သဘာဝ ၾသဂဲနစ္​ ပိုးသတ္​​ေဆး ျပဳလုပ္​နည္​း

ျငဳတ္သီး

ျငဳတ္သီး ၁၅က်ပ္သားကို ေရတပိသာျဖင့္ ေရာ ၍ ႏွစ္နာရီၾကာျပဳတ္ပါ။ထို ့ေနာက္ ေရ ႏွစ္ပိသာျဖင့္ ထပ္ေရာျပီး ျငဳတ္သီးမ်ားကို ေခ်ပါ။ထို ့ေနာက္ ေရ ၄ ပိသာ နွင့္ အရက္ျဖဴ ပုလင္းဝက္ ထည့္ပါ တိုက္ရိုက္ဖ်န္းနိုင္ေသာ ျငဳတ္သီး ပိုးသတ္ေဆးရည္ပါ။

တမာရြက္စိမ္ရည္

တမာရြက္ (25)က်ပ္သားကို ႏုတ္ႏုတ္စင္းျပီး ေရတစ္ဂါလံတြင္ တစ္ညစိမ္ပါ။ ၄င္းစိမ္ေရကို ေရ(4)ဂါလံလွ်င္ ႏို႔ဆီခြက္ တစ္ခြက္ထည့္ျပီး ဖ်န္းေပးပါက ပိုးမႊားမ်ား တိုးပြားမႈကို ေလ်ာ့နည္း ေစပါသည္။

ၾသဇာရြက္စိမ္ရည္

ၾသဇာရြက္ (25)က်ပ္သားကို ႏုတ္ႏုတ္စင္းျပီး ေရတစ္ဂါလံတြင္ တစ္ညစိမ္ပါ။ ၄င္းစိမ္ရည္ကို ေရ(4)ဂါလံလွ်င္ ႏို႔ဆီခြက္တစ္ခြက္ ဆပ္ျပာမႈန္႔ ထမင္းစားဇြန္း တစ္ဇြန္းႏွင့္ ငရုတ္သီးမႈန္႔ ထမင္းစားဇြန္း တစ္ဇြန္းေရာထည့္ျပီး ဖ်န္းေပးပါက ပိုးမႊားမ်ား ေလ်ာ့နည္းေစပါမည္။

ပဲစိမ္းစားအရြက္

အပင္ႏွင့္အရြက္ (25)က်ပ္သားခန္႔ကို ေရတစ္ဂါလံျဖင့္ အရည္တစ္လီတာ ရသည့္အထိျပဳတ္ပါ။ ၄င္းျပဳတ္ေရကို ေရ(4)ဂါလံလွ်င္ ႏို႔ဆီခြက္ တစ္ခြက္ ထည့္ဖ်န္းေပးပါ။

ေဆးရြက္ႀကီး

ေဆးရြက္ႀကီးမႈန္႔ တစ္ပိသာကို ေရ(3)ဂါလံ တြင္တစ္ညစိမ္ပါ။ စိမ္ေရကို ေရ(4)ဂါလံလွ်င္ (1)လီတာထည့္ျပီး ဖ်န္းေပးပါ။

ေလာက္ေသပင္

အပင္ႏွင့္ ဥ (25)က်ပ္သား ႏုတ္ႏုတ္စင္းျပီး ေရတစ္ဂါလံတြင္ တစ္ညစိမ္ပါ။ စိမ္ေရကို ေရ(5)ဂါလံလွ်င္ တစ္လီတာထည့္ျပီး ဖ်န္းေပးပါ။

လက္ဖက္ေစ့

လက္ဖက္ေစ့အမႈန္႔ (25)က်ပ္သားကို ေရတစ္ဂါလံတြင္ တစ္ညစိမ္ပါ။ စိမ္ေရကို ေရ(4)ဂါလံလွ်င္ ႏို႔ဆီ(2)ခြက္ထည့္ျပီး ဖ်န္းေပးပါ။ (ခရုမ်ားအတြက္)

ေဆးလိပ္တို

ေဆးလိပ္တို အခု(30)ကို ေရတစ္လီတာျဖင့္ တသ္ညစိမ္ပါ။ စိမ္ေရကို ေရ(4)ဂါလံတြင္ ႏို႔ဆီခြက္ (2)ခြက္ထည့္ျပီး ဖ်န္းေပးပါ။

စပါးလင္ပင္ ၊ ထပ္တရာပန္းပင္

စပါးလင္ပင္ / ထပ္တရာပန္းပင္တို႔ကို ျခံအလယ္တြင္ စိုက္ပ်ိဳးေပးျခင္းအားျဖင့္ ပိုးမႊားမ်ား မလာေအာင္တားေပးပါသည္။ ေရေျမာင္းေဘာင္ေပၚတြင္ စိုက္ပ်ိဳးျခင္းအားျဖင့္ ေျမျပိဳမႈကို ထိန္းသိမ္း ေပးပါမည္။ စပါးလင္အပင္ (25)က်ပ္သားကို ေထာင္းျပီး ေရတစ္ဂါလံတြင္ တစ္ညစိမ္ပါ။ စိမ္ေရကို ေရ(4)ဂါလံလွ်င္ တစ္လီတာႏွင့္ ဆပ္ျပာမႈန္႔ ထမင္းစားဇြန္း ႏွစ္ဇြန္းထည့္ျပီး ဖ်န္းေပးပါ။ (စိမ္ဖတ္မ်ားကို ၾကြက္ / ေပြး တြင္းဝတြင္ ခ်ထားေပးျခင္းျဖင့္ သံုးလို႔ရပါမည္)

ေခါင္အဖတ္ / ကေစာ္ဖတ္

ကေစာ္ဖတ္ကို ေရသန္႔ဗူးခြံ႔ (သံုးပံုတစ္ပံု) ထည့္ျပီး ဗူးအေပၚပိုင္းတြင္ အေပါက္ေလးမ်ား ေဖာက္ကာ စိုက္ခင္း စင္မ်ားေပၚတြင္ ခ်ိတ္ဆဲြထားျခင္းျဖင့္ ပိုးမႊား ေထာင္ေခ်ာက္အျဖစ္ အသံုးျပဳႏိုင္ပါမည္။ (ေနရာစိတ္စိတ္ခ်ိတ္ထားပါက ပိုထိေရာက္)

ပုစြန္အခြံ

အေျခာက္လွမ္းထားေသာ ပုစြန္အခြံ (75) က်ပ္သားကို ဝါး / စပါးခြံေပါင္းခံရည္ တစ္ဂါလံျဖင့္ တစ္လစိမ္ထားပါ။ စိမ္ေရကို ေရ(4)ဂါလံလွ်င္ ႏို႔ဆီခြက္ တစ္ဝက္ေရာျပီး ဖ်န္းေပးပါ။

ၾကက္သြန္ျဖဴ / ငရုပ္သီးအမွည့္

ၾကက္သြန္ျဖဴ / ငရုတ္သီးမွည့္ 15 က်ပ္သားကို ေထာင္းျပီး ခ်က္အရက္ျပင္း တစ္လီတာႏွင့္ ေရာျပီး တစ္လစိမ္ထားပါ။ စိမ္ေရကို ေရအဆ (20-30)ေရာျပီး ဖ်န္းေပးပါ။

ထင္းျပာ

ထင္းျပာကို ေျခအိတ္ (သို႔) အဝတ္ပါးတြင္ ထည့္ျပီး လိပ္ခံုးပိုးက်ေနေသာ သီးႏွံပင္ (သို႔) အရြက္ေပၚသို႔ နံနက္ပိုင္းတြင္ ခါခ်ေပးျခင္းျဖင့္ လိပ္ခံုးပိုးမ်ားကို ကာကြယ္နိုင္ပါသည္။

Credit : Aung Myo Oo

(Unicode Version)

သဘာဝ သြဂဲနစ် ပိုးသတ်ဆေး ပြုလုပ်နည်း

ငြုတ်သီး

ငြုတ်သီး ၁၅ကျပ်သားကို ရေတပိသာဖြင့် ရော ၍ နှစ်နာရီကြာပြုတ်ပါ။ထို့နောက် ရေ နှစ်ပိသာဖြင့် ထပ်ရောပြီး ငြုတ်သီးများကို ချေပါ။ထို့နောက် ရေ ၄ ပိသာ နှင့် အရက်ဖြူ ပုလင်းဝက် ထည့်ပါ တိုက်ရိုက်ဖျန်းနိုင်သော ငြုတ်သီး ပိုးသတ်ဆေးရည်ပါ။

တမာရွက်စိမ်ရည်

တမာရွက် (25)ကျပ်သားကို နုတ်နုတ်စင်းပြီး ရေတစ်ဂါလံတွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ(4)ဂါလံလျှင် နို့ဆီခွက် တစ်ခွက်ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများ တိုးပွားမှုကို လျော့နည်း စေပါသည်။

သြဇာရွက်စိမ်ရည်

သြဇာရွက် (25)ကျပ်သားကို နုတ်နုတ်စင်းပြီး ရေတစ်ဂါလံတွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရည်ကို ရေ(4)ဂါလံလျှင် နို့ဆီခွက်တစ်ခွက် ဆပ်ပြာမှုန့် ထမင်းစားဇွန်း တစ်ဇွန်းနှင့် ငရုတ်သီးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းရောထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများ လျော့နည်းစေပါမည်။

ပဲစိမ်းစားအရွက်

အပင်နှင့်အရွက် (25)ကျပ်သားခန့်ကို ရေတစ်ဂါလံဖြင့် အရည်တစ်လီတာ ရသည့်အထိပြုတ်ပါ။ ၎င်းပြုတ်ရေကို ရေ(4)ဂါလံလျှင် နို့ဆီခွက် တစ်ခွက် ထည့်ဖျန်းပေးပါ။

ဆေးရွက်ကြီး

ဆေးရွက်ကြီးမှုန့် တစ်ပိသာကို ရေ(3)ဂါလံ တွင်တစ်ညစိမ်ပါ။ စိမ်ရေကို ရေ(4)ဂါလံလျှင် (1)လီတာထည့်ပြီး ဖျန်းပေးပါ။

လောက်သေပင်

အပင်နှင့် ဥ (25)ကျပ်သား နုတ်နုတ်စင်းပြီး ရေတစ်ဂါလံတွင် တစ်ညစိမ်ပါ။ စိမ်ရေကို ရေ(5)ဂါလံလျှင် တစ်လီတာထည့်ပြီး ဖျန်းပေးပါ။

လက်ဖက်စေ့

လက်ဖက်စေ့အမှုန့် (25)ကျပ်သားကို ရေတစ်ဂါလံတွင် တစ်ညစိမ်ပါ။ စိမ်ရေကို ရေ(4)ဂါလံလျှင် နို့ဆီ(2)ခွက်ထည့်ပြီး ဖျန်းပေးပါ။ (ခရုများအတွက်)

ဆေးလိပ်တို

ဆေးလိပ်တို အခု(30)ကို ရေတစ်လီတာဖြင့် တသ်ညစိမ်ပါ။ စိမ်ရေကို ရေ(4)ဂါလံတွင် နို့ဆီခွက် (2)ခွက်ထည့်ပြီး ဖျန်းပေးပါ။

စပါးလင်ပင် ၊ ထပ်တရာပန်းပင်

စပါးလင်ပင် / ထပ်တရာပန်းပင်တို့ကို ခြံအလယ်တွင် စိုက်ပျိုးပေးခြင်းအားဖြင့် ပိုးမွှားများ မလာအောင်တားပေးပါသည်။ ရေမြောင်းဘောင်ပေါ်တွင် စိုက်ပျိုးခြင်းအားဖြင့် မြေပြိုမှုကို ထိန်းသိမ်း ပေးပါမည်။ စပါးလင်အပင် (25)ကျပ်သားကို ထောင်းပြီး ရေတစ်ဂါလံတွင် တစ်ညစိမ်ပါ။ စိမ်ရေကို ရေ(4)ဂါလံလျှင် တစ်လီတာနှင့် ဆပ်ပြာမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး ဖျန်းပေးပါ။ (စိမ်ဖတ်များကို ကြွက် / ပွေး တွင်းဝတွင် ချထားပေးခြင်းဖြင့် သုံးလို့ရပါမည်)

ခေါင်အဖတ် / ကစော်ဖတ်

ကစော်ဖတ်ကို ရေသန့်ဗူးခွံ့ (သုံးပုံတစ်ပုံ) ထည့်ပြီး ဗူးအပေါ်ပိုင်းတွင် အပေါက်လေးများ ဖောက်ကာ စိုက်ခင်း စင်များပေါ်တွင် ချိတ်ဆွဲထားခြင်းဖြင့် ပိုးမွှား ထောင်ချောက်အဖြစ် အသုံးပြုနိုင်ပါမည်။ (နေရာစိတ်စိတ်ချိတ်ထားပါက ပိုထိရောက်)

ပုစွန်အခွံ

အခြောက်လှမ်းထားသော ပုစွန်အခွံ (75) ကျပ်သားကို ဝါး / စပါးခွံပေါင်းခံရည် တစ်ဂါလံဖြင့် တစ်လစိမ်ထားပါ။ စိမ်ရေကို ရေ(4)ဂါလံလျှင် နို့ဆီခွက် တစ်ဝက်ရောပြီး ဖျန်းပေးပါ။

ကြက်သွန်ဖြူ / ငရုပ်သီးအမှည့်

ကြက်သွန်ဖြူ / ငရုတ်သီးမှည့် 15 ကျပ်သားကို ထောင်းပြီး ချက်အရက်ပြင်း တစ်လီတာနှင့် ရောပြီး တစ်လစိမ်ထားပါ။ စိမ်ရေကို ရေအဆ (20-30)ရောပြီး ဖျန်းပေးပါ။

ထင်းပြာ

ထင်းပြာကို ခြေအိတ် (သို့) အဝတ်ပါးတွင် ထည့်ပြီး လိပ်ခုံးပိုးကျနေသော သီးနှံပင် (သို့) အရွက်ပေါ်သို့ နံနက်ပိုင်းတွင် ခါချပေးခြင်းဖြင့် လိပ်ခုံးပိုးများကို ကာကွယ်နိုင်ပါသည်။

Credit : Aung Myo Oo