ေဆးထိုး ေဆးေသာက္ ရတဲ့ အထိ ျဖစ္သြားတဲ့ ၿဖိဳးျမတ္ေအာင္အတြက္ ပရိတ္သတ္မ်ား စိုးရိမ္ေန

မေန႔က တနဂၤေႏြေန႔မွာ ျမန္မာ Idol ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဇာတိေျမကို ျပန္လာခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ဟာ လမ္းခရီးတေလွ်ာက္ ႀကိဳဆိုသူမ်ား မ်ားျပားမႈေၾကာင့္ ဇာတိ ဟသၤာတကို ေရာက္ခ်ိန္ေနာက္က်ခဲ့ရပါတယ္။ သူ ဟသၤာတကို ေရာက္ခ်ိန္မွာေတာ့ မိုးဖြဲေလးမ်ားက်လွ်က္ရွိၿပီး ပရိတ္သတ္ေတြဟာလည္း မိုးဖြဲမ်ားၾကားမွာ ထီးမ်ားေဆာင္းၿပီး ဇြဲရွိရွိႀကိဳဆိုခဲ့ၾကပါတယ္။

ၿဖိဳးျမတ္ေအာင္ရဲ႕ ဇာတာ စန္းလာဘ္ေအာင္ျမင္မႈဟာ ေၾကာက္ခမန္းလိလိပါပဲ။ သူ႔အရင္ ျမန္မာIdol ကေန အိမ္ျပန္ခဲ့ၾကတဲ့ နာမည္ေက်ာ္ ေဇာ္မင္းဦး၊ သားငယ္၊ ရဲေနာင္၊ ဘီလီ တို႔ထက္ေက်ာ္လြန္ကာ ႀကိဳဆိုသူေပါင္းမ်ားလြန္းလို႔ စံခ်ိန္သစ္တင္လိုက္ရပါတယ္။

ခုျပန္တာဟာ ဖိုင္နယ္ပြဲၿပီးလို႔ အၿပီးျပန္တာမ်ိဳးမဟုတ္ပဲ ေနာက္ဆံုးဖိုင္နယ္မၿပိဳင္ခင္ မိသားစုနဲ႔ေတြ႕ခြင့္ျပဳလို႔ အလည္ျပန္လာတဲ့ သေဘာပါ။ ခရီးစဥ္မွာ သူေျပာျပထားတဲ့အစီစဥ္ေတြကေတာ့ သူကိုးကြယ္တဲ့ ဆရာေတာ္ဆီ သြားေရာက္ဖူးေမွ်ာ္မယ္၊ စာသင္ေက်ာင္းေလးေတြမွာ လိုအပ္တာေတြ လႉဒါန္းမယ္၊ ပရိတ္သတ္ေတြ အမ်ိဳးေတြနဲ႔ ေတြ႕ဆံုေဖ်ာ္ေျဖမယ္လို႔ သိရပါတယ္။ မေန႔ညကေတာ့ ဆရာေတာ္နဲ႔ေတြ႕ဆံုခဲ့ၿပီး ျဖစ္ပါတယ္။

မေန႔က တေန႔လံုးရန္ကုန္ကထြက္လာၿပီးကတည္းက မိုးရြားေနပူထဲမွာ ပရိတ္သတ္နဲ႔ ေတြ႕ဆံုေဖ်ာ္ေျဖခဲ့လို႔ ညပိုင္းေရာက္ခ်ိန္မွာေတာ့ ၿဖိဳးျမတ္ေအာင္ဟာ ေဆးထိုးေဆးေသာက္ထားရတယ္လို႔ ဆိုပါတယ္။

ၿပိဳင္ပြဲဝင္အခ်ိန္မွာတုန္းကလဲ အေအးအပူမမွ်တမႈေၾကာင့္ အာသီးေယာက္ရမ္းမႈျဖစ္ကာ သီခ်င္းဆိုရာမွာ အေႏွာက္အယွက္ျဖစ္ခဲ့လို႔ ဦးသိန္းတန္ကေတာင္ ေမးခဲ့ပါေသးတယ္။ ထိုအခ်ိန္က ဦးသိန္းတန္ဟာ ၿဖိဳးျမတ္ေအာင္ကို အာသီးေယာင္ေနတာေတာင္ ဒီေလာက္ဆိုႏိုင္ေသးတယ္ေနာ္ဆိုၿပီး မွတ္ခ်က္ျပဳခဲ့ပါတယ္။

ပရိတ္သတ္မ်ားကလည္း မိုးရြာထဲမွာသီခ်င္​းဆို​ေနတဲ့ Phyo Myat Aung အာသီးမ​ေယာင္​​ေအာင္​မဖ်ား​ေအာင္​ဂ႐ုစိုက္​ပါ​ေနာ္ ​final ​ေရာက္​ၿပီဆို​ေတာ့ အမွားျဖစ္​မွာစိုးလို႔ပါ ဆိုတဲ့ message မ်ားျဖင့္ သတိေပးၾကတာလည္း ေတြ႕ရပါတယ္။

ၿဖိဳးျမတ္ေအာင္ တစ္ေယာက္ ဖိုင္နယ္မွာ အခက္အခဲမရွိေက်ာ္ျဖတ္ႏိုင္ပါေစ။

Source : Myanmar Live လတ္တေလာ ျမန္မာ့သတင္းမ်ား Page

(Unicode Version)

ဆေးထိုး ဆေးသောက် ရတဲ့ အထိ ဖြစ်သွားတဲ့ ဖြိုးမြတ်အောင်အတွက် ပရိတ်သတ်များ စိုးရိမ်နေ

မနေ့က တနင်္ဂနွေနေ့မှာ မြန်မာ Idol ရဲ့ ခွင့်ပြုချက်နဲ့ ဇာတိမြေကို ပြန်လာခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ လမ်းခရီးတလျှောက် ကြိုဆိုသူများ များပြားမှုကြောင့် ဇာတိ ဟင်္သာတကို ရောက်ချိန်နောက်ကျခဲ့ရပါတယ်။ သူ ဟင်္သာတကို ရောက်ချိန်မှာတော့ မိုးဖွဲလေးများကျလျှက်ရှိပြီး ပရိတ်သတ်တွေဟာလည်း မိုးဖွဲများကြားမှာ ထီးများဆောင်းပြီး ဇွဲရှိရှိကြိုဆိုခဲ့ကြပါတယ်။

ဖြိုးမြတ်အောင်ရဲ့ ဇာတာ စန်းလာဘ်အောင်မြင်မှုဟာ ကြောက်ခမန်းလိလိပါပဲ။ သူ့အရင် မြန်မာIdol ကနေ အိမ်ပြန်ခဲ့ကြတဲ့ နာမည်ကျော် ဇော်မင်းဦး၊ သားငယ်၊ ရဲနောင်၊ ဘီလီ တို့ထက်ကျော်လွန်ကာ ကြိုဆိုသူပေါင်းများလွန်းလို့ စံချိန်သစ်တင်လိုက်ရပါတယ်။

ခုပြန်တာဟာ ဖိုင်နယ်ပွဲပြီးလို့ အပြီးပြန်တာမျိုးမဟုတ်ပဲ နောက်ဆုံးဖိုင်နယ်မပြိုင်ခင် မိသားစုနဲ့တွေ့ခွင့်ပြုလို့ အလည်ပြန်လာတဲ့ သဘောပါ။ ခရီးစဉ်မှာ သူပြောပြထားတဲ့အစီစဉ်တွေကတော့ သူကိုးကွယ်တဲ့ ဆရာတော်ဆီ သွားရောက်ဖူးမျှော်မယ်၊ စာသင်ကျောင်းလေးတွေမှာ လိုအပ်တာတွေ လှူဒါန်းမယ်၊ ပရိတ်သတ်တွေ အမျိုးတွေနဲ့ တွေ့ဆုံဖျော်ဖြေမယ်လို့ သိရပါတယ်။ မနေ့ညကတော့ ဆရာတော်နဲ့တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

မနေ့က တနေ့လုံးရန်ကုန်ကထွက်လာပြီးကတည်းက မိုးရွားနေပူထဲမှာ ပရိတ်သတ်နဲ့ တွေ့ဆုံဖျော်ဖြေခဲ့လို့ ညပိုင်းရောက်ချိန်မှာတော့ ဖြိုးမြတ်အောင်ဟာ ဆေးထိုးဆေးသောက်ထားရတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်အချိန်မှာတုန်းကလဲ အအေးအပူမမျှတမှုကြောင့် အာသီးယောက်ရမ်းမှုဖြစ်ကာ သီချင်းဆိုရာမှာ အနှောက်အယှက်ဖြစ်ခဲ့လို့ ဦးသိန်းတန်ကတောင် မေးခဲ့ပါသေးတယ်။ ထိုအချိန်က ဦးသိန်းတန်ဟာ ဖြိုးမြတ်အောင်ကို အာသီးယောင်နေတာတောင် ဒီလောက်ဆိုနိုင်သေးတယ်နော်ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

ပရိတ်သတ်များကလည်း မိုးရွာထဲမှာသီချင်းဆိုနေတဲ့ Phyo Myat Aung အာသီးမယောင်အောင်မဖျားအောင်ဂရုစိုက်ပါနော် final ရောက်ပြီဆိုတော့ အမှားဖြစ်မှာစိုးလို့ပါ ဆိုတဲ့ message များဖြင့် သတိပေးကြတာလည်း တွေ့ရပါတယ်။

ဖြိုးမြတ်အောင် တစ်ယောက် ဖိုင်နယ်မှာ အခက်အခဲမရှိကျော်ဖြတ်နိုင်ပါစေ။

Source : Myanmar Live လတ်တလော မြန်မာ့သတင်းများ Page