ္ေပးတယ္။ သူေတာင္းစားလည္း ပိုက္ဆံေတြရေတာ့ အရမ္းဝမ္းသာသြားတယ္။ ဒါနဲ႔ “ ေက်းဇူးတင္လိုက္တာဘုရား ေက်းဇူးတင္ပါတယ္ အရွင္ဘုရား” နဲ႔ ထိုင္ရွိခိုးေရာ။ ဘုန္းႀကီးက ေျပာတာ “ ဘုန္းဘုန္းကို ေက်းဇူးတင္စရာ မလိုပါဘူး ဒကာေတာ္။

ဘာေၾကာင့္လဲဆိုေတာ့ အဲ့ ဒီပိုက္ဆံေတြဟာ ဒကာေတာ္ရဲ႕ အားအင္ အစြမ္းအစကေန လာတဲ့ ပိုက္ဆံေတြပဲေလ” တဲ့။သူေတာင္းစားဟာ သူရဲ႕ အစြမ္းအစ ကေန ရတဲ့ေငြ အတြက္ အရမ္း ၾကည္ႏူ ပီတိ ျဖစ္မိတယ္ လို႕ခံစားရတယ္။

“ တပည့္ေတာ္ အျမဲ မွတ္သားထားပါ့မယ္ ဘုရား ” ဆိုၿပီး ဘုန္းႀကီး ကို ေက်းဇူးတင္စြာနဲ႔ ကန္ေတာ့ၿပီး ထြက္ခြာသြားခဲ့ ပါေတာ့တယ္။

ေနာက္ထပ္ ေလးငါးရက္ေလာက္ ထပ္ၾကာေတာ့ ေနာက္ထပ္ သူေတာင္းစားတစ္ေယာက္က ေက်ာင္းမွာလာၿပီး ဆြမ္းက်န္ထမင္းက်န္ ထပ္ လာေတာင္းစားတယ္။

“ ဘုန္းႀကီးလည္း သူေတာင္းစားကို ဆြမ္းစားေဆာင္ ေနာက္ ေခၚသြားၿပီး အုတ္ပံုကို လက္ညိုးထိုးျပၿပီး ဒီအုတ္ပံု ကို ဆြမ္းစာေဆာင္အေရွ႔ အရင္ေရြ႔ေပးပါအုန္း လို႔ ေျပာတယ္ ”

ဒါေပမဲ့ ေျခလက္အေကာင္း နဲ့ အဲ့ဒီသူေတာင္းစားဟာ ဘုန္းႀကီး ခိုင္းတာ ကို စိတ္မဝင္စားပါဘူး ။

“ဆြမ္းက်န္ေလး ေတာင္းစားတာေတာင္ မေကၽြးခ်င္ဘူး။ လူကိုမ်ား ဟိုခိုင္းလိုက္ ဒီခိုင္းလိုက္နဲ႔ ” လို႔ မေက်မနပ္နဲ႔ ေျပာၿပီး ထြက္ခြာသြားေတာ့ တယ္။

ေက်ာင္းထဲ က သံဃာေတြ အဲ့တာေတြကို ျမင္ေတာ့ ဘုန္းႀကီးကို ဝိုင္းေမး ၾကတယ္။

“ အရင္တစ္ေခါက္တုန္းက အရွင္ဘုရားက ဟိုသူေတာင္းစားကို ဒီအုတ္ပံုႀကီး ဆြမ္းစားေဆာင္ေနာက္ ေရြ႕ ခိုင္းတယ္။ ခုတစ္ခါက် ဒီသူေတာင္းစားကို ေက်ာင္းေရွ႔ ျပန္ေရြ႔ခိုင္းတယ္။

တကယ္တမ္းေတာ့ အရွင္ဘုရားက အုတ္ပံုကို ဘယ္နား ထားေစခ်င္တာလဲ ဘုရား ”ဘုန္းႀကီး က သံဃာေတာ္ေတြကို ျပန္ေျပာျပတာ “ အုတ္ပံုက ဆြမ္းစားေဆာင္ ေရွ႔ မွာပဲေနေန ေနာက္မွာပဲေနေန မထူးျခားပါဘူး။ အတူတူ ပါပဲ။

ထူးျခားတာက အဲ့ဒီသူေတာင္းစားေတြအတြက္ ေရႊ႔ မယ္ မေရႊ႕ဘူး ဆိုတာ ေလးပါပဲ ” တဲ့

အခ်ိန္ကာလေတြ နွစ္ခ်ီၿပီး ၾကာသြားခဲ့တယ္။ တစ္ေန႔မွာ အဝတ္အစား သန္႔သန္႔ျပန္႔ျပန္႔နဲ႔ လူတစ္ေယာက္ ေက်ာင္းမွာ အလွဳလာလုပ္တယ္။ အဲ့ဒီလူ ဟာ လက္တစ္ဖက္ပဲ ရွိတယ္။

တကယ္တမ္းေတာ့ အဲ့ဒီလူဟာ အရင္တုန္းက ဘုန္းႀကီး အုတ္ပံုေရြ႕ဖို႔ ခိုင္းလိုက္တဲ့ လက္တစ္ဖက္ျပတ္နဲ႔ သူေတာင္းစားပါပဲ

သူဟာ ဘုန္းႀကီးနဲ႔ ဆံုေတြ႔ ခြင့္ရခဲ့ၿပီးတဲ့ေနာက္ သူ႔ကိုယ္တြင္းမွာရွိတဲ့ သူရဲ႕ တန္ဖိုးကို သိရွိနားလည္သြားခဲ့ၿပီး သူနဲ႔ သင့္ေတာ္ ေလ်ာက္ပတ္တဲ့ အလုပ္အကိုင္ေတြကို ႀကိဳးစားလုပ္ကိုင္ရင္း ကိုယ့္ကိုယ္ကို အေျခအေန ေကာင္းမြန္ျမင့္တက္လာေစနိုင္ခဲ့ေတာ့တာပါပဲ

( မိမိ ကိုယ္ကို ယံုၾကည္ ကိုယ့္ရဲ႕တန္ဖိုးကို ကိုယ္ သိတတ္ ၿပီး ကိုယ့္အားကိုယ္ ကိုး တတ္ျခင္းဟာ လူျဖစ္ျခင္းရဲ႕ အေရးအႀကီးဆံုး အေျခ ခံ အေၾကာင္းအရင္းပဲ ျဖစ္ပါေတာ့တယ္ )

လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ ျဖစ္နိုင္ပါတယ္။ ကိုယ္ကသာ ေရြးခ်ယ္မလား ဆိုတာ မူတည္သြားတာပါ။

ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ

မ်ိဳးခ်စ္သူ(ေျမာက္လူးကန္ရြာ – ပခုကၠဴ)

(Unicode Version)

ဗိုက်ဆာလို့ ကျောင်းမှာလာတောင်းစားတဲ့ သူတောင်းစားကို ဘုန်းကြီးက အုပ်ခဲပုံ ရွှေ့ခိုင်းလိုက်သောအခါ

အုတ်ခဲပုံကို ဘယ်နေရာရွှေ့မလဲ

တစ်နေ့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို လက်တစ်ဖက်တည်းရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး စားစရာလာတောင်း စားတယ် အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်း တယ်။

ဆရာတော်က ဆွမ်းစားဆောင်ရှေ့ က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး “ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါအုန်း ” လို့ မိန့်တော်မူတယ်။ အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။

“ အရှင်ဘုရား။ တပည့်တော် မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲ နေပါ။ တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့ မယ် ” လို့ပြောရော ။

ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လေ ျှာက်သွားပြီး လက် တစ်ဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင်နောက်မှာ သွားချ တယ် ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတာ “ ဒီလိုအလုပ်မျိုးက လက်တစ်ဖက်တည်းနဲ့လဲ လုပ်လို့ရတယ် ”

လက်တစ်ဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလဲ လိုချင်တာ နဲ့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ပါလေရော လက်တစ်ဖက် တည်းနဲ့ အုတ်ခဲတွေ တစ်ခဲချင်း တစ်ခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်သွားချလိုက်တာ အချိန်အတော်လေးလဲကြာရောအုတ်ခဲပုံ တစ်ပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။

အဲ့ဒီနောက် ဘုန်းကြီးလဲထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ် သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတစ်ချို့ ထုတ်ပေးတယ်။ သူတောင်းစားလည်း ပိုက်ဆံတွေရတော့ အရမ်းဝမ်းသာသွားတယ်။ ဒါနဲ့ “ ကျေးဇူးတင်လိုက်တာဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား” နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးက ပြောတာ “ ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်။

ဘာကြောင့်လဲဆိုတော့ အဲ့ ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ လာတဲ့ ပိုက်ဆံတွေပဲလေ” တဲ့။သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူ ပီတိ ဖြစ်မိတယ် လို့ခံစားရတယ်။

“ တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား ” ဆိုပြီး ဘုန်းကြီး ကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။

နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစားတစ်ယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ် လာတောင်းစားတယ်။

“ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံ ကို ဆွမ်းစာဆောင်အရှေ့ အရင်ရွေ့ပေးပါအုန်း လို့ ပြောတယ် ”

ဒါပေမဲ့ ခြေလက်အကောင်း နဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာ ကို စိတ်မဝင်စားပါဘူး ။

“ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့ ” လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့ တယ်။

ကျောင်းထဲ က သံဃာတွေ အဲ့တာတွေကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ်။

“ အရင်တစ်ခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ်။ ခုတစ်ခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။

တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား ”ဘုန်းကြီး က သံဃာတော်တွေကို ပြန်ပြောပြတာ “ အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲနေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး။ အတူတူ ပါပဲ။

ထူးခြားတာက အဲ့ဒီသူတောင်းစားတွေအတွက် ရွှေ့ မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ ” တဲ့

အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။ တစ်နေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတစ်ယောက် ကျောင်းမှာ အလှုလာလုပ်တယ်။ အဲ့ဒီလူ ဟာ လက်တစ်ဖက်ပဲ ရှိတယ်။

တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တစ်ဖက်ပြတ်နဲ့ သူတောင်းစားပါပဲ

သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ ခွင့်ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိနားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက်လာစေနိုင်ခဲ့တော့တာပါပဲ

( မိမိ ကိုယ်ကို ယုံကြည် ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် သိတတ် ပြီး ကိုယ့်အားကိုယ် ကိုး တတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေ ခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ် )

လွပ်လပ်မှုဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ။

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

မျိုးချစ်သူ(မြောက်လူးကန်ရွာ – ပခုက္ကူ)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္