ေနတိုးနဲ႔ ဒိတ္လုပ္ခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာလိုက္တဲ့ ထိုင္းမင္းသမီးေလး ကာရာဗီ

ဥပါယ္တံမ်ဥ္ကားထဲက ထိုင္းမင္းသမီးေလး ကာရာဗီဟာ ျမန္မာ့အႏုပညာေလာကမွာ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္လ်ွက္ရွိေနပါတယ္။ ပြင့္လင္းရိုးသားျပီး ခ်စ္စရာေကာင္းတဲ့ဟန္ပန္ေလးေၾကာင့္ ျမန္မာပရိသတ္ေတြရဲ႕ တခဲနက္အားေပးမွုကိုလည္း ရထားသူေလးပါ။ ျမန္မာႏိုင္ငံက ဝက္သားဒုတ္ထုိးကိုအရမ္းၾကိဳက္တဲ့ ကာရာဗီတစ္ေယာက္က ျမန္မာျပည္ေရာက္တုိင္း ဝက္သားဒုတ္ထိုးဆိုင္ေတြပဲ သြားစားေလ့ရွိတာကို သူမရဲ႕ လူမွုကြန္ယက္ေပၚမွာ အျမဲေတြ႕ရေလ့ရွိပါတယ္။

ျမန္မာအမ်ိဳးသားေတြနဲ႔ပတ္သက္ျပီး သူမကေတာ့ “ျမန္မာအမ်ိဳးသားေတြ အမ်ားၾကီးကို ေတြ႕ဖူးတယ္။ ေခ်ာတဲ့သူေတြ သေဘာေကာင္းတဲ့သူေတြ အမ်ားအားျဖင့္ သူတို႔ေတြက အရမ္းသေဘာေကာင္းတယ္။ အရမ္းၾကင္နာတတ္တယ္။ အဲဒါေၾကာင့္ ေရြးခ်ယ္ဖို႔ခက္တယ္။ တစ္ေယာက္ကို ေရြးရမယ္ဆုိရင္ေတာ့ ၾကင္နာတတ္တဲ့ အမ်ိဳးသားကိုၾကိဳက္တယ္။ ကြ်န္မသေဘာက်တဲ့ပံုစံဆိုတာ မရွိပါဘူး။ ဘယ္လိုပံုစံမ်ိဳးျဖစ္ရမယ္ဆိုတာမ်ိဳး မရွိဘူး။ သူက ကြ်န္မပံုစံကို ခ်စ္ရမယ္”

ကာရာဗီက ခုခ်ိန္မွာသူက ရည္းစားမရွိတဲ့ Single ပါလို႔ဆိုလာပါတယ္။ အႏုပညာေလာကထဲမွာ ဆက္လက္ျပီး အလုပ္တြဲလုပ္သြားခ်င္တဲ့သူေတြရွိပါတယ္။ အဲ့ဒါကေတာ့ ကိုေနတိုးပါတဲ့။ ေနတိုးနဲ႔ တခါပဲေတြ႔ဖူးတဲ့ သူမက ေနတိုးနဲ႔ပတ္သက္ျပီး ခုလုိပဲပြင့္ပြင္႔လင္းလင္းေျပာလိုက္ပါတယ္။

“သူသရုပ္ေဆာင္တာေတြၾကည့္ဖူးတယ္။ သူကအရမ္းသရုပ္ေဆာင္ေကာင္းတယ္။ သူနဲ႔အတူ တြဲျပီးအလုပ္လုပ္ခ်င္ပါတယ္။ သူက ဒီမွာ နံပါတ္(၁) ေလ ။ သူနဲ႔သာ အလုပ္အတူ တြဲလုပ္ခြင့္ရမယ္ဆိုရင္ အရမ္းေကာင္းမွာပဲ။သူကၾကင္နာတတ္တယ္။ သူ႔ကိုၾကည့္ရတာ လူၾကီးလူေကာင္းဆန္တယ္။ သူကစကားသိပ္မေျပာဘူး။ ကြ်န္မနဲ႔မသိလို႔ ေျပာစရာစကားသိပ္မရွိလို႔လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ေနာ္။ သူက ေအးေဆးျပီးစြဲေဆာင္မွုရိွတယ္”

ေနတိုးနဲ႔ Date လုပ္မလားဆိုတဲ့ ေမးခြန္းအေပၚကို ကာရာဗီကေတာ့ ပြင့္ပြင့္လင္းလင္းၾကီးေျဖခဲ့တာပါ။

“ဒိတ္လုိ႔ရမလား။ သူနဲ႔ဒိတ္ခ်င္ပါတယ္” အိတ္ဘယ္ေရာက္သြားလဲဆိုျပီး အိတ္ကိုယူျပီး ေနတိုးနဲ႔ဒိတ္ဖုိ႔ သြားရေအာင္လို႔ ဆိုပါတယ္

“သူနဲ႔ဒိတ္ခ်င္ပါတယ္။ သူသေဘာက်ေအာင္ ကြ်န္မအစြမ္းကုန္ၾကိဳးစားမယ္ ဆုိျပီးေျပာလာပါတယ္”

Source : Cele Yatkwat

(Unicode Version)

နေတိုးနဲ့ ဒိတ်လုပ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ထိုင်းမင်းသမီးလေး ကာရာဗီ

ဥပါယ်တံမျဉ်ကားထဲက ထိုင်းမင်းသမီးလေး ကာရာဗီဟာ မြန်မာ့အနုပညာလောကမှာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိနေပါတယ်။ ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကြောင့် မြန်မာပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုလည်း ရထားသူလေးပါ။ မြန်မာနိုင်ငံက ဝက်သားဒုတ်ထိုးကိုအရမ်းကြိုက်တဲ့ ကာရာဗီတစ်ယောက်က မြန်မာပြည်ရောက်တိုင်း ဝက်သားဒုတ်ထိုးဆိုင်တွေပဲ သွားစားလေ့ရှိတာကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အမြဲတွေ့ရလေ့ရှိပါတယ်။

မြန်မာအမျိုးသားတွေနဲ့ပတ်သက်ပြီး သူမကတော့ “မြန်မာအမျိုးသားတွေ အများကြီးကို တွေ့ဖူးတယ်။ ချောတဲ့သူတွေ သဘောကောင်းတဲ့သူတွေ အများအားဖြင့် သူတို့တွေက အရမ်းသဘောကောင်းတယ်။ အရမ်းကြင်နာတတ်တယ်။ အဲဒါကြောင့် ရွေးချယ်ဖို့ခက်တယ်။ တစ်ယောက်ကို ရွေးရမယ်ဆိုရင်တော့ ကြင်နာတတ်တဲ့ အမျိုးသားကိုကြိုက်တယ်။ ကျွန်မသဘောကျတဲ့ပုံစံဆိုတာ မရှိပါဘူး။ ဘယ်လိုပုံစံမျိုးဖြစ်ရမယ်ဆိုတာမျိုး မရှိဘူး။ သူက ကျွန်မပုံစံကို ချစ်ရမယ်”

ကာရာဗီက ခုချိန်မှာသူက ရည်းစားမရှိတဲ့ Single ပါလို့ဆိုလာပါတယ်။ အနုပညာလောကထဲမှာ ဆက်လက်ပြီး အလုပ်တွဲလုပ်သွားချင်တဲ့သူတွေရှိပါတယ်။ အဲ့ဒါကတော့ ကိုနေတိုးပါတဲ့။ နေတိုးနဲ့ တခါပဲတွေ့ဖူးတဲ့ သူမက နေတိုးနဲ့ပတ်သက်ပြီး ခုလိုပဲပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။

“သူသရုပ်ဆောင်တာတွေကြည့်ဖူးတယ်။ သူကအရမ်းသရုပ်ဆောင်ကောင်းတယ်။ သူနဲ့အတူ တွဲပြီးအလုပ်လုပ်ချင်ပါတယ်။ သူက ဒီမှာ နံပါတ်(၁) လေ ။ သူနဲ့သာ အလုပ်အတူ တွဲလုပ်ခွင့်ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ။သူကကြင်နာတတ်တယ်။ သူ့ကိုကြည့်ရတာ လူကြီးလူကောင်းဆန်တယ်။ သူကစကားသိပ်မပြောဘူး။ ကျွန်မနဲ့မသိလို့ ပြောစရာစကားသိပ်မရှိလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ သူက အေးဆေးပြီးစွဲဆောင်မှုရှိတယ်”

နေတိုးနဲ့ Date လုပ်မလားဆိုတဲ့ မေးခွန်းအပေါ်ကို ကာရာဗီကတော့ ပွင့်ပွင့်လင်းလင်းကြီးဖြေခဲ့တာပါ။

“ဒိတ်လို့ရမလား။ သူနဲ့ဒိတ်ချင်ပါတယ်” အိတ်ဘယ်ရောက်သွားလဲဆိုပြီး အိတ်ကိုယူပြီး နေတိုးနဲ့ဒိတ်ဖို့ သွားရအောင်လို့ ဆိုပါတယ်

“သူနဲ့ဒိတ်ချင်ပါတယ်။ သူသဘောကျအောင် ကျွန်မအစွမ်းကုန်ကြိုးစားမယ် ဆိုပြီးပြောလာပါတယ်”

Source : Cele Yatkwat

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္