WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ေန႔စဥ္မိုးေလဝသ သတင္း (၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၆ ရက္ေန႔ ည ၇:၀၀ နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

Posted on August 6, 2018 by whuk-46651

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၈:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအလြန္ ေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

မနက္ျဖန္မြန္းတည့္ခ်ိန္ထိခန္႔မွန္းခ်က္။ ကခ်င္ျပည္နယ္တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ေဒသအလိုက္ႏွင့္ စစ္ကိုင္းတိုင္းေဒသၾကီးေအာက္ပိုင္း၊ မႏၱေလးတိုင္းေဒသၾကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္ ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန္႔ႏွင့္ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၆)ေပမွ (၉)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးဆက္လက္ပိုေနမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္ထိခန္႔မွန္းခ်က္။မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္ထိခန္႔မွန္းခ်က္။ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္ထိခန္႔မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း ျပည့္ ျဖစ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညြန္ၾကားမႈဦးစီးဌာန

(Unicode Version)

နေ့စဉ်မိုးလေဝသ သတင်း (၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန် ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes