ဒူဘိုင္းက လူခ်မ္းသာ သားသမီးေတြ ဘယ္လိုေနထိုင္ၾကသလဲ

ဒူဘိုင္းက လူခ်မ္းသာေတြရဲ႕ ကေလးေတြဟာ ဘ၀လိုအပ္ခ်က္ေတြကို ျဖည့္ၿပီးရင္းျဖည့္ရင္း ေနေနၾကတာပါပဲ။ သူတို႕ကိုၾကည့္လိုက္ရင္ ေက်ာင္းသြားတဲ့အခ်ိန္ဆိုတာထက္ ေစ်း၀ယ္ထြက္တဲ့ အခ်ိန္ေတြက ပိုမ်ားပါတယ္။ ဒူဘိုင္းမွာက တျခားႏိုင္ငံေတြလို ၀င္ေငြခြန္ေတြ ေပးေဆာင္ရတာမ်ိဳးမရွိဘူးလို႕ သိရပါတယ္။ ဒါေၾကာင့္ ရသမွ်အကုန္သံုးျဖဳန္းေနႏိုင္ၾကတာပါ။ လူခ်မ္းသာေတြရဲ႕ ကေလးေတြ ဘယ္လိုေနၾကလဲ ၾကည့္ရေအာင္။

၁။ ဒူဘိုင္းက ကေလးအေတာ္မ်ားမ်ားဟာ ေစ်း၀ယ္ထြက္ရတာ သေဘာက်ၾကပါတယ္။ အဆင့္ျမင့္ ေလယာဥ္ေတြနဲ႕ ခရီးထြက္ၾကတယ္။ သူတို႕မွာလက္ေထာက္ေတြရွိေပမယ့္ ေစ်း၀ယ္ထြက္တဲ့ အလုပ္ပဲ သူတို႕လုပ္ၾကရတာျဖစ္ပါတယ္။

၂။ လူခ်မ္းသာေတြရဲ႕ သားသမီးေတြအတြက္ေတာ့ ကားဆိုတာကို သယ္ယူပို႕ေဆာင္ေရးဆိုတာထက္ အလွဆင္ပစၥည္းတစ္ခုအေနနဲ႕လည္း အသံုးျပဳတက္ၾကပါတယ္။သူတို႕ေလးေတြဟာ ဘယ္ေတာ့မွ လမ္းမေလွ်ာက္ၾကပါဘူး။ ကားကို အလြန္သေဘာက်ၾကၿပီး ဓါတ္ပံုရိုက္ရင္ေတာင္ ကားနဲ႕အတူ ရိုက္တက္ၾကပါတယ္။

၃။ Rashed Belhasa ဆိုတာက ဒူဘိုင္းရဲ႕ တစ္ဦးတည္းေသာ အခ်မ္းသာဆံုးကေလးတစ္ေယာက္။ သူဟာ ရီဟားနားနစ္ကီမင္နက္၊ မရိုင္ယာကာေရး၊ စတိဗ္ဟာေဗး ကဲ့သို႕ေသာ နာမည္ေက်ာ္ အႏုပညာရွင္ေတြနဲ႕ ေတြ႕ဆံုးဖူးသူျဖစ္ပါတယ္။ သူလိုခ်င္တာမွန္သမွ်ရႏိုင္တဲ့ ဆုေတာင္းေကာင္းခဲ့သူေလးပါ။ သူ႕အေဖက ခ်မ္းသာလို႕ခ်မ္းသာလာတာမဟုတ္ဘဲ သူကိုယ္လည္း ေအာင္ျမင္တဲ့ You Tube ခ်န္နယ္တစ္ခုထူေထာင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

၄။ ဒူဘိုင္းက ကေလးေတြရဲ႕ ထူျခားခ်က္ကေတာ့ သူတို႕ရဲ႕ အိမ္ေမြးတိရိစာၦန္အျဖစ္ ေၾကာင္ေတြ ေခြးေတြ ေမြးတာမ်ိဳးမဟုတ္ဘဲ က်ားသစ္ေတြနဲ႕က်ားေတြ ကို ေမြးတက္ပါတယ္။ႀကီးလာရင္ အႏၱရာယ္ျဖစ္မွာ စိုးရိမ္ရေပမယ့္ က်ားသစ္ေပါက္ေလးေတြ၊ က်ားေပါက္ေလးေတြကို ေမြးတတ္ၾကပါတယ္။

၅။ ေပ်ာ္ရႊင္မႈကို ေငြနဲ႕၀ယ္လို႕မရဘူးလို႕ ဘယ္သူေျပာလဲ ။ဒူဘိုင္းက အစၥမီလာမူစတာဖာ ကေတာ့ေငြထုတ္ႀကီးေတြကို ေရတြက္ေနတဲ့ပံု၊နာမည္ေက်ာ္ Gucci ေစ်း၀ယ္အိတ္ပံုေတြ၊အဆင့္ျမင့္ကား ေပၚဇိမ္ယူေနပံုေတြ ဟိုတယ္ ခန္းမွာေပ်ာ္ျမဴးေနပံုေတြကို လူမႈမီဒီယာမွာ တင္ေလ့ရွိပါတယ္။ ေနာက္ၿပီးလူခ်မ္းသာ ကေလးေတြဟာ အေမရိကန္ေဒၚလာေတြကိုေတာင္ နင္းေျခထားႏိုင္သူေတြျဖစ္ပါတယ္။

၆။ သူတို႕မွာ ေငြကိုေခၽြတာရေကာင္းမွန္း မသိပါဘူး။ ေကာင္းေကာင္းစား၊အဆင့္ျမင့္ျမင့္ေနတက္ၾကပါတယ္။Mc Donald ဆိုင္ကားပါကင္မွာဆိုရင္ အဆင့္ျမင့္ကားေတြခ်ည္း ပါကင္ထိုးထားတာေတြ႕ရပါတယ္။

၇။ ပြဲလမ္းသဘင္ေတြကို ကေလးေတြနဲ႔အတူ လူရူပ္ခံၿပီး သြားစရာမလိုေတာ့ပါဘူး။ သူတို႕ရဲ႕ ဟိုတယ္ခန္းထဲမွာပဲ ေရေအာက္ျပတိုက္ဖန္တီးေပးထားတဲ့အတြက္ ကေလးေတြဘယ္မွသြားစရာမလိုေတာ့ပါဘူး။အ၀တ္စားလဲမကုန္ေတာ့ဘူး။ လူခ်မ္းသာကေလးေတြရဲ႕ အိပ္ခန္းတိုင္းမွာဆိုရင္ သူတို႕သေဘာက်တဲ့ငါးေတြကို ၾကည့္ႏိုင္မယ့္ ေရးေအာက္ကမၻာႀကီး ဖန္တီးထားၾကပါတယ္။

၈။ ဒူဘိုင္းက လူခ်မ္းသာေတြ အလွအပအတြက္ လုပ္တတ္ၾကတာက ခြဲစိတ္ကုသတာေတြ မဟုတ္ပါဘူး။ သူတို႕ရဲ႕ သြားေတြမွာ ေရြထည့္တာျဖစ္ပါတယ္။သူတို႕ရဲ႕ အလွအပေရးရာပစၥည္းတစ္ခုအေနနဲ႕ ေရႊကိုအသံုးျပဳၾကတာျဖစ္ပါတယ္။

၉။ လူခ်မ္းသာကေလးေတြရဲ႕ ဘ၀ေနထိုင္မႈ ပံုစံေတြမွာဆိုရင္ ေရႊကအေရးအပါဆံုးပါပဲ။ ေရႊဖိနပ္၊ေရႊနာရီနဲ႕ေရႊအိုင္ဖုန္းတို႕ျဖစ္ပါတယ္။တစ္ခါတစ္ေလ ေရႊကိုေတာင္ မျမင္ရေအာင္ စိတ္ေတြနဲ႕ အလွဆင္တက္ၾကပါေသးတယ္။

၁၀။ ဒူဘိုင္းဟာ ပူအိုက္လြန္းတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ လူခ်မ္းသာေတြရဲ႕ ဇိမ္ခံပစၥည္းေတြထဲမွာ ေရကူးကန္၊ရြက္ေလွနဲ႕ကမ္းေျခပါတီ ေတြက မပါမျဖစ္ပါပဘဲ။နွင္းက်တဲ့ အရသာခံစားခ်င္ရင္ေတာ့(၂၂၅၀၀) စတုရန္းမီတာ အက်ယ္ရွိတဲ့ ဒူဘိုင္းရဲ႕ႏွင္းအပန္းေျဖစခန္းကို သြားတက္ၾကပါတယ္။ ပိုထူးျခားတာက တစ္ခ်ိဳ႕ေသာ ဟိုတယ္ေတြမွာ တစ္ၿမိဳ႕လံုးရဲ႕အလွပကို အေပၚစီးကၾကည့္ရင္း ေရလႊာေလွ်ာစီးႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။

၁၁။ ကေလးေတြဟာ အဆင့္အျမင့္ဆံုးဆိုတဲ့ ပစၥည္းေတြကိုပဲ ေရြးခ်ယ္သံုးတက္ၾကပါတယ္။အေကာင္းစားအ၀တ္ အေကာင္းစားအသံုးေဆာင္ေတြ သံုးတတ္ၾကပါတယ္။

၁၂။ ပန္းႏုေရာင္ ဇိမ္ခံမွန္လံုကားမ်ိဳး ဒူဘိုင္းမွာေတြ႕ရမွာပါ။ဒူဘိုင္ရဲ႕ လူခ်မ္းသာ ကေလးေတြလက္ထဲမွာေတာ့အေရာင္ေသြးစံုလွတဲ့ အဆင့္ျမင့္ကားေတြ ရွိပါတယ္။

၁၃။ဒူဘိုင္းမွာ မိုးေမွ်ာ္တိုက္ေတြလည္း ေပါလွပါတယ္။ အျမင့္ဆံုးေသာ မိုးေမွ်ာ္တိုက္ႀကီး (၄၀၀) ေက်ာ္အထိဒူဘိ္ုင္းမွာရွိပါတယ္။လူခ်မ္းသာ ကေလးေတြဟာ ဒီတိုက္ေတြရဲ႕ အျမင့္ဆံုးအထပ္ကေန ဇိမ္ယူကာ ၿမိဳ႕ရဲ႕အလွပကို ေကာ္ဖီေသာက္ရင္း၊ဒန္းစီးရင္း ခံစားတတ္ၾကပါတယ္

၁၃။ ကေလးေတြဟာ ေက်ာင္းကို အပင္ပန္းခံၿပီးမသြားၾကပါဘူး။အိမ္မွာပဲ စာသင္ၾကတယ္။ ဒူဘိုင္းရဲ႕သူေဌးေလးေတြမွာ ေဘာ္ဒီကတ္ႏွစ္ေယာက္စီ ရွိတတ္ၾကပါတယ္။

၁၄။ ေနာက္တစ္ခုက လူခ်မ္းသာကေလးေတြ သေဘာက်တဲ့ပစၥည္းေတြထဲမွာ ဖိနပ္လည္း ပါ၀င္ပါတယ္။ ဖိနပ္နဲ႕ပိုက္ဆံအိတ္ အေကာင္းစားေတြ ၀ယ္စုတက္ၾကပါတယ္။ ေဒၚလာ ႏွစ္ေထာင္ကေန သံုးေထာင္အထိတန္ဖိုးရွိတဲ့ အီတလီက ေရႊကြပ္ဖိနပ္ေတြကို ၀ယ္ယူစုေဆာင္းတတ္ၾကပါတယ္။

၁၅။ ခ်မ္းသာတဲ့ ကေလးေတြအတြက္ေတာ့ အဆင့္ျမင့္ေလယာဥ္နဲ႕ ဇိမ္က်က် ခရီးထြက္ေလ့ရွိပါတယ္။ သူတို႕မွာ ကိုယ္ပိုင္ေလယာဥ္မရွိရင္ေတာင္ ကမၻာ့အဆင့္ျမင့္ဆံုး Emirate Airline ကေလယဥ္ေတြနဲ႕သာခရီးထြက္ၾကပါတယ္။ သူတို႕အတြက္ အိမ္သာ စားစရာ ေတြသီးသန္႕ထားေပးရတယ္လို႕သိရပါတယ္။

၁၆။ သူေဌးသားသမီးဆိုေတာ့ အလုပ္လုပ္စရာမလိုပါဘူး။သူတို႔စည္းစိမ္ေတြ ခံစားလို႕ပ်င္းလာၿပီဆိုရင္ ကမၻာပတ္တစ္၀ွမ္းက လူေတြရဲ႕အထင္ႀကီးခံေစရဖို႕ ဓါတ္ပံုရိုက္တင္ေလ့ရွိၾကပါတယ္။

မိုးစက္ေလး

Source : MyanmarNote

(Unicode Version)

ဒူဘိုင်းက လူချမ်းသာ သားသမီးတွေ ဘယ်လိုနေလဲ

ဒူဘိုင်းက လူချမ်းသာတွေရဲ့ ကလေးတွေဟာ ဘဝလိုအပ်ချက်တွေကို ဖြည့်ပြီးရင်းဖြည့်ရင်း နေနေကြတာပါပဲ။ သူတို့ကိုကြည့်လိုက်ရင် ကျောင်းသွားတဲ့အချိန်ဆိုတာထက် ဈေးဝယ်ထွက်တဲ့ အချိန်တွေက ပိုများပါတယ်။ ဒူဘိုင်းမှာက တခြားနိုင်ငံတွေလို ဝင်ငွေခွန်တွေ ပေးဆောင်ရတာမျိုးမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ရသမျှအကုန်သုံးဖြုန်းနေနိုင်ကြတာပါ။ လူချမ်းသာတွေရဲ့ ကလေးတွေ ဘယ်လိုနေကြလဲ ကြည့်ရအောင်။

၁။ ဒူဘိုင်းက ကလေးအတော်များများဟာ ဈေးဝယ်ထွက်ရတာ သဘောကျကြပါတယ်။ အဆင့်မြင့် လေယာဉ်တွေနဲ့ ခရီးထွက်ကြတယ်။ သူတို့မှာလက်ထောက်တွေရှိပေမယ့် ဈေးဝယ်ထွက်တဲ့ အလုပ်ပဲ သူတို့လုပ်ကြရတာဖြစ်ပါတယ်။

၂။ လူချမ်းသာတွေရဲ့ သားသမီးတွေအတွက်တော့ ကားဆိုတာကို သယ်ယူပို့ဆောင်ရေးဆိုတာထက် အလှဆင်ပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုတက်ကြပါတယ်။သူတို့လေးတွေဟာ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ကားကို အလွန်သဘောကျကြပြီး ဓါတ်ပုံရိုက်ရင်တောင် ကားနဲ့အတူ ရိုက်တက်ကြပါတယ်။

၃။ Rashed Belhasa ဆိုတာက ဒူဘိုင်းရဲ့ တစ်ဦးတည်းသော အချမ်းသာဆုံးကလေးတစ်ယောက်။ သူဟာ ရီဟားနားနစ်ကီမင်နက်၊ မရိုင်ယာကာရေး၊ စတိဗ်ဟာဗေး ကဲ့သို့သော နာမည်ကျော် အနုပညာရှင်တွေနဲ့ တွေ့ဆုံးဖူးသူဖြစ်ပါတယ်။ သူလိုချင်တာမှန်သမျှရနိုင်တဲ့ ဆုတောင်းကောင်းခဲ့သူလေးပါ။ သူ့အဖေက ချမ်းသာလို့ချမ်းသာလာတာမဟုတ်ဘဲ သူကိုယ်လည်း အောင်မြင်တဲ့ You Tube ချန်နယ်တစ်ခုထူထောင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

၄။ ဒူဘိုင်းက ကလေးတွေရဲ့ ထူခြားချက်ကတော့ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ် ကြောင်တွေ ခွေးတွေ မွေးတာမျိုးမဟုတ်ဘဲ ကျားသစ်တွေနဲ့ကျားတွေ ကို မွေးတက်ပါတယ်။ကြီးလာရင် အန္တရာယ်ဖြစ်မှာ စိုးရိမ်ရပေမယ့် ကျားသစ်ပေါက်လေးတွေ၊ ကျားပေါက်လေးတွေကို မွေးတတ်ကြပါတယ်။

၅။ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့မရဘူးလို့ ဘယ်သူပြောလဲ ။ဒူဘိုင်းက အစ္စမီလာမူစတာဖာ ကတော့ငွေထုတ်ကြီးတွေကို ရေတွက်နေတဲ့ပုံ၊နာမည်ကျော် Gucci ဈေးဝယ်အိတ်ပုံတွေ၊အဆင့်မြင့်ကား ပေါ်ဇိမ်ယူနေပုံတွေ ဟိုတယ် ခန်းမှာပျော်မြူးနေပုံတွေကို လူမှုမီဒီယာမှာ တင်လေ့ရှိပါတယ်။ နောက်ပြီးလူချမ်းသာ ကလေးတွေဟာ အမေရိကန်ဒေါ်လာတွေကိုတောင် နင်းခြေထားနိုင်သူတွေဖြစ်ပါတယ်။

၆။ သူတို့မှာ ငွေကိုချွေတာရကောင်းမှန်း မသိပါဘူး။ ကောင်းကောင်းစား၊အဆင့်မြင့်မြင့်နေတက်ကြပါတယ်။Mc Donald ဆိုင်ကားပါကင်မှာဆိုရင် အဆင့်မြင့်ကားတွေချည်း ပါကင်ထိုးထားတာတွေ့ရပါတယ်။

၇။ ပွဲလမ်းသဘင်တွေကို ကလေးတွေနဲ့အတူ လူရူပ်ခံပြီး သွားစရာမလိုတော့ပါဘူး။ သူတို့ရဲ့ ဟိုတယ်ခန်းထဲမှာပဲ ရေအောက်ပြတိုက်ဖန်တီးပေးထားတဲ့အတွက် ကလေးတွေဘယ်မှသွားစရာမလိုတော့ပါဘူး။အဝတ်စားလဲမကုန်တော့ဘူး။ လူချမ်းသာကလေးတွေရဲ့ အိပ်ခန်းတိုင်းမှာဆိုရင် သူတို့သဘောကျတဲ့ငါးတွေကို ကြည့်နိုင်မယ့် ရေးအောက်ကမ္ဘာကြီး ဖန်တီးထားကြပါတယ်။

၈။ ဒူဘိုင်းက လူချမ်းသာတွေ အလှအပအတွက် လုပ်တတ်ကြတာက ခွဲစိတ်ကုသတာတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ သွားတွေမှာ ရွေထည့်တာဖြစ်ပါတယ်။သူတို့ရဲ့ အလှအပရေးရာပစ္စည်းတစ်ခုအနေနဲ့ ရွှေကိုအသုံးပြုကြတာဖြစ်ပါတယ်။

၉။ လူချမ်းသာကလေးတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေမှာဆိုရင် ရွှေကအရေးအပါဆုံးပါပဲ။ ရွှေဖိနပ်၊ရွှေနာရီနဲ့ရွှေအိုင်ဖုန်းတို့ဖြစ်ပါတယ်။တစ်ခါတစ်လေ ရွှေကိုတောင် မမြင်ရအောင် စိတ်တွေနဲ့ အလှဆင်တက်ကြပါသေးတယ်။

၁၀။ ဒူဘိုင်းဟာ ပူအိုက်လွန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူချမ်းသာတွေရဲ့ ဇိမ်ခံပစ္စည်းတွေထဲမှာ ရေကူးကန်၊ရွက်လှေနဲ့ကမ်းခြေပါတီ တွေက မပါမဖြစ်ပါပဘဲ။နှင်းကျတဲ့ အရသာခံစားချင်ရင်တော့(၂၂၅၀၀) စတုရန်းမီတာ အကျယ်ရှိတဲ့ ဒူဘိုင်းရဲ့နှင်းအပန်းဖြေစခန်းကို သွားတက်ကြပါတယ်။ ပိုထူးခြားတာက တစ်ချို့သော ဟိုတယ်တွေမှာ တစ်မြို့လုံးရဲ့အလှပကို အပေါ်စီးကကြည့်ရင်း ရေလွှာလျှောစီးနိုင်အောင် စီစဉ်ပေးထားပါတယ်။

၁၁။ ကလေးတွေဟာ အဆင့်အမြင့်ဆုံးဆိုတဲ့ ပစ္စည်းတွေကိုပဲ ရွေးချယ်သုံးတက်ကြပါတယ်။အကောင်းစားအဝတ် အကောင်းစားအသုံးဆောင်တွေ သုံးတတ်ကြပါတယ်။

၁၂။ ပန်းနုရောင် ဇိမ်ခံမှန်လုံကားမျိုး ဒူဘိုင်းမှာတွေ့ရမှာပါ။ဒူဘိုင်ရဲ့ လူချမ်းသာ ကလေးတွေလက်ထဲမှာတော့အရောင်သွေးစုံလှတဲ့ အဆင့်မြင့်ကားတွေ ရှိပါတယ်။

၁၃။ဒူဘိုင်းမှာ မိုးမျှော်တိုက်တွေလည်း ပေါလှပါတယ်။ အမြင့်ဆုံးသော မိုးမျှော်တိုက်ကြီး (၄၀၀) ကျော်အထိဒူဘိုင်းမှာရှိပါတယ်။လူချမ်းသာ ကလေးတွေဟာ ဒီတိုက်တွေရဲ့ အမြင့်ဆုံးအထပ်ကနေ ဇိမ်ယူကာ မြို့ရဲ့အလှပကို ကော်ဖီသောက်ရင်း၊ဒန်းစီးရင်း ခံစားတတ်ကြပါတယ်

၁၃။ ကလေးတွေဟာ ကျောင်းကို အပင်ပန်းခံပြီးမသွားကြပါဘူး။အိမ်မှာပဲ စာသင်ကြတယ်။ ဒူဘိုင်းရဲ့သူဌေးလေးတွေမှာ ဘော်ဒီကတ်နှစ်ယောက်စီ ရှိတတ်ကြပါတယ်။

၁၄။ နောက်တစ်ခုက လူချမ်းသာကလေးတွေ သဘောကျတဲ့ပစ္စည်းတွေထဲမှာ ဖိနပ်လည်း ပါဝင်ပါတယ်။ ဖိနပ်နဲ့ပိုက်ဆံအိတ် အကောင်းစားတွေ ဝယ်စုတက်ကြပါတယ်။ ဒေါ်လာ နှစ်ထောင်ကနေ သုံးထောင်အထိတန်ဖိုးရှိတဲ့ အီတလီက ရွှေကွပ်ဖိနပ်တွေကို ဝယ်ယူစုဆောင်းတတ်ကြပါတယ်။

၁၅။ ချမ်းသာတဲ့ ကလေးတွေအတွက်တော့ အဆင့်မြင့်လေယာဉ်နဲ့ ဇိမ်ကျကျ ခရီးထွက်လေ့ရှိပါတယ်။ သူတို့မှာ ကိုယ်ပိုင်လေယာဉ်မရှိရင်တောင် ကမ္ဘာ့အဆင့်မြင့်ဆုံး Emirate Airline ကလေယဉ်တွေနဲ့သာခရီးထွက်ကြပါတယ်။ သူတို့အတွက် အိမ်သာ စားစရာ တွေသီးသန့်ထားပေးရတယ်လို့သိရပါတယ်။

၁၆။ သူဌေးသားသမီးဆိုတော့ အလုပ်လုပ်စရာမလိုပါဘူး။သူတို့စည်းစိမ်တွေ ခံစားလို့ပျင်းလာပြီဆိုရင် ကမ္ဘာပတ်တစ်ဝှမ်းက လူတွေရဲ့အထင်ကြီးခံစေရဖို့ ဓါတ်ပုံရိုက်တင်လေ့ရှိကြပါတယ်။

မိုးစက်လေး

Source : MyanmarNote