မိတၳီလာ ဝန္ဇင္းရပ္ကြက္တြင္ အုတ္ေရကန္ျပဳလုပ္ရန္ ေျမတူူးရာမွ ရိုင္ဖယ္က်ည္ဆန္ေတာင့္မ်ားႏွင့္ ဗံုးသီးေဟာင္းအခြံေတြ႔ရွိ

မိတၳီလာၿမိဳ ့နယ္ ဝန္ဇင္းရပ္ကြက္တြင္ အုတ္ေရကန္ျပဳလုပ္ရန္ ေျမတူး ရာမွ အနက္တစ္ေပခန္႔အေရာက္တြင္ ေျမႀကီးအတြင္းမွရိုင္ဖယ္ က်ည္ဆံ ေတာင္( သံေခ်းတက္မ်ား)အပါအဝင္အျခားက်ည္ဆံေတာင့္ မ်ားႏွင့္ ဗုံုးသီးေဟာင္းအခံြတစ္ခုကို ၾသဂုတ္ ၅ ရက္ ညေန ၅ နာရီအခ်ိန္က ေတြ႔ရွိခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ၀န္ဇင္းရပ္ကြက္ ျပည္ေထာင္စုတိုးခ်ဲ ့နယ္ေျမ ၃ တြက္ ခိုင္ခန္႔ျဖဴစင္ ေဆာက္လုပ္ေရးကုမၸဏီ မွ ဦးေဌးေအာင္ ၆၂ ႏွစ္ ( ဘ ) ေဆာက္လုပ္ေရးမန္ေနဂ်ာ ႏွင့္ ဝန္ထမ္းမ်ားသည္ အုတ္ေရကန္ျပဳလုပ္ရန္အတြက္ ေျမတူးစက္ျဖင့္ ေျမတူးရာမွ ေျမအနက္ ၁ ေပခန္႔အေရာက္တြင္ ေျမႀကီးအတြင္းမွ ၃၀၃ ရိုင္ဖယ္က်ည္ဆံ ၁၄၃ ေတာင့္ (သံေခ်းတက္ ) ၊ ၃၀၃ ရိုင္ဖယ္က်ည္ ထိပ္ဖူး ၅ ခု ၊ ၃၀၃ ရိုင္ဖယ္က်ည္ဆံ အခံြ ၆၀၀ ခု ( သံေခ်းတက္ ) ၊ စတင္းက်ည္ဆံ အခံြ ၂၃၀ ခု ( သံေခ်းတက္ ) ၊ ဗံုးသီးေဟာင္း အခြံဟု ယူဆရေသာ အရွည္ ၆ လကၼ ၊ လံုးပတ္ ၈ လကၼလက္ခန္႔ရွိ တဖက္ပြင့္ ( သံေခ်းတက္ ) တို႔အား ေတြ႔ရွိခဲ့ရသည္။

အဆိုပါ က်ည္ဆန္ေတာင့္မ်ား ႏွင့္ ဗံုးသီးေဟာင္းအခြံ မ်ားေတြ႔ရွိမႈအား မန္ေနဂ်ာ ဦးေဌးေအာင္က ဝန္ဇင္းရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴး ဦးေက်ာ္ၿငိမ္းအေၾကာင္းၾကားခဲၿပီး ၄င္းမွ အမွတ္ ( ၂ ) နယ္ေျမ ရဲစခန္းမွဴးရဲအုပ္ေဇာ္ဝင္းထံအေၾကာင္းၾကားခဲ့ၿပီး ၄င္းက်ည္ဆန္ေတာင့္မ်ားႏွင့္ ဗံုးသီးေဟာင္းအခြံတို႔အား အမွတ္ ၉၁၁ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ ၊ တပ္ခဲြ(၃) တပ္ၾကပ္ႀကီး တင္ထြန္းေအာင္ထံသို႔ စနစ္တက် ဆက္လက္လဲႊေျပာင္းေပးအပ္ခဲ့ေၾကာင္းသိရသည္။

ခ်မ္းသာ ( မိတၳီလာ )

Source : Myanmaalinn

(Unicode Version)

မိတ္ထီလာ ဝန်ဇင်းရပ်ကွက်တွင် အုတ်ရေကန်ပြုလုပ်ရန် မြေတူူးရာမှ ရိုင်ဖယ်ကျည်ဆန်တောင့်များနှင့် ဗုံးသီးဟောင်းအခွံတွေ့ရှိ

မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်တွင် အုတ်ရေကန်ပြုလုပ်ရန် မြေတူး ရာမှ အနက်တစ်ပေခန့်အရောက်တွင် မြေကြီးအတွင်းမှရိုင်ဖယ် ကျည်ဆံ တောင်( သံချေးတက်များ)အပါအဝင်အခြားကျည်ဆံတောင့် များနှင့် ဗုံးသီးဟောင်းအခွံတစ်ခုကို သြဂုတ် ၅ ရက် ညနေ ၅ နာရီအချိန်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဝန်ဇင်းရပ်ကွက် ပြည်ထောင်စုတိုးချဲ့နယ်မြေ ၃ တွက် ခိုင်ခန့်ဖြူစင် ဆောက်လုပ်ရေးကုမ္ပဏီ မှ ဦးဌေးအောင် ၆၂ နှစ် ( ဘ ) ဆောက်လုပ်ရေးမန်နေဂျာ နှင့် ဝန်ထမ်းများသည် အုတ်ရေကန်ပြုလုပ်ရန်အတွက် မြေတူးစက်ဖြင့် မြေတူးရာမှ မြေအနက် ၁ ပေခန့်အရောက်တွင် မြေကြီးအတွင်းမှ ၃၀၃ ရိုင်ဖယ်ကျည်ဆံ ၁၄၃ တောင့် (သံချေးတက် ) ၊ ၃၀၃ ရိုင်ဖယ်ကျည် ထိပ်ဖူး ၅ ခု ၊ ၃၀၃ ရိုင်ဖယ်ကျည်ဆံ အခွံ ၆၀၀ ခု ( သံချေးတက် ) ၊ စတင်းကျည်ဆံ အခွံ ၂၃၀ ခု ( သံချေးတက် ) ၊ ဗုံးသီးဟောင်း အခွံဟု ယူဆရသော အရှည် ၆ လက္မ ၊ လုံးပတ် ၈ လက္မလက်ခန့်ရှိ တဖက်ပွင့် ( သံချေးတက် ) တို့အား တွေ့ရှိခဲ့ရသည်။

အဆိုပါ ကျည်ဆန်တောင့်များ နှင့် ဗုံးသီးဟောင်းအခွံ များတွေ့ရှိမှုအား မန်နေဂျာ ဦးဌေးအောင်က ဝန်ဇင်းရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးကျော်ငြိမ်းအကြောင်းကြားခဲပြီး ၎င်းမှ အမှတ် ( ၂ ) နယ်မြေ ရဲစခန်းမှူးရဲအုပ်ဇော်ဝင်းထံအကြောင်းကြားခဲ့ပြီး ၎င်းကျည်ဆန်တောင့်များနှင့် ဗုံးသီးဟောင်းအခွံတို့အား အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ် ၊ တပ်ခွဲ(၃) တပ်ကြပ်ကြီး တင်ထွန်းအောင်ထံသို့ စနစ်တကျ ဆက်လက်လွဲှပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ချမ်းသာ ( မိတ္ထီလာ )

Source : Myanmaalinn