မ႐ိုးႏိုင္တဲ့ လိမ္နည္း ေနာက္တစ္နည္း

ေပါက္ျမိဳနယ္ သကၠယ္က်င္း၊ အိုင္မေက်းရြာမွ ေဒၚဂုတ္တိုထံသို႔ ကံထူးရွင္ ေရြးပြဲမွာ ကံထူးလို႔ လာသတင္းေပး အေၾကာင္းၾကားတာပါ။ 1-8-2018 ေန႔ထီဖြင္႔ပြဲမွာ ေပါက္မယ္ဆိုျပီး ရန္ကုန္ထီဆိုင္ႀကီးမွ ကားနဲ႔လာအေၾကာင္းၾကားတာဆိုျပီး ေငြသုံးသိန္းေတာင္းယူ ဆုမဲပုံးႀကီးနဲ႔ ဓါတ္ပုံရိုက္ ထားခဲ႔ျပီး 1-8-2018 ေန႔မွာ ေဖာက္ၾကည္႔ပါဆိုျပီး ျပန္သြားတယ္။ အဲဒီေန႔ မတိုင္ခင္ မေဖာက္ပါနဲ႔လို႔ မွာခဲ႔တယ္။

ေနာက္ရက္မွာ ထပ္ဖုန္းဆက္ျပီး စရိတ္လိုလို႔ ေငြနွစ္သိန္း ထပ္ပို႔ေပးပါ။ WaveMoney နဲ႔ ေငြလြဲပါဆိုျပီး ေျပာလို႔ ကြ်န္ေတာ္ WaveMoney ေငြလြဲဆိုင္ေရာက္လာျပီး သူအေၾကာင္းေျပာျပျပီး ေငြလြဲေပးဖို႔ ေျပာတဲ႔အခါ ကြ်န္ေတာ္က မဟုတ္နိုင္ေၾကာင္း လူလိမ္ေတြေနမွာ မလြဲဖို႔ေျပာတယ္။

ရိုးသားတဲ႔ ေက်းရြာသူေတြ ျဖစ္ေနေတာ႔ ကြ်န္ေတာ္ေျပာတာကိုမယုံ လြဲမယ္ေျပာေနေတာ႔ ရဲစခန္းအေၾကာင္းၾကား ရဲေဘာ္ေလးက သူရဲ႕တူ အေယာင္ေဆာင္ျပီး လူလိမ္ေတြကို ဖုန္းေျပာ ေမးျပရတယ္။

ဟိုကေကာင္ေတြက တျခားဖုန္းဆို မကိုင္ဘူး။ အေဒၚႀကီး ဖုန္းနဲ႔ေခၚမွရတယ္၊ ဒါေတာင္ အေဒၚႀကီးက ေငြမလြဲလို႔ ေပါက္သြားရင္ ဘယ္လိုလုပ္မလဲတဲ႔ဗ်ာ။ ကြ်န္ေတာ္တို႔ ေပါက္နယ္သူနယ္သားေတြနဲ႔ အားလုံး သတိထားနိုင္ေအာင္ တင္ျပလိုက္ရပါတယ္။

Credit : Nge Maung

(Unicode Version)

မရိုးနိုင်တဲ့ လိမ်နည်း နောက်တစ်နည်း

ပေါက်မြိုနယ် သက္ကယ်ကျင်း၊ အိုင်မကျေးရွာမှ ဒေါ်ဂုတ်တိုထံသို့ ကံထူးရှင် ရွေးပွဲမှာ ကံထူးလို့ လာသတင်းပေး အကြောင်းကြားတာပါ။ 1-8-2018 နေ့ထီဖွင့်ပွဲမှာ ပေါက်မယ်ဆိုပြီး ရန်ကုန်ထီဆိုင်ကြီးမှ ကားနဲ့လာအကြောင်းကြားတာဆိုပြီး ငွေသုံးသိန်းတောင်းယူ ဆုမဲပုံးကြီးနဲ့ ဓါတ်ပုံရိုက် ထားခဲ့ပြီး 1-8-2018 နေ့မှာ ဖောက်ကြည့်ပါဆိုပြီး ပြန်သွားတယ်။ အဲဒီနေ့ မတိုင်ခင် မဖောက်ပါနဲ့လို့ မှာခဲ့တယ်။

နောက်ရက်မှာ ထပ်ဖုန်းဆက်ပြီး စရိတ်လိုလို့ ငွေနှစ်သိန်း ထပ်ပို့ပေးပါ။ WaveMoney နဲ့ ငွေလွဲပါဆိုပြီး ပြောလို့ ကျွန်တော် WaveMoney ငွေလွဲဆိုင်ရောက်လာပြီး သူအကြောင်းပြောပြပြီး ငွေလွဲပေးဖို့ ပြောတဲ့အခါ ကျွန်တော်က မဟုတ်နိုင်ကြောင်း လူလိမ်တွေနေမှာ မလွဲဖို့ပြောတယ်။

ရိုးသားတဲ့ ကျေးရွာသူတွေ ဖြစ်နေတော့ ကျွန်တော်ပြောတာကိုမယုံ လွဲမယ်ပြောနေတော့ ရဲစခန်းအကြောင်းကြား ရဲဘော်လေးက သူရဲ့တူ အယောင်ဆောင်ပြီး လူလိမ်တွေကို ဖုန်းပြော မေးပြရတယ်။

ဟိုကကောင်တွေက တခြားဖုန်းဆို မကိုင်ဘူး။ အဒေါ်ကြီး ဖုန်းနဲ့ခေါ်မှရတယ်၊ ဒါတောင် အဒေါ်ကြီးက ငွေမလွဲလို့ ပေါက်သွားရင် ဘယ်လိုလုပ်မလဲတဲ့ဗျာ။ ကျွန်တော်တို့ ပေါက်နယ်သူနယ်သားတွေနဲ့ အားလုံး သတိထားနိုင်အောင် တင်ပြလိုက်ရပါတယ်။

Credit : Nge Maung

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္