ကောင်းလိုက်တဲ့စကား ဒီည သင် ဒီဟာကိုဖတ်ပါ
ဦးဘုန်း – ဓာတု
(Unicode Version)
ကောင်းလိုက်တဲ့စကား
သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ (၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်က သင့်ဆီက ၁၀၀ တန် တစ်ရွက် ခိုးသွားတယ်။ ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့ အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက် သင့်ကျန်တဲ့ ပိုက်ဆံ (၈၆, ၃၀၀) လုံးကို ပုံပြီးသုံးမလား။ ဒါမှမဟုတ် မေ့မေ့ပျောက်ပျောက် နေမလား။
အဖြေ ကတော့ ရှင်းပါတယ်။ စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။ ၁၀၀ လောက်လျော့သွားတာ အတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေမလဲ။
ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွနု်ပ်တို့ရဲ့ တနေ့တာမှာ စက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။ အဲဒီထဲက တစ်စုံတစ်ယောက်ကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရတဲ့ အချိန် တစ်မိနစ်ကျော်ကျော် (စက္ကန့် ၁၀၀ လောက်) အတွက်နဲ့ ဘာကြောင့်များ စိတ်ဆိုးဒေါသတွေ ထွက်ပြီး ကျန်တဲ့ တနေ့တာရဲ့လက်ကျန် ၈၆, ၃၀၀ စက္ကန့် လုံးလုံးကို အဆင်မပြေဖြစ်အောင် လုပ်မလဲ။
ဘဝဟာ ကျယ်ပြန့်ပါတယ်။ အသေးအမွှား ကိစ္စလေးတွေကြောင့် အနှောင့်အယှက် အဖြစ်မခံပါနဲ့
Credit : Practical Dream
ဦးဘုန်း – ဓာတု