အပူေတြ အထက္တက္ေနလား လြယ္လြယ္ေလးပါ တကယ္ လုပ္​ၾကည္​့​ေစခ်င္​ပါတယ္​

ေပ်ာက္ေစခ်င္လြန္းလို႔ ျပန္တင္ေပးပါတယ္ေနာ္။ အနည္းဆံုး သံုးရက္ စမ္းျဖစ္ေအာင္ စမ္းၾကည္​့ပါအံုး။ အပူထုတ္ျပီးရင္ေတာ့ ​ေရမခ်ိဳးရေတာ့ဘူးေနာ္။ သတိထားအံုး။ အပူေတြ အထက္တက္ေနလား လြယ္လြယ္ေလးပါ။

အပူေတြေအာင္းလို႔ ဖေနာင့္ နာေနတဲ့အခါ ရိုးရိုးအပူေအာင္းလို႔ ခါးနာေနတဲ့အခါ ေျခေထာက္ေရစိုလို႔ အပူေတြ အေပၚတက္ျပီး ေခါင္းကိုက္ေနတဲ့အခါ အပူေတြ အေပၚတက္ျပီး သြားနာေနတဲ့အခါအး အပူအပုတ္အစပ္ေတြမ်ားျပီး ေနရထိုင္ရတာ မအီမသာျဖစ္ေနတဲ့အခါ ေျခဖဝါးေတြ ကဲြေနတဲ့အခါ ဆရာေလး ေတြ႕ရွိထားတဲ့ နည္းအသစ္ေလးကို အသံုးခ်ျပီး သက္သာ ေပ်ာက္ကင္းေစရန္ တင္ေပးလိုက္ပါတယ္ေနာ္။

ေျပာရရင္ ဆရာေလးက ေတာ္ေတာ္ေလးကို လ်ွာရွည္တယ္။ စမ္းသပ္ ေလ့လာခ်င္တဲ့ စိတ္ေတြရွိပါတယ္။ ဆရာေလးမယ္က အသက္သာ ၅၀ ေက်ာ္လာလိုက္တာ ဖ်ားနာတာ သိပ္မရွိသေလာက္ပါဘဲ။ ငယ္ထဲက ဒီေန႔ထိ မ်က္ေစ့ က်ိမ္းတယ္ဆိုတာ ဘာမွန္းမသိဘူး မ်က္က်ိမ္းေရတို့ထားတဲ့ လက္ကိုင္ပဝါနဲ႔ တို႔တာေတာင္ မကူးပါဘူး။

တစ္ခါမွကို မ်က္ေစ့ေတာင္ မက်ိမ္းဘူးတာ။ ေအးဒါေပမဲ့ အသက္ႀကီးလာေတာ့့ ဝလာေရာ ေျခေထာက္က အေပၚဝိတ္ကို မခံနိုင္တာေရာ ေျခဆီမထြက္တာေရာေၾကာင့္ ေျခဖေနာင့္ေတြ အထိုင္အထက် နာေနပါေလေရာ ဒါေပမဲ့ လူေျပာသူေျပာနဲ႔ ေျခဖဝါးနွစ္ဖက္ကို ဆားနဲ့နာရီဝက္ေလာက္ ပြတ္ျပီး ခါးဝတ္နဲ့ ေလလံုေအာင္ပတ္ျပီး ေျခဖဝါး ေခ်ြးထုတ္ေပးတဲ့အခါ ဖေနာင့္နာတာ သက္သာလာပါတယ္။

အဲ့ဒီမွာ ဆရာေလး တစ္ခု သတိထားမိတာက ေျခဖဝါး ေခ်ြးမ်ားမ်ားထြက္ဖို႔ အေရးႀကီးပါတယ္။ ခါးဝတ္နဲ့ပတ္ျပီး တစ္နာရီေလာက္ ေခ်ြးထုတ္ထိုင္ေပမဲ့ ေခ်ြးကလိုသေလာက္ မထြက္ပါဘူး။ အဓိက ေလလံုဖို႔ပါဘဲ ေလလံုရင္ ေခ်ြးမ်ားမ်ားထြက္နိုင္မယ္ဆိုေတာ့ ဆရာေလးက ႂကြတ္ႂကြတ္အိတ္ေတြနဲ႔ ေျခေထာက္နွစ္ဖက္လံုးကို လံုေအာင္ထုတ္ျပီး တစ္နာရီေလာက္ တင္ပ်င္ေခြျပီး ထိုင္ျပီးထလိုက္တဲ့အခါ ေခ်ြေတြရွြဲနစ္ျပီး ဖေနာင့္နာတာေတြ ေပ်ာက္ကုန္ပါတယ္။

သြားနာတဲ့ ဘုန္းဘုန္းကို အဲ့လိုနည္းစနစ္နဲ႔ လုပ္လိုက္တာ ေကာင္းသြားပါတယ္။ ခါးနာတဲ့ ဆရာေလးလဲ ေကာင္းကုန္ပါေတာ့တယ္။ က်န္တဲ့အပူေတြ အေပၚတက္ေနတာေတြလဲ ေကာင္းမယ္လို႔ ဆရာေလး ထင္ပါတယ္။ ငါးခါေလာက္ လုပ္ျပီးတဲ့အခါေတာ့ ေျခဖေနာင့္ကဲြတာေတြ ေပ်ာက္ျပီး ေခ်ာမြတ္လာပါတယ္။ ဒါေၾကာင့္ နည္စနစ္အသစ္ ေျခဖဝါး ဆားပြတ္ ႂကြတ္ႂကြတ္အိတ္ ထုတ္တဲ့နည္း စနစ္ေလးကို တင္ေပးလိုက္ပါတယ္ေနာ္။

သူငယ္ခ်င္းတို႔လဲ စမ္းၾကည့္ျပီး ေကာင္းသြားရင္ ဇီဝိတဒါန အေနနဲ႔ ကုသိုလ္ယူျပီး share ေပးျပီး သူမ်ားေဝဒနာေလးေတြ ေပ်ာက္ေစရေအာင္ပါေနာ္။

ေမတၱာျဖင့္…

Credit : ပန္းၾကညိဳ

(Unicode Version)

အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ တကယ် လုပ်ကြည့်စေချင်ပါတယ်

ပျောက်စေချင်လွန်းလို့ ပြန်တင်ပေးပါတယ်နော်။ အနည်းဆုံး သုံးရက် စမ်းဖြစ်အောင် စမ်းကြည့်ပါအုံး။ အပူထုတ်ပြီးရင်တော့ ရေမချိုးရတော့ဘူးနော်။ သတိထားအုံး။ အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ။

အပူတွေအောင်းလို့ ဖနောင့် နာနေတဲ့အခါ ရိုးရိုးအပူအောင်းလို့ ခါးနာနေတဲ့အခါ ခြေထောက်ရေစိုလို့ အပူတွေ အပေါ်တက်ပြီး ခေါင်းကိုက်နေတဲ့အခါ အပူတွေ အပေါ်တက်ပြီး သွားနာနေတဲ့အခါအး အပူအပုတ်အစပ်တွေများပြီး နေရထိုင်ရတာ မအီမသာဖြစ်နေတဲ့အခါ ခြေဖဝါးတွေ ကွဲနေတဲ့အခါ ဆရာလေး တွေ့ရှိထားတဲ့ နည်းအသစ်လေးကို အသုံးချပြီး သက်သာ ပျောက်ကင်းစေရန် တင်ပေးလိုက်ပါတယ်နော်။

ပြောရရင် ဆရာလေးက တော်တော်လေးကို လျှာရှည်တယ်။ စမ်းသပ် လေ့လာချင်တဲ့ စိတ်တွေရှိပါတယ်။ ဆရာလေးမယ်က အသက်သာ ၅၀ ကျော်လာလိုက်တာ ဖျားနာတာ သိပ်မရှိသလောက်ပါဘဲ။ ငယ်ထဲက ဒီနေ့ထိ မျက်စေ့ ကျိမ်းတယ်ဆိုတာ ဘာမှန်းမသိဘူး မျက်ကျိမ်းရေတို့ထားတဲ့ လက်ကိုင်ပဝါနဲ့ တို့တာတောင် မကူးပါဘူး။

တစ်ခါမှကို မျက်စေ့တောင် မကျိမ်းဘူးတာ။ အေးဒါပေမဲ့ အသက်ကြီးလာတော့ ဝလာရော ခြေထောက်က အပေါ်ဝိတ်ကို မခံနိုင်တာရော ခြေဆီမထွက်တာရောကြောင့် ခြေဖနောင့်တွေ အထိုင်အထကျ နာနေပါလေရော ဒါပေမဲ့ လူပြောသူပြောနဲ့ ခြေဖဝါးနှစ်ဖက်ကို ဆားနဲ့နာရီဝက်လောက် ပွတ်ပြီး ခါးဝတ်နဲ့ လေလုံအောင်ပတ်ပြီး ခြေဖဝါး ချွေးထုတ်ပေးတဲ့အခါ ဖနောင့်နာတာ သက်သာလာပါတယ်။

အဲ့ဒီမှာ ဆရာလေး တစ်ခု သတိထားမိတာက ခြေဖဝါး ချွေးများများထွက်ဖို့ အရေးကြီးပါတယ်။ ခါးဝတ်နဲ့ပတ်ပြီး တစ်နာရီလောက် ချွေးထုတ်ထိုင်ပေမဲ့ ချွေးကလိုသလောက် မထွက်ပါဘူး။ အဓိက လေလုံဖို့ပါဘဲ လေလုံရင် ချွေးများများထွက်နိုင်မယ်ဆိုတော့ ဆရာလေးက ကြွတ်ကြွတ်အိတ်တွေနဲ့ ခြေထောက်နှစ်ဖက်လုံးကို လုံအောင်ထုတ်ပြီး တစ်နာရီလောက် တင်ပျင်ခွေပြီး ထိုင်ပြီးထလိုက်တဲ့အခါ ချွေတွေရွှဲနစ်ပြီး ဖနောင့်နာတာတွေ ပျောက်ကုန်ပါတယ်။

သွားနာတဲ့ ဘုန်းဘုန်းကို အဲ့လိုနည်းစနစ်နဲ့ လုပ်လိုက်တာ ကောင်းသွားပါတယ်။ ခါးနာတဲ့ ဆရာလေးလဲ ကောင်းကုန်ပါတော့တယ်။ ကျန်တဲ့အပူတွေ အပေါ်တက်နေတာတွေလဲ ကောင်းမယ်လို့ ဆရာလေး ထင်ပါတယ်။ ငါးခါလောက် လုပ်ပြီးတဲ့အခါတော့ ခြေဖနောင့်ကွဲတာတွေ ပျောက်ပြီး ချောမွတ်လာပါတယ်။ ဒါကြောင့် နည်စနစ်အသစ် ခြေဖဝါး ဆားပွတ် ကြွတ်ကြွတ်အိတ် ထုတ်တဲ့နည်း စနစ်လေးကို တင်ပေးလိုက်ပါတယ်နော်။

သူငယ်ချင်းတို့လဲ စမ်းကြည့်ပြီး ကောင်းသွားရင် ဇီဝိတဒါန အနေနဲ့ ကုသိုလ်ယူပြီး share ပေးပြီး သူများဝေဒနာလေးတွေ ပျောက်စေရအောင်ပါနော်။

မေတ္တာဖြင့်…

Credit : ပန်းကြညို