ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၆ ရက္မွ ၁၂ ရက္ေန႔အထိ ေဟာစာတမ္း

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ၾကည္ႏူးဝမ္းေျမာက္စရာေတြ ႀကံဳလာမယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ႀကံဳေတာင့္ႀကံဳခဲ အခြင့္အလမ္းေကာင္းေတြ ရတတ္တယ္။ ရည္ရြယ္ထားသမွ် ရဲရဲသာလုပ္ေပေတာ့။ ေငြအားလူအားရွိသေလာက္ လုပ္ငန္းေတြ တိုးခ်ဲ႕သင့္တဲ့ အခ်ိန္ျဖစ္ပါတယ္။ ရပ္ေဝးနဲ႔ပတ္သက္တဲ့အလုပ္ေတြ၊ ႏိုင္ငံျခားလူမ်ိဳးျခားနဲ႕ ပတ္သက္တာေတြ ပိုၿပီးေတာ့ ေအာင္ျမင္မယ္။ အဖိုးတန္ပစၥည္းေတြလည္း  ဝင္လာတတ္ပါတယ္။ ေငြလည္း အလြန္ရႊင္ေနမယ္။ ဟိုကဝင္ ဒီကဝင္ ဝင္ေနမယ္။ ဘာသာေရးလုပ္ေလေလ ကံေကာင္းေလေလျဖစ္လိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ဆံုးျဖတ္ရခက္တဲ့အေျခအေနေတြ ႀကံဳလာတတ္တယ္။ မိတ္ေဆြ၊ ေမာင္ႏွမမ်ားနဲ႔ ပတ္သတ္တဲ့အစီအစဥ္ေတြ မတင္မက်ျဖစ္တတ္ပါတယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦအတြက္ စိတ္ညစ္ရတတ္တယ္။ ေအာက္လက္ငယ္သားအတြက္ ေခါင္းခံေျဖရွင္း ရတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အစီအစဥ္ပ်က္မတတ္ ျဖစ္ကုန္တတ္တယ္။ ႏွစ္ရွည္ခံစားေနရတဲ့ ေရာဂါေဝဒနာေတြရွိခဲ့ရင္ ေပ်ာက္မွန္းမသိ ေပ်ာက္ သြားမယ္။ အဲဒီလိုပဲ ျပႆနာခပ္ႀကီးႀကီး တစ္ခုဟာလည္း သူ႕အလိုလို ရွင္းသြားပါမယ္။ အလုပ္ကိစၥ၊ လူမႈေရးကိစၥေတြမွာ မိန္းမတစ္ေယာက္ ဝင္႐ႈပ္လာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေရွာက္ယိုကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၈/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ကေလးမ်ားကို ေခါက္ဆြဲေၾကာ္ ဒါနျပဳပါေလ။

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္လာမယ္။ ရပ္ထားရတဲ့ အလုပ္ေတြ ျပန္လုပ္ရမယ္။ ကြဲကြာေနသူေတြနဲ႕ ျပန္ဆံုမယ္။ လုပ္ငန္းေဟာင္း၊ ေနရာေဟာင္း၊ လူေဟာင္းေတြနဲ႔ ျပန္ၿပီး ပတ္သက္ရတတ္ပါတယ္။ အဲဒီလိုပဲ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ေၾကာင္းကိုလည္း သတိျပဳပါေလ။ ရွိေနတဲ့ပစၥည္းေတြ ပ်က္တတ္၊ ေပ်ာက္တတ္ပါတယ္။ ပစၥည္းအဝယ္၊ အေရာင္းကိစၥတစ္ခု လြဲေခ်ာ္သြားလိမ့္မယ္။ မနာလိုသူလည္း ေပါလိမ့္မယ္။ တမင္ရန္စ ေႏွာင့္ယွက္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မတင္မက်အေျခအေနေတြ ႀကံဳလာမယ္။ ကတိေပးမွားတာ၊ စာခ်ဳပ္မွားတာေတြ ျဖစ္တတ္ပါတယ္။ အေရးႀကီး စာရြက္စာတမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတတ္ပါတယ္။ ေအာက္လက္ငယ္သား၊ သားသမီးအတြက္ ဂုဏ္ယူဝမ္းေျမာက္စရာေတြ ႀကံဳလာမယ္။ အဖိုးတန္ ယာဥ္ေတြ၊ စက္ေတြ ဝင္လာမယ္။ က်န္းမာေရးညံ့ေနသူေတြ ျပန္ၿပီး နာလန္ထလိမ့္မယ္။ ေရခ်ိဳးမွားတာ၊ အပူေလာင္တာေတြေတာ့ ျဖစ္တတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ ထူးထူးခြ်န္ခြ်န္ ေအာင္ျမင္မယ္။ ရပ္ေဝးလူႀကီးေတြက ကူညီမယ္။  ေကာင္းေသာခရီးေတြ သြားရတတ္ပါတယ္။ ေငြအတြက္လည္း စိတ္ခ်မ္းသာရလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၉/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ယို ၉ မ်ိဳးကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ ႀကီးကဲသူမ်ားကို ေဆးဝါးလွဴဒါန္းပါေလ။

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ မတင္မက်ျဖစ္စရာေတြ တစ္ခုၿပီးတစ္ခု ႀကံဳေနတတ္ပါတယ္။ ေသခ်ာစီစဥ္ထားတဲ့ ကိစၥေတြလည္း လြဲသြား၊ ေခ်ာ္သြားတတ္တယ္။ အလုပ္ကိစၥေတြမွာ ႀကီးႀကီးမားမား နစ္နာဆံုး႐ံႈးျခင္းေတြ ႀကံဳရတတ္ပါတယ္။ ပစၥည္းတစ္ခုကို အေၾကာင္းျပဳၿပီး စကားမ်ားေျဖရွင္းရတတ္ပါတယ္။ မိသားစုအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ညွိမရ ႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ ေအာက္လက္ငယ္သားအတြက္လည္း စိတ္႐ႈပ္ရလိမ့္မယ္။ မိန္းမႀကီးတစ္ေယာက္ ဝင္႐ႈပ္ေနတတ္ပါတယ္။ ရပ္ေဝးက မိတ္ေဆြေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ ေရာက္လာတတ္တယ္။ သူတို႕ဆီမွာ သတင္းေကာင္း၊ အဆက္အသြယ္ေကာင္းေတြ ပါလာတတ္တယ္။ ဆရာသမားလို ပုဂၢိဳလ္ေတြက အကူအညီေကာင္းေပးလာမယ္။ ရပ္ေဝးနဲ႕ပတ္သက္ၿပီး ေငြဝင္တာ၊ ေငြကိစၥခရီးသြားရတာ၊ ထီေပါက္သလို ေငြဝင္လာတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ အလွဴပြဲ၊ မဂၤလာပြဲကိစၥေတြအတြက္ စိတ္ညစ္ရတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ တစ္ဦးနဲ႕တစ္ဦး အထင္အျမင္လြဲမွားတာေလးေတြ ႀကံဳၿပီးတဲ့ေနာက္ အဆင္ေျပသြားပါလိမ့္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အဆင္ေျပေအာင္ျမင္မယ္။ ဝမ္းဗိုက္ပိုင္း၊ ဆီး၊ မ်က္စိ က်န္းမာေရးညံ့တတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၄/၆။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သရက္ယိုကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၁/၆။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ သေျပ ၂၁ ညြန္႔ လွဴဒါန္းပါေလ။

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ်၊ ႀကံသမွ် ထစ္ေငါ့ၾကန္႕ၾကာၿပီးမွ ထူးထူးျခားျခား ေအာင္ျမင္မႈႀကီးမ်ိဳးေတြ ရတတ္ပါတယ္။ အပင္ပမ္းခံၿပီး အက်ိဳးထူးခံစားရမယ့္ ကာလမ်ိဳး ျဖစ္ပါတယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ေငြအဝင္ၾကမ္း အထြက္ၾကမ္းျဖစ္ေနမယ္။ ထီကိန္း ထီကံေကာင္းတဲ့ကာလပါပဲ။ မိတ္ေဆြ၊ ေမာင္ႏွမတို႕ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး ႐ႈပ္ေထြးလိမ့္မယ္။ ပစၥည္းတစ္ခုအတြက္ ျပႆနာေျဖရွင္းရတတ္တယ္။ သူတစ္ပါးရဲ႕ ဒုကၡက ကိုယ့္ဒုကၡျဖစ္လာတတ္ပါတယ္။ ေျခေထာက္၊ ဒူး၊ ခါး က်န္းမာေရး ညံ့တတ္ပါတယ္။ အတို႕အေထာင္ ေခ်ာက္တြန္းခံရတတ္တယ္။ စြပ္စြဲနာမည္ဖ်က္ ခံရတတ္တယ္။ ဆိုးဆိုးဝါးဝါးေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ အနီးကပ္လူသံုးဦး ကိုယ့္ကို မေကာင္းၾကံတတ္ပါတယ္။  အေဆာက္အဦကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြ အဆင္ေျပမယ္။ ေအာက္လက္ငယ္သားအတြက္ ဝမ္းသာစရာေတြႀကံဳမယ္။ မိသားစုထဲက ရပ္ေဝးခရီးသြားတာ၊ ရပ္ေဝးက အိမ္သူအိမ္သားျပန္ေရာက္ လာတာ၊ ရပ္ေဝးႀကီးကဲသူ ဆရာသမားတို႕ရဲ႕ သတင္းေကာင္းၾကားတာေတြ ႀကံဳရတတ္ပါတယ္။ ဘုရားဖူးခရီး၊ စိတ္ခ်မ္းသာဖြယ္ခရီးေတြလည္း သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အဆင္ေျပ စိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိသူဆိုလွ်င္ မဂၤလာကိစၥစီစဥ္ရတတ္ပါတယ္။ လက္ေဆာင္ပစၥည္းေတြ ဝင္လာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၇/၂။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေက်ာက္ေက်ာကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၂/၈။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ ႏွင္းဆီ ၇ ပြင့္ လွဴဒါန္းပါေလ။

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ် ဒုကၡဆိုသလို ျဖစ္ေနမယ္။ အင္မတန္ ရန္အႏၲရာယ္မ်ားတဲ့ ကာလပါပဲ။ အလုပ္မွာလည္း အထစ္အေငါ့၊ အေႏွာက္အယွက္ေတြ အမ်ားႀကီးႀကံဳမယ္။ မကူညီခ်င္တဲ့အျပင္ ဒုကၡေပးမယ့္လူေတြ တန္းစီ ေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္တယ္။ ေဆြမ်ိဳးလို ျဖစ္ေနတဲ့ မိတ္ေဆြေတြက သစၥာေဖာက္ၾကလိမ့္မယ္။ ျပႆနာခပ္ႀကီးႀကီး တစ္ခု ေျဖရွင္းရတတ္ပါတယ္။ ႀကီးကဲသူေတြကလည္း အျမင္ေစာင္းလိမ့္မယ္။ သူတစ္ပါး ျပႆနာၾကားမွာ ညပ္သြားတတ္ပါတယ္။ ေငြေရး၊ ေၾကးေရး႐ႈပ္ေထြးလိမ့္မယ္။ တစ္စံုတစ္ေယာက္ရဲ႕ အၾကပ္ကိုင္ ဒုကၡေပးျခင္းကို ခံရတတ္ပါတယ္။ စိတ္ညစ္စရာ ဧည့္သည္ေတြ၊ သတင္းေတြလည္း ဝင္လာတတ္ပါတယ္။ အၾကပ္အတည္းေတြၾကားထဲကပဲ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ ရပ္ေဝးနဲ႕ ဆက္သြယ္တဲ့ အလုပ္ေတြ ေအာင္ျမင္မယ္။ အလုပ္ေနရာ၊ အိမ္ေနရာအတြက္ စိတ္ခ်မ္းသာစရာျဖစ္လာမယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာရတာ ကြဲကြာေနသူေတြနဲ႕ ျပန္ဆံုတာ၊ အခ်စ္ေရး၊ အိမ္ေထာင္ေရး စိတ္ခ်မ္းေျမ႕စရာႀကံဳတာေတြ ျဖစ္လာမယ္။ ဦးေခါင္းပိုင္း ေဝဒနာခံစားရတတ္ပါတယ္။ ထိမိခိုက္မိျဖစ္တာ ေျခေထာက္ဒုကၡေပးတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေထာပတ္ထမင္းကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၃/၅။ ကံ၏အပံ့အပိုးရရွိရန္ ေက်းငွက္မ်ားကို အစာေကြ်းပါေလ။

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳရတတ္ပါတယ္။ လက္ရွိလုပ္ငန္း ကို တိုးခ်ဲ႕တာပဲျဖစ္ျဖစ္၊ လုပ္ငန္းေျပာင္းတာ၊ အသစ္စတာပဲျဖစ္ျဖစ္ ေအာင္ျမင္ႏိုင္ပါတယ္။ ရပ္ေဝးက အဆက္အသြယ္ေကာင္းေတြ ေပၚလာတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥအတြက္ေတာ့ စိတ္ညစ္ရတတ္တယ္။ ဆရာသမား လိုပုဂၢိဳလ္ေတြ၊ ႀကီးကဲသူေတြနဲ႔ အခန္႔မသင့္ျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အထစ္ အေငါ့အေႏွာက္အယွက္ မ်ားေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ပါတယ္။ အိမ္သူအိမ္သားအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရတတ္ တယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း ႀကီးကဲသူေတြကိုအေၾကာင္းျပဳၿပီး အဆင္မေျပႀကီးစြာ ျဖစ္တတ္တယ္။  ရပ္ေဝကပစၥည္းေတြ ဝင္တတ္တယ္။ ခက္ခဲထစ္ေငါ့ေနတဲ့ အေရာင္းအဝယ္ကိစၥေတြ ေအာင္ ျမင္သြားမယ္။ မိတ္ေဆြရင္းေတြရဲ႕ ထိေရာက္ေသာအကူအညီေကာင္းေတြ ရရွိမယ္။ ႏိုင္ငံရပ္ျခားကိုထြက္ဖို႔ ႀကိဳးစားေနတဲ့ ေဆြမ်ိဳးသားခ်င္းေတြ အဆင္ေျပမယ္။ ထီေပါက္သလို ေငြေတြဝင္လာတတ္ပါတယ္။ က်န္းမာေရးကေတာ့ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။ လူနာဧည့္သည္ကို ကူညီရတတ္ပါတယ္။ ေဆြမ်ိဳး၊ မိတ္ေဆြရင္းထဲက ႀကီးကဲသူတစ္ဦး အမႈအခင္းႀကံဳတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၈။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ မုန္႔ဖက္ထုပ္ကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၄/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ ႏြားႏို႔ႏွင့္ ေပါင္မုန္႔ လွဴဒါန္းပါေလ။

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္နဲ႔ကိုယ္နဲ႔ မကပ္ဘဲ ျဖစ္ေနမယ္။ အိမ္မကပ္ခ်င္ဘဲ ျဖစ္ေနမယ္။ လုပ္သမွ် ေျပာသမွ် အဆင္မေျပျဖစ္ေနတတ္ပါတယ္။ မနာလိုသူ ေႏွာက္ယွက္သူလည္း အလြန္ေပါမယ္။ အထူးသျဖင့္ ေဆြမ်ိဳးရင္းေတြေၾကာင့္ စိတ္႐ႈပ္ရတတ္တဲ့ ကာလမ်ိဳးပါပဲ။ အိမ္ကိစၥ၊ ေနရာကိစၥအစီအစဥ္ေတြလည္း လြဲေခ်ာ္သြားတတ္ပါတယ္။ မိတ္ေဆြရင္းေတြက မေကာင္းျမင္ အထင္လြဲၾကလိမ့္မယ္။ ပစၥည္းတစ္ခု ဝယ္ဖို႔ေရာင္းဖို႔ကိစၥ မတင္မက်ႀကီးျဖစ္ေနမယ္။ ေအာက္လက္ငယ္သားေတြ အိမ္က ထြက္သြားတတ္တယ္။ စကားမ်ားေျဖရွင္းရတာ၊ မေတာ္တဆ ထိခိုက္မိတာမ်ိဳးေတြလည္း ႀကံဳ ရတတ္ပါတယ္။ ျပည္တြင္းျပည္ပခရီးကိစၥေတြ ထစ္ေငါ့ေနတတ္ပါတယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းေျမ့စရာေတြ ႀကံဳလာမယ္။ ဝမ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အေျခအေနေကာင္းႀကံဳ မယ္။ ဆရာေကာင္း၊ သမားေကာင္းေတြ ေတြ႕တတ္တယ္။ ပညာေကာင္းေတြ ရတတ္ပါတယ္။  ေငြေရးေၾကးေရး အထစ္အေငါ့ေတြ အဆင္ေျပသြားမယ္။ ရပ္ထားရတဲ့အလုပ္ေတြ၊ လုပ္ငန္း အေဟာင္းေတြ ျပန္လုပ္ရတတ္ပါတယ္။ ဆံုး႐ံႈးၿပီလို႔ထင္ထားတဲ့အရာေတြ ျပန္ရလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၁/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ အုန္းႏို႕ေခါက္ဆြဲကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၅/၃။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို မုန္႔ဟင္းခါး ဒါန ျပဳလုပ္ပါေလ။

ဆရာဇင္ေယာ္နီ

Source : Reddot Network

(Unicode Version)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်မှ ၁၂ ရက်နေ့အထိ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကြည်နူးဝမ်းမြောက်စရာတွေ ကြုံလာမယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတွေ ရတတ်တယ်။ ရည်ရွယ်ထားသမျှ ရဲရဲသာလုပ်ပေတော့။ ငွေအားလူအားရှိသလောက် လုပ်ငန်းတွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ရပ်ဝေးနဲ့ပတ်သက်တဲ့အလုပ်တွေ၊ နိုင်ငံခြားလူမျိုးခြားနဲ့ ပတ်သက်တာတွေ ပိုပြီးတော့ အောင်မြင်မယ်။ အဖိုးတန်ပစ္စည်းတွေလည်း  ဝင်လာတတ်ပါတယ်။ ငွေလည်း အလွန်ရွှင်နေမယ်။ ဟိုကဝင် ဒီကဝင် ဝင်နေမယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေဖြစ်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေ ကြုံလာတတ်တယ်။ မိတ်ဆွေ၊ မောင်နှမများနဲ့ ပတ်သတ်တဲ့အစီအစဉ်တွေ မတင်မကျဖြစ်တတ်ပါတယ်။ နေရာထိုင်ခင်း၊ အဆောက်အဦအတွက် စိတ်ညစ်ရတတ်တယ်။ အောက်လက်ငယ်သားအတွက် ခေါင်းခံဖြေရှင်း ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အစီအစဉ်ပျက်မတတ် ဖြစ်ကုန်တတ်တယ်။ နှစ်ရှည်ခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိခဲ့ရင် ပျောက်မှန်းမသိ ပျောက် သွားမယ်။ အဲဒီလိုပဲ ပြဿနာခပ်ကြီးကြီး တစ်ခုဟာလည်း သူ့အလိုလို ရှင်းသွားပါမယ်။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ရှောက်ယိုကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၈/ဝ။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို ခေါက်ဆွဲကြော် ဒါနပြုပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာမယ်။ ရပ်ထားရတဲ့ အလုပ်တွေ ပြန်လုပ်ရမယ်။ ကွဲကွာနေသူတွေနဲ့ ပြန်ဆုံမယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လူဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ အဲဒီလိုပဲ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ကြောင်းကိုလည်း သတိပြုပါလေ။ ရှိနေတဲ့ပစ္စည်းတွေ ပျက်တတ်၊ ပျောက်တတ်ပါတယ်။ ပစ္စည်းအဝယ်၊ အရောင်းကိစ္စတစ်ခု လွဲချော်သွားလိမ့်မယ်။ မနာလိုသူလည်း ပေါလိမ့်မယ်။ တမင်ရန်စ နှောင့်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မတင်မကျအခြေအနေတွေ ကြုံလာမယ်။ ကတိပေးမှားတာ၊ စာချုပ်မှားတာတွေ ဖြစ်တတ်ပါတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတတ်ပါတယ်။ အောက်လက်ငယ်သား၊ သားသမီးအတွက် ဂုဏ်ယူဝမ်းမြောက်စရာတွေ ကြုံလာမယ်။ အဖိုးတန် ယာဉ်တွေ၊ စက်တွေ ဝင်လာမယ်။ ကျန်းမာရေးညံ့နေသူတွေ ပြန်ပြီး နာလန်ထလိမ့်မယ်။ ရေချိုးမှားတာ၊ အပူလောင်တာတွေတော့ ဖြစ်တတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ ထူးထူးချွန်ချွန် အောင်မြင်မယ်။ ရပ်ဝေးလူကြီးတွေက ကူညီမယ်။  ကောင်းသောခရီးတွေ သွားရတတ်ပါတယ်။ ငွေအတွက်လည်း စိတ်ချမ်းသာရလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၉/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ယို ၉ မျိုးကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ကြီးကဲသူများကို ဆေးဝါးလှူဒါန်းပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ မတင်မကျဖြစ်စရာတွေ တစ်ခုပြီးတစ်ခု ကြုံနေတတ်ပါတယ်။ သေချာစီစဉ်ထားတဲ့ ကိစ္စတွေလည်း လွဲသွား၊ ချော်သွားတတ်တယ်။ အလုပ်ကိစ္စတွေမှာ ကြီးကြီးမားမား နစ်နာဆုံးရှုံးခြင်းတွေ ကြုံရတတ်ပါတယ်။ ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်ပါတယ်။ မိသားစုအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ညှိမရ နှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားအတွက်လည်း စိတ်ရှုပ်ရလိမ့်မယ်။ မိန်းမကြီးတစ်ယောက် ဝင်ရှုပ်နေတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ ရောက်လာတတ်တယ်။ သူတို့ဆီမှာ သတင်းကောင်း၊ အဆက်အသွယ်ကောင်းတွေ ပါလာတတ်တယ်။ ဆရာသမားလို ပုဂ္ဂိုလ်တွေက အကူအညီကောင်းပေးလာမယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီး ငွေဝင်တာ၊ ငွေကိစ္စခရီးသွားရတာ၊ ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေအတွက် စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/၆။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သရက်ယိုကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၁/၆။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ သပြေ ၂၁ ညွန့် လှူဒါန်းပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ ထူးထူးခြားခြား အောင်မြင်မှုကြီးမျိုးတွေ ရတတ်ပါတယ်။ အပင်ပမ်းခံပြီး အကျိုးထူးခံစားရမယ့် ကာလမျိုး ဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ငွေအဝင်ကြမ်း အထွက်ကြမ်းဖြစ်နေမယ်။ ထီကိန်း ထီကံကောင်းတဲ့ကာလပါပဲ။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးလိမ့်မယ်။ ပစ္စည်းတစ်ခုအတွက် ပြဿနာဖြေရှင်းရတတ်တယ်။ သူတစ်ပါးရဲ့ ဒုက္ခက ကိုယ့်ဒုက္ခဖြစ်လာတတ်ပါတယ်။ ခြေထောက်၊ ဒူး၊ ခါး ကျန်းမာရေး ညံ့တတ်ပါတယ်။ အတို့အထောင် ချောက်တွန်းခံရတတ်တယ်။ စွပ်စွဲနာမည်ဖျက် ခံရတတ်တယ်။ ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး။ အထူးသဖြင့် အနီးကပ်လူသုံးဦး ကိုယ့်ကို မကောင်းကြံတတ်ပါတယ်။  အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေ အဆင်ပြေမယ်။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေကြုံမယ်။ မိသားစုထဲက ရပ်ဝေးခရီးသွားတာ၊ ရပ်ဝေးက အိမ်သူအိမ်သားပြန်ရောက် လာတာ၊ ရပ်ဝေးကြီးကဲသူ ဆရာသမားတို့ရဲ့ သတင်းကောင်းကြားတာတွေ ကြုံရတတ်ပါတယ်။ ဘုရားဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေ စိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသူဆိုလျှင် မင်္ဂလာကိစ္စစီစဉ်ရတတ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၇/၂။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ကျောက်ကျောကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၂/၈။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ နှင်းဆီ ၇ ပွင့် လှူဒါန်းပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ ဒုက္ခဆိုသလို ဖြစ်နေမယ်။ အင်မတန် ရန်အန္တရာယ်များတဲ့ ကာလပါပဲ။ အလုပ်မှာလည်း အထစ်အငေါ့၊ အနှောက်အယှက်တွေ အများကြီးကြုံမယ်။ မကူညီချင်တဲ့အပြင် ဒုက္ခပေးမယ့်လူတွေ တန်းစီ နေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ဆွေမျိုးလို ဖြစ်နေတဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြလိမ့်မယ်။ ပြဿနာခပ်ကြီးကြီး တစ်ခု ဖြေရှင်းရတတ်ပါတယ်။ ကြီးကဲသူတွေကလည်း အမြင်စောင်းလိမ့်မယ်။ သူတစ်ပါး ပြဿနာကြားမှာ ညပ်သွားတတ်ပါတယ်။ ငွေရေး၊ ကြေးရေးရှုပ်ထွေးလိမ့်မယ်။ တစ်စုံတစ်ယောက်ရဲ့ အကြပ်ကိုင် ဒုက္ခပေးခြင်းကို ခံရတတ်ပါတယ်။ စိတ်ညစ်စရာ ဧည့်သည်တွေ၊ သတင်းတွေလည်း ဝင်လာတတ်ပါတယ်။ အကြပ်အတည်းတွေကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ရပ်ဝေးနဲ့ ဆက်သွယ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ အလုပ်နေရာ၊ အိမ်နေရာအတွက် စိတ်ချမ်းသာစရာဖြစ်လာမယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရတာ ကွဲကွာနေသူတွေနဲ့ ပြန်ဆုံတာ၊ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ချမ်းမြေ့စရာကြုံတာတွေ ဖြစ်လာမယ်။ ဦးခေါင်းပိုင်း ဝေဒနာခံစားရတတ်ပါတယ်။ ထိမိခိုက်မိဖြစ်တာ ခြေထောက်ဒုက္ခပေးတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ထောပတ်ထမင်းကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၃/၅။ ကံ၏အပံ့အပိုးရရှိရန် ကျေးငှက်များကို အစာကျွေးပါလေ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။ လက်ရှိလုပ်ငန်း ကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။ ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စအတွက်တော့ စိတ်ညစ်ရတတ်တယ်။ ဆရာသမား လိုပုဂ္ဂိုလ်တွေ၊ ကြီးကဲသူတွေနဲ့ အခန့်မသင့်ဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ် အငေါ့အနှောက်အယှက် များနေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အိမ်သူအိမ်သားအချင်းချင်း စကားများ ရန်ဖြစ်ရတတ် တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကိုအကြောင်းပြုပြီး အဆင်မပြေကြီးစွာ ဖြစ်တတ်တယ်။  ရပ်ဝေကပစ္စည်းတွေ ဝင်တတ်တယ်။ ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ်ကိစ္စတွေ အောင် မြင်သွားမယ်။ မိတ်ဆွေရင်းတွေရဲ့ ထိရောက်သောအကူအညီကောင်းတွေ ရရှိမယ်။ နိုင်ငံရပ်ခြားကိုထွက်ဖို့ ကြိုးစားနေတဲ့ ဆွေမျိုးသားချင်းတွေ အဆင်ပြေမယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ လူနာဧည့်သည်ကို ကူညီရတတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းကြုံတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၈။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မုန့်ဖက်ထုပ်ကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၄/ဝ။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ နွားနို့နှင့် ပေါင်မုန့် လှူဒါန်းပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဖြစ်နေမယ်။ အိမ်မကပ်ချင်ဘဲ ဖြစ်နေမယ်။ လုပ်သမျှ ပြောသမျှ အဆင်မပြေဖြစ်နေတတ်ပါတယ်။ မနာလိုသူ နှောက်ယှက်သူလည်း အလွန်ပေါမယ်။ အထူးသဖြင့် ဆွေမျိုးရင်းတွေကြောင့် စိတ်ရှုပ်ရတတ်တဲ့ ကာလမျိုးပါပဲ။ အိမ်ကိစ္စ၊ နေရာကိစ္စအစီအစဉ်တွေလည်း လွဲချော်သွားတတ်ပါတယ်။ မိတ်ဆွေရင်းတွေက မကောင်းမြင် အထင်လွဲကြလိမ့်မယ်။ ပစ္စည်းတစ်ခု ဝယ်ဖို့ရောင်းဖို့ကိစ္စ မတင်မကျကြီးဖြစ်နေမယ်။ အောက်လက်ငယ်သားတွေ အိမ်က ထွက်သွားတတ်တယ်။ စကားများဖြေရှင်းရတာ၊ မတော်တဆ ထိခိုက်မိတာမျိုးတွေလည်း ကြုံ ရတတ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစ္စတွေ ထစ်ငေါ့နေတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာတွေ ကြုံလာမယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အခြေအနေကောင်းကြုံ မယ်။ ဆရာကောင်း၊ သမားကောင်းတွေ တွေ့တတ်တယ်။ ပညာကောင်းတွေ ရတတ်ပါတယ်။  ငွေရေးကြေးရေး အထစ်အငေါ့တွေ အဆင်ပြေသွားမယ်။ ရပ်ထားရတဲ့အလုပ်တွေ၊ လုပ်ငန်း အဟောင်းတွေ ပြန်လုပ်ရတတ်ပါတယ်။ ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာတွေ ပြန်ရလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ အုန်းနို့ခေါက်ဆွဲကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၅/၃။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို မုန့်ဟင်းခါး ဒါန ပြုလုပ်ပါလေ။

ဆရာဇင်ယော်နီ

Source : Reddot Network