ေခါင္းတစ္ျခမ္း ကိုက္ရသည့္ အေၾကာင္းအရင္း

ေခါင္းတစ္ျခမ္းကိုက္ျခင္း (Migraine) ကို အေနာက္ႏိုင္ငံေတြမွာ ႐ံုးပိတ္ရက္ ေခါင္းကိုက္ျခင္း (Weekend Headche) လို႔ ေခၚတတ္ၾကပါတယ္။ ႐ံုးပိတ္ရက္ျဖစ္တဲ့ စေန၊ တနဂၤေႏြမွာ အျဖစ္မ်ားလို႔ပါ။

ဘာေၾကာင့္လဲဆိုေတာ့ ႐ံုးပိတ္ရက္ေတြမွာ ေတာ္႐ံုနဲ႔အိပ္ရာကမထဘဲ အီေလးဆြဲကာ လွဲေနတတ္ တာေၾကာင့္ပါ။ အိပ္ရာထခ်ိန္ ႐ုတ္တရက္ ေျပာင္းလဲသြားျခင္းက ဟန္ခ်က္ ညီေအာင္ ထိန္းေပး တဲ့ ေဟာ္မုန္းေတြ ကို ထုတ္ေပးတဲ့ ဦးေႏွာက္ရွိ hypothalamus အပိုင္းကုိ အႀကီးအက်ယ္ သြားေရာက္ ထိခိုက္ႏိုင္တာေၾကာင့္ ေခါင္းကိုက္ရျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ ပံုမွန္ရက္ေတြမွာ ေကာ္ဖီ၊ လက္ဖက္ရည္ ေသာက္ေနက်အခ်ိန္မွာ မေသာက္ဘဲ အိပ္ေနပါကလည္း ေကာဖီေသာက္ေနသူ ေကာ္ဖီျဖတ္ရာမွာ ျဖစ္ေပၚတတ္တဲ့ ေခါင္းကိုက္ မႈလည္း ျဖစ္လာႏို္င္ပါတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္ပံုမွန္ ျဖစ္သင့္ပါတယ္။

ပင္ပန္းၿပီး အိပ္ခ်င္ေနရင္ေတာင္ ထေနက် အခ်ိန္မွာ ထလာၿပီး ေန႔လယ္ေန႔ခင္းမွ တစ္ေရးတစ္ေမာ ျပန္ေမွး လိုက္ပါ။

Credit : ႏွင္းဆီဖူးေလးမ်ား

(Unicode Version)

ခေါင်းတစ်ခြမ်း ကိုက်ရသည့် အကြောင်းအရင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ကို အနောက်နိုင်ငံတွေမှာ ရုံးပိတ်ရက် ခေါင်းကိုက်ခြင်း (Weekend Headche) လို့ ခေါ်တတ်ကြပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အဖြစ်များလို့ပါ။

ဘာကြောင့်လဲဆိုတော့ ရုံးပိတ်ရက်တွေမှာ တော်ရုံနဲ့အိပ်ရာကမထဘဲ အီလေးဆွဲကာ လှဲနေတတ် တာကြောင့်ပါ။ အိပ်ရာထချိန် ရုတ်တရက် ပြောင်းလဲသွားခြင်းက ဟန်ချက် ညီအောင် ထိန်းပေး တဲ့ ဟော်မုန်းတွေ ကို ထုတ်ပေးတဲ့ ဦးနှောက်ရှိ hypothalamus အပိုင်းကို အကြီးအကျယ် သွားရောက် ထိခိုက်နိုင်တာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပုံမှန်ရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည် သောက်နေကျအချိန်မှာ မသောက်ဘဲ အိပ်နေပါကလည်း ကောဖီသောက်နေသူ ကော်ဖီဖြတ်ရာမှာ ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက် မှုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပုံမှန် ဖြစ်သင့်ပါတယ်။

ပင်ပန်းပြီး အိပ်ချင်နေရင်တောင် ထနေကျ အချိန်မှာ ထလာပြီး နေ့လယ်နေ့ခင်းမှ တစ်ရေးတစ်မော ပြန်မှေး လိုက်ပါ။

Credit : နှင်းဆီဖူးလေးများ