ျမန္မာအိုင္ေဒါ သက္တမ္းတစ္ေလွ်ာက္ အိမ္ျပန္ပရိတ္သတ္ အမ်ားဆံုး စံခ်ိန္ခ်ိဳးခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

ျမန္မာအို္င္ေဒါ ရာသီမွာ ဒီႏွစ္အတြက္ ဇာတ္ရွိန္အျမင့္ဆံုး အခ်ိန္ကို ေရာက္ရွိလာၿပီး ျဖိဳးျမတ္ေအာင္ရဲ့ အိမ္အျပန္ခရီးဟာ ျမန္မာအိုင္ေဒါ သက္တမ္းတစ္ေလွ်ာက္ အားေပးမႈ အမ်ားဆံုး စံခ်ိန္ခ်ိဳးခဲ့တာကို ေတြ႔ရွိရပါတယ္။

ျမန္မာအိုင္ေဒါ ၃ ႏွစ္အတြင္း အိမ္ျပန္ခရီးစဥ္မ်ားမွာ Season 1 က ေဇာ္မင္းဦး၊ Season 2 က သားငယ္၊ ရဲေနာင္၊ ပိုးမီ၊ ဘီလီလမင္းေအးတို႔ ခရီးစဥ္ေတြ အပါအဝင္ ယခု Season 3 က ေငြဇင္လိႈင္း၊ ေဇာ္ႀကီးတို႔ကို ပရိတ္သတ္ ရာ၊ေထာင္ခ်ီ ႀကိဳဆိုခဲ့ၾကပါတယ္။

ဒီႏွစ္အတြက္ေတာ့ ေငြဇင္လိႈင္းဟာ ဇာတိတမူးပရိတ္သတ္ ေထာင္ႏွင့္ခ်ီ ႀကိဳဆိုခံခဲ့ရၿပီး ညေဖ်ာ္ေျဖေရးမွာေတာ့ စက္ေရာင္ဘီလူး ခန္းမႀကီးျပည့္ေအာင္ အားေပးခဲ့ၾကတာေၾကာင့္ ဖိုးခ်စ္ တမူးကို လာတုန္းကထက္ မ်ားျပားခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဒီေန႔ ၾသဂုတ္လ ၅ ရက္ Grand Final တက္ေရာက္ခဲ့သူ ျဖိဳးျမတ္ေအာင္ရဲ့ အိမ္ျပပရိတ္သတ္ကေတာ့ အဲဒီထက္ ပိုမိုမ်ားျပားခဲ့ျပန္ပါတယ္။ ဧရာဝတီတိုင္း လမ္းတစ္ေလွ်ာက္ မိုးထဲေရထဲမွာကို အားေပးသူ ေထာင္ေပါင္းမ်ားစြာ ရွိခဲ့တာကို လူမႈကြန္ယက္ ဓာတ္ပံု၊ဗီြဒီယိုေတြမွာ ျမင္ေတြ႔ရပါတယ္။

ဒါဟာဆိုရင္ ျမန္မာအိုင္ေဒါ ၃ ႏွစ္တာ ကာလအတြင္း ျမန္မာအိုင္ေဒါ မွတ္တမ္းေတြထဲမွာ အိမ္ျပန္ပရိတ္သတ္ အမ်ားဆံုး စံခ်ိန္ခ်ိဳးလိုက္တာပဲ ျဖစ္ပါတယ္။

Source : လွေတာသား

(Unicode Version)

မြန်မာအိုင်ဒေါ သက်တမ်းတစ်လျှောက် အိမ်ပြန်ပရိတ်သတ် အများဆုံး စံချိန်ချိုးခဲ့တဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါ ရာသီမှာ ဒီနှစ်အတွက် ဇာတ်ရှိန်အမြင့်ဆုံး အချိန်ကို ရောက်ရှိလာပြီး ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်ခရီးဟာ မြန်မာအိုင်ဒေါ သက်တမ်းတစ်လျှောက် အားပေးမှု အများဆုံး စံချိန်ချိုးခဲ့တာကို တွေ့ရှိရပါတယ်။

မြန်မာအိုင်ဒေါ ၃ နှစ်အတွင်း အိမ်ပြန်ခရီးစဉ်များမှာ Season 1 က ဇော်မင်းဦး၊ Season 2 က သားငယ်၊ ရဲနောင်၊ ပိုးမီ၊ ဘီလီလမင်းအေးတို့ ခရီးစဉ်တွေ အပါအဝင် ယခု Season 3 က ငွေဇင်လှိုင်း၊ ဇော်ကြီးတို့ကို ပရိတ်သတ် ရာ၊ထောင်ချီ ကြိုဆိုခဲ့ကြပါတယ်။

ဒီနှစ်အတွက်တော့ ငွေဇင်လှိုင်းဟာ ဇာတိတမူးပရိတ်သတ် ထောင်နှင့်ချီ ကြိုဆိုခံခဲ့ရပြီး ညဖျော်ဖြေရေးမှာတော့ စက်ရောင်ဘီလူး ခန်းမကြီးပြည့်အောင် အားပေးခဲ့ကြတာကြောင့် ဖိုးချစ် တမူးကို လာတုန်းကထက် များပြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ သြဂုတ်လ ၅ ရက် Grand Final တက်ရောက်ခဲ့သူ ဖြိုးမြတ်အောင်ရဲ့ အိမ်ပြပရိတ်သတ်ကတော့ အဲဒီထက် ပိုမိုများပြားခဲ့ပြန်ပါတယ်။ ဧရာဝတီတိုင်း လမ်းတစ်လျှောက် မိုးထဲရေထဲမှာကို အားပေးသူ ထောင်ပေါင်းများစွာ ရှိခဲ့တာကို လူမှုကွန်ယက် ဓာတ်ပုံ၊ဗွီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

ဒါဟာဆိုရင် မြန်မာအိုင်ဒေါ ၃ နှစ်တာ ကာလအတွင်း မြန်မာအိုင်ဒေါ မှတ်တမ်းတွေထဲမှာ အိမ်ပြန်ပရိတ်သတ် အများဆုံး စံချိန်ချိုးလိုက်တာပဲ ဖြစ်ပါတယ်။

Source : လှတောသား