ကင္ဆာ ျဖစ္ပြားႏိုင္ေခ် အမ်ားဆံုး အစားအစာ အေၾကာင္း

လူေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ ကေလးေတြက ၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းေတြကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒီၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းေတြက ခႏၶာကိုယ္အတြက္ မေကာင္းတဲ့ အစားအစာေတြပါ။

ဒါေပမယ့္ မ်ိဳးရိုးစဥ္ဆက္အလိုက္ မွားယြင္းစြာစားသံုးေနၾကပါေသးတယ္။ မနက္ဆိုရင္ ေပါင္မုန္႔နဲ႔ ၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းေတြကို မနက္စာ အျဖစ္စားသံုးေနၾကတုန္းပါဘဲ။ တစ္ညလံုး အစာမရွိတဲ့ အစာအိမ္အတြက္ ပထမဆံုးရရွိလာတဲ့ အစားအစာက အူေခ်ာင္းေတြဆိုေတာ့ က်န္းမာေရးအတြက္ အရမ္းထိခိုက္ပါတယ္။

ကင္ဆာ ေရာဂါဆိုင္ရာ သုေတသနအဖြဲ႔က တစ္ေန႔ကို ၾကက္အူေခ်ာင္း သို႔မဟုတ္ ၀က္အူေခ်ာင္း တစ္ေခ်ာင္းစားရင္ ကင္ဆာျဖစ္ပြားႏိုင္ေခ် ၂၁ ရာခိုင္ႏႈန္း အထိ ျမင့္တက္ႏိုင္တယ္လုိ႔ ဆိုပါတယ္။ တစ္ေန႔ကို တစ္ေခ်ာင္းထက္ပိုစားရင္ ေသြးကင္ဆာ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

အူေခ်ာင္းေတြထဲမွာ Nitrates နဲ႔ Nitrites ဓာတ္ေတြပါ၀င္ၿပီး Amines ဓာတ္နဲ႔ ေရာၿပီး ဓာတ္ျပဳကာ Nitrosamines ဓာတ္ေတြ ထြက္လာပါတယ္။ အဲ့ဒီ ဓာတ္ေတြက ကင္ဆာ ျဖစ္ပြားဖို႔ လုပ္ေဆာင္ေပးႏိုင္တဲ့ ဓာတ္ေတြျဖစ္ၿပီး ရွင္သန္ေနတဲ့ တစ္ရွဴးေတြမွာ အႀကိတ္ေလးေတြ ျဖစ္ေပၚေစဖို႔ အားေပးပါတယ္။

ၾကာရွည္ခံေအာင္ ထည့္သြင္းထားတဲ့ ဓာတုပစၥည္းေတြ နဲ႔ တျခား ဓာတ္ေတြကလည္း အႀကိတ္ေတြကို ပြားလာေအာင္ ကူညီေပးပါတယ္။ တခါတေလ ၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းလို႔ ဘဲ နာမည္တပ္ထားေပမယ့္ တျခား သတၱ၀ါေတြရဲ႕ အသားေတြ၊ တိရစာၦန္ေတြရဲ႕ ေျခေထာက္ေတြကို ႀကိတ္ၿပီး ျပဳလုပ္ထားတာမ်ိဳးလည္းရွိပါတယ္။

ကင္ဆာ သုေတသနဌာနရဲ႕ ေကာက္ယူစမ္းသပ္ထားတဲ့ ၀က္အူေခ်ာင္းတစ္ခုမွာ ၾကြက္ေျခေထာက္ေတြ၊ တျခား တိရစာၦန္ေတြရဲ႕ အသားေတြပါ ေရာႀကိတ္ၿပီး ျပဳလုပ္ထားတာေတြ ေတြ႔ရပါတယ္။ ဒါေၾကာင့္ ၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းတို႔ကို မစားခင္ ျပန္စဥ္းစားၾကည့္ပါ။ က်န္းမာတဲ့ ဘ၀ကိုပိုင္ဆိုင္ဖို႔အတြက္ စဥ္းစားဆင္ျခင္စြာျဖင့္ ၾကက္အူေခ်ာင္း၊ ၀က္အူေခ်ာင္းတုိ႔ကို စားသံုးၾကပါ။

Source : My Food Myanmar

(Unicode Version)

ကင်ဆာ ဖြစ်ပွားနိုင်ချေ အများဆုံး အစားအစာ အကြောင်း

လူတော်တော်များများ အထူးသဖြင့် ကလေးတွေက ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီကြက်အူချောင်း၊ ဝက်အူချောင်းတွေက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အစားအစာတွေပါ။

ဒါပေမယ့် မျိုးရိုးစဉ်ဆက်အလိုက် မှားယွင်းစွာစားသုံးနေကြပါသေးတယ်။ မနက်ဆိုရင် ပေါင်မုန့်နဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို မနက်စာ အဖြစ်စားသုံးနေကြတုန်းပါဘဲ။ တစ်ညလုံး အစာမရှိတဲ့ အစာအိမ်အတွက် ပထမဆုံးရရှိလာတဲ့ အစားအစာက အူချောင်းတွေဆိုတော့ ကျန်းမာရေးအတွက် အရမ်းထိခိုက်ပါတယ်။

ကင်ဆာ ရောဂါဆိုင်ရာ သုတေသနအဖွဲ့က တစ်နေ့ကို ကြက်အူချောင်း သို့မဟုတ် ဝက်အူချောင်း တစ်ချောင်းစားရင် ကင်ဆာဖြစ်ပွားနိုင်ချေ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့ကို တစ်ချောင်းထက်ပိုစားရင် သွေးကင်ဆာ ဖြစ်နိုင်ချေပိုများပါတယ်။

အူချောင်းတွေထဲမှာ Nitrates နဲ့ Nitrites ဓာတ်တွေပါဝင်ပြီး Amines ဓာတ်နဲ့ ရောပြီး ဓာတ်ပြုကာ Nitrosamines ဓာတ်တွေ ထွက်လာပါတယ်။ အဲ့ဒီ ဓာတ်တွေက ကင်ဆာ ဖြစ်ပွားဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဓာတ်တွေဖြစ်ပြီး ရှင်သန်နေတဲ့ တစ်ရှူးတွေမှာ အကြိတ်လေးတွေ ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ နဲ့ တခြား ဓာတ်တွေကလည်း အကြိတ်တွေကို ပွားလာအောင် ကူညီပေးပါတယ်။ တခါတလေ ကြက်အူချောင်း၊ ဝက်အူချောင်းလို့ ဘဲ နာမည်တပ်ထားပေမယ့် တခြား သတ္တဝါတွေရဲ့ အသားတွေ၊ တိရစ္ဆာန်တွေရဲ့ ခြေထောက်တွေကို ကြိတ်ပြီး ပြုလုပ်ထားတာမျိုးလည်းရှိပါတယ်။

ကင်ဆာ သုတေသနဌာနရဲ့ ကောက်ယူစမ်းသပ်ထားတဲ့ ဝက်အူချောင်းတစ်ခုမှာ ကြွက်ခြေထောက်တွေ၊ တခြား တိရစ္ဆာန်တွေရဲ့ အသားတွေပါ ရောကြိတ်ပြီး ပြုလုပ်ထားတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ကြက်အူချောင်း၊ ဝက်အူချောင်းတို့ကို မစားခင် ပြန်စဉ်းစားကြည့်ပါ။ ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် စဉ်းစားဆင်ခြင်စွာဖြင့် ကြက်အူချောင်း၊ ဝက်အူချောင်းတို့ကို စားသုံးကြပါ။

Source : My Food Myanmar

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္