ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းနဲ့ ဇော်ကြီးရဲ့ အိမ်အပြန်လမ်း ကြားက ကွာခြားချက်






Source : Lucky Myanmar

(Unicode Version)

ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်လမ်းနဲ့ ဇော်ကြီးရဲ့ အိမ်ပြန်လမ်း ကြားက ကွာခြားချက်

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှ ဇော်ကြီးရဲ့ အိမ်အပြန်လမ်းမှာ မအူပင် ပရိတ်သတ် အများအပြား ကြိုဆိုခဲ့ကြတာကို တွေ့ရပါတယ်။ ဇော်ကြီးက Top3 ကနေ ထွက်ခဲ့ရပေမယ့် ပရိတ်သတ် မေတ္တာကို ရရှိခဲ့ပြီး ဒီနေ့ သြဂုတ်လ ၅ ရက်မှာတော့ ဇာတိမြေ မအူပင်ကို ပြန်တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အိမ်အပြန်လမ်းမှာတော့ သူ့ဖန်တွေက ကားအစီးအရေ များစွာနဲ့ လာရောက်ကြိုဆိုကြသလို လမ်းပေါ်မှာလည်း ပရိတ်သတ်တွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Grand Final တက်ရောက်သွားသူ ဖြိုးမြတ်အောင်ရဲ့ ခေတ္တအိမ်အပြန်လမ်းမှာ ဧရာဝတီတိုင်း ပရိတ်သတ် အများအပြား ကြိုဆိုခဲ့ကြပါတယ်။

သြဂုတ်လ ၅ရက် မနက်မှာ ဖြိုးမြတ်အောင် အိမ်ပြန်ခဲ့တာဖြစ်ပါတယ်။ အားပေးသူ ပရိတ်သတ်အများအပြားက လမ်းတွေအပြည့် ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ သူဟာ လာမယ့် ၁၁ ရက်နေ့မှာတော့ Final ကို ချမ်းမြေ့မောင်ချိုနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်အများအပြားရှိပေမယ့် Winner ဆု ရနိုင်မလားဆိုတာကတော့ သေချာပြောလို့ မရနိုင်သေးပါဘူး။

ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်လမ်း နဲ့ ဇော်ကြီးရဲ့ အိမ်ပြန်လမ်း ဘာကွာလဲလို့ ဆိုရင် ဘာမှ မကွာဘူးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆို နှစ်ယောက်စလုံးဟာ ပရိသတ်တွေရဲ့ အချစ်ကို ကိုယ်စီ ကိုယ်စီ ရရှိထားပြီး အရည်အချင်းရှိတဲ့ သူနှစ်ယောက် ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

Winner ဖြစ်သည်ဖြစ်စေ မဖြစ်သည် ဖြစ်စေ နှစ်ယောက်စလုံးရဲ့ အနုပညာလမ်းကြောင်းကတော့ တောက်ပနေမှာ ဖြစ်ပါတယ်။

Source : Lucky Myanmar

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်