နို့ထွက်ကောင်းစေတယ်
Source : My Food Myanmar
(Unicode Version)
ကိုယ်ဝန်ဆောင် မိခင်တွေ ငှက်ပျောဖူးကို စားပေးသင့်သည့် အကြောင်းအရင်း
ငှက်ပျောဖူးကို စားဖူးကြမှာပါနော်။ အရသာရှိပြီး အဟာရဓါတ်ကြွယ်ဝပါတယ်။ ငှက်ပျောဖူးကို ကိုယ်ဝန်ဆောင်မိခင်တွေ စားလို့ရသလားလို့ မေးလာရင် ရပါတယ်နော်။ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ပါဝင်တဲ့အကျိုးကျေးဇူးတွေကိုပြောရရင်တော့
သွေးအားနည်းရောဂါနဲ့ ဆီးချိုကိုကုသပေးနိုင်တယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါကို ငှက်ပျောဖူးစားပေးခြင်းဖြင့် ကြိုပြီး ရှောင်ကျဉ်လို့ရပါတယ်။ ငှက်ပျောဖူးဟာ သွေးတွင်း သကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်သလို အမျှင်ဓါတ်နဲ့ သံဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးအားနည်းရောဂါမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ပေးနိုင်ပြီး ကုသပေးနိုင်ပါတယ်။
သွေးထွက်များတာကို လျှော့ချပေးပြီး ကိုယ်လက်မအီမသာဖြစ်တာကို လျှော့ချပေးပါတယ်။
မီးဖွားနေချိန်မှာ သွေးထွက်များတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ကိုယ်ဝန်စရှိချိန်မှာ ကိုယ်လက်မအီမသာဖြစ်တာ၊ နေထိုင်မကောင်းဖြစ်တာကို သက်သာစေပါတယ်။
ရင်သွေးလေးကို ကျန်းမာစေတယ်။
ရင်သွေးကို ကျန်းမာစေပြီး ရောဂါပိုး ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
နို့ထွက်ကောင်းစေတယ်
ငှက်ပျောဖူးကို စားပေးတာဟာ နို့ထွက်ကောင်းစေပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို ပိုပြီးအဟာရတွေ ပေးစွမ်နိုင်လို့ ကလေးငယ်ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
Source : My Food Myanmar
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်