စိုုးရိမ္စရာ ျဖစ္လာေနတဲ့ ထိုုင္းေရကာတာ ေရတပ္နဲ ့ အာဏာပိုုင္မ်ား ၂၄ နာရီအသင့္ ျပင္ဆင္ေစာင့္ၾကည့္ေန

ၾသဂုုတ္လ (၅ ) ရက္ကေန (၈) ရက္အထိ ထိုုင္းနိုုင္ငံ ေတာင္ပိုုင္းနဲ ့ ေျမာက္ပိုုင္း ျပည္နယ္ေတြမွာ မိုုးရည္ခ်ိန္ မ်ားလာမယ္လိုု ့ မိုုးဇလ က သတိေပးခ်က္ ထုုတ္ျပန္ထားပါတယ္။ ယခုုရက္ပိုုင္းအတြင္း အေရးေပၚေစာင့္ၾကည့္ေနၾကတဲ့ Petchaburi ဖက္ခ်ဘူရီျပည္နယ္ Kaeng Krachan Dam ကန္ကရခ်ိန္ ေရကာတာၾကီး ျဖစ္ပါတယ္။

ျမန္မာနိုုင္ငံ တနလၤာရီတိုုင္း ျမိတ္ နဲ ့အနီးဆံုုး ေတာင္တန္းၾကီးေတြကေန စီးဆင္းတဲ့ ေရေတြကိုု ေရကာတာ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ေရကာတာၾကီးရဲ ့စိုုးရိမ္ေရမွတ္ ေရာက္လာျပီျဖစ္လိုု ့ဧရာမ ပိုုက္လံုုးၾကီးေတြနဲ ့ ေရစုုတ္ထုုတ္ေပးေနသလိုု ျပည္နယ္အာဏာပိုုင္ေတြဟာ အေရးေပၚ ျပင္ဆင္မွုုေတြလည္း ျပဳလုုပ္ေနၾကပါတယ္။

ေရကာတာက်ိဳးေပါက္ရင္ အာဏာပိုုင္ေတြက ဘယ္ကလာမွန္း မသိတဲ့ ေတာင္က်ေရလိုု႔ ဖုုန္းကြယ္လိုု ့မရပါဘူး။ စစ္သားေတြကိုု ကယ္ဆယ္ေရး ပစၥည္း မျပည့္မစံုုနဲ ့ ေရၾကီးတဲ့ေနရာ တြန္းလြတ္ရင္ ေရနစ္ေသဖို႔သာ ရွိပါတယ္။ အေရးေပၚ အေျခအေနမွာ အေျခအေနမွာ ထိုုင္းေရတပ္က ကယ္ဆယ္ေရး စက္ေလွေတြဟာ ဖက္ခ်ဘူရီ ျမစ္ေၾကာင္းနဲ ့ ေရကာကေန စီးလာမယ္ ေရေခ်ာင္းေတြမွာ ေရာက္ေနပါျပီ။

ထိုုင္းစစ္တပ္ကိုု ျပည္သူေတြက ေထာက္ခံေလးစားတဲ့ အခ်က္မွာ လူထုုကယ္ဆယ္ေရး လုုပ္ငန္းဆိုု ေရွ ့ကေန ဦးေဆာင္ကူညီေလ့ ရွိပါတယ္။ ေရၾကီးမွ အရင္းအႏွီး နည္းတိုုင္သမွ်နည္းေအာင္ နယ္ေျမစစ္တပ္ကိုု တပ္စိတ္တဆိပ္ ေစလႊတ္ျပီး လမ္းရွင္းခိုုင္းတာမ်ိဳး မလုုပ္ပါပဲ၊ စစ္တပ္ ေလယာဥ္ ရဟတ္ယာဥ္နဲ ့ ေရတပ္ပိုုင္ ေရယာဥ္ေတြသံုုးျပီး ျပည္သူကိုုအကူညီေပးၾကပါတယ္။ ဖက္ခ်ဘူရီျမိဳ ့တြင္းမွာ ေရၾကီးလာနိုုင္တဲ့ ေနရာေတြကိုု ၾကိဳတင္ ကာကယ္လုုပ္ငန္းေတြ လုုပ္ေနၾကတာေတြ ့ရပါတယ္။

Source : SAW

(Unicode Version)

စိုးရိမ်စရာ ဖြစ်လာနေတဲ့ ထိုင်းရေကာတာ ရေတပ်နဲ့ အာဏာပိုင်များ ၂၄ နာရီအသင့်ပြင်စောင့်ကြည့်နေ

သြဂုတ်လ (၅ ) ရက်ကနေ (၈) ရက်အထိ ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်နယ်တွေမှာ မိုးရည်ချိန် များလာမယ်လို့ မိုးဇလ က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ယခုရက်ပိုင်းအတွင်း အရေးပေါ်စောင့်ကြည့်နေကြတဲ့ Petchaburi ဖက်ချဘူရီပြည်နယ် Kaeng Krachan Dam ကန်ကရချိန် ရေကာတာကြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တနင်္လာရီတိုင်း မြိတ် နဲ့အနီးဆုံး တောင်တန်းကြီးတွေကနေ စီးဆင်းတဲ့ ရေတွေကို ရေကာတာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရေကာတာကြီးရဲ့စိုးရိမ်ရေမှတ် ရောက်လာပြီဖြစ်လို့ဧရာမ ပိုက်လုံးကြီးတွေနဲ့ ရေစုတ်ထုတ်ပေးနေသလို ပြည်နယ်အာဏာပိုင်တွေဟာ အရေးပေါ် ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါတယ်။

ရေကာတာကျိုးပေါက်ရင် အာဏာပိုင်တွေက ဘယ်ကလာမှန်း မသိတဲ့ တောင်ကျရေလို့ ဖုန်းကွယ်လို့မရပါဘူး။ စစ်သားတွေကို ကယ်ဆယ်ရေး ပစ္စည်း မပြည့်မစုံနဲ့ ရေကြီးတဲ့နေရာ တွန်းလွတ်ရင် ရေနစ်သေဖို့သာ ရှိပါတယ်။ အရေးပေါ် အခြေအနေမှာ အခြေအနေမှာ ထိုင်းရေတပ်က ကယ်ဆယ်ရေး စက်လှေတွေဟာ ဖက်ချဘူရီ မြစ်ကြောင်းနဲ့ ရေကာကနေ စီးလာမယ် ရေချောင်းတွေမှာ ရောက်နေပါပြီ။

ထိုင်းစစ်တပ်ကို ပြည်သူတွေက ထောက်ခံလေးစားတဲ့ အချက်မှာ လူထုကယ်ဆယ်ရေး လုပ်ငန်းဆို ရှေ့ကနေ ဦးဆောင်ကူညီလေ့ ရှိပါတယ်။ ရေကြီးမှ အရင်းအနှီး နည်းတိုင်သမျှနည်းအောင် နယ်မြေစစ်တပ်ကို တပ်စိတ်တဆိပ် စေလွှတ်ပြီး လမ်းရှင်းခိုင်းတာမျိုး မလုပ်ပါပဲ၊ စစ်တပ် လေယာဉ် ရဟတ်ယာဉ်နဲ့ ရေတပ်ပိုင် ရေယာဉ်တွေသုံးပြီး ပြည်သူကိုအကူညီပေးကြပါတယ်။ ဖက်ချဘူရီမြို့တွင်းမှာ ရေကြီးလာနိုင်တဲ့ နေရာတွေကို ကြိုတင် ကာကယ်လုပ်ငန်းတွေ လုပ်နေကြတာတွေ့ရပါတယ်။

Source : SAW

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္