ေအာင္ျမင္မွု ေပးမယ္ဆိုၿပီး အတူတူ အိပ္ခိုင္းတဲ့ ကမ္းလွမ္းခ်က္ေတြ ၾကံဳခဲ့ရတယ္ဆိုတဲ့ နဒီဝင့္ႏိုင္

အႏုပညာေလာကမွာ ရပ္တည္လာတာ ၾကာေနျပီျဖစ္တဲ့ နဒီဝင့္ႏိုင္တစ္ေယာက္ကေတာ့ ေအာင္ျမင္မွုေပးမယ္ဆိုျပီး အတူတူအိပ္ေပးရမယ္ဆိုတဲ့ ကမ္းလွမ္းမွုမ်ိဳးေတြ ၾကံဳခဲ့ရဖူးတယ္လို႔ဆိုလာပါတယ္။

ကိုယ္ေတြလည္း ၾကံဳပါတယ္။ ၾကံဳရတယ္ဆိုတာက ကိုယ္ကိုတိုင္နဲ႔လည္း ဆိုင္ပါတယ္ အဲဒါက။ သူမ်ားတစ္ေယာက္လုပ္လို႔ အကုန္လံုးလုပ္ရမယ္လို႔လည္း မေျပာလိုဘူးေလ။ ဒီအႏုပညာက ကံလည္းလိုတယ္ စန္းလည္းလိုတယ္ ဘုရား၊ တရားလည္းလုိတယ္။

အေနာက္က Back Ground လည္းလုိတယ္။ ကိုယ္ေတြဆိုရင္ ေအာက္ေျခကေနတက္လာတာ။ သူငယ္ခ်င္းအခန္းေတြကေန Second အဲ့လိုမ်ိဳးဆိုေတာ့ ကိုယ္ေတြဘဝတုန္းက ေတာ္ေတာ္ေလးၾကမ္းတယ္။

စပြန္ဆာဆိုတာ တကယ္လိုအပ္လားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ အားလံုး ျခံဳျပီးေတာ့ေျပာၾကည့္တာေပါ့ေနာ္။ ဘုရားေတာင္မွ အမွီရွိမွပြင့္တယ္ဆိုေတာ့။ ကိုယ္ေတြဆိုလည္း ခု အိမ္ကအငယ္မေလး အႏုပညာလုပ္ခ်င္တယ္ ဆိုေတာ့ ကိုယ္ကအေနာက္က ဘာမွမပံ့ပုိးေပးႏုိင္ဘူး။ နင္လုပ္ခ်င္လုပ္ မလုပ္ခ်င္ေန ငါကေတာ့ လံုးဝအားမေပးဘူး။ ေက်ာင္းျပီးေအာင္လုပ္ရမယ္ေပါ့ေနာ္ အဲလိုေျပာတယ္ အဲေတာ့ နင့္ကိုလည္းငါဘာမွလိုက္မပံ့ပိုးေပးႏုိင္ဘူး။

ငါတို႔တုန္းကလည္း ကိုယ့္ေျခေထာက္နဲ႔ကို ကိုယ့္ဘာသာရပ္ရတာ အဲလိုမ်ိဳးေတြဆုိေတာ့ တခါတေလက်ေတာ့လည္းလိုပါတယ္။ လိုတယ္ဆိုတာ ခုဆုိရင္သူသြားတာ လာတာအဆင္ေျပဘူးဆိုရင္ ကိုယ္ကားနဲ႔လိုက္ပို႔ေပးတာတို႔ သူမ်က္ႏွာငယ္ရမယ့္ေနရာေတြဆိုကိုယ့္မ်က္နွာေလးျပေပးလိုက္တာတုိ႔ေတာ့ ရွိတာေပါ့ ဒါေပမယ့္ သူ႔ကိုတခါတည္းေျပာထားတယ္ နင္ဝါသနာပါရင္ေတာ့လုပ္ ငါေတာ့ အားမေပးဘူးလို႔ ေျပာထားလိုက္တယ္

Source : Popular Journal

(Unicode Version)

အောင်မြင်မှု ပေးမယ်ဆိုပြီး အတူတူ အိပ်ခိုင်းတဲ့ ကမ်းလှမ်းချက်တွေ ကြုံခဲ့ရတယ်ဆိုတဲ့ နဒီဝင့်နိုင်

အနုပညာလောကမှာ ရပ်တည်လာတာ ကြာနေပြီဖြစ်တဲ့ နဒီဝင့်နိုင်တစ်ယောက်ကတော့ အောင်မြင်မှုပေးမယ်ဆိုပြီး အတူတူအိပ်ပေးရမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးတွေ ကြုံခဲ့ရဖူးတယ်လို့ဆိုလာပါတယ်။

ကိုယ်တွေလည်း ကြုံပါတယ်။ ကြုံရတယ်ဆိုတာက ကိုယ်ကိုတိုင်နဲ့လည်း ဆိုင်ပါတယ် အဲဒါက။ သူများတစ်ယောက်လုပ်လို့ အကုန်လုံးလုပ်ရမယ်လို့လည်း မပြောလိုဘူးလေ။ ဒီအနုပညာက ကံလည်းလိုတယ် စန်းလည်းလိုတယ် ဘုရား၊ တရားလည်းလိုတယ်။

အနောက်က Back Ground လည်းလိုတယ်။ ကိုယ်တွေဆိုရင် အောက်ခြေကနေတက်လာတာ။ သူငယ်ချင်းအခန်းတွေကနေ Second အဲ့လိုမျိုးဆိုတော့ ကိုယ်တွေဘဝတုန်းက တော်တော်လေးကြမ်းတယ်။

စပွန်ဆာဆိုတာ တကယ်လိုအပ်လားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အားလုံး ခြုံပြီးတော့ပြောကြည့်တာပေါ့နော်။ ဘုရားတောင်မှ အမှီရှိမှပွင့်တယ်ဆိုတော့။ ကိုယ်တွေဆိုလည်း ခု အိမ်ကအငယ်မလေး အနုပညာလုပ်ချင်တယ် ဆိုတော့ ကိုယ်ကအနောက်က ဘာမှမပံ့ပိုးပေးနိုင်ဘူး။ နင်လုပ်ချင်လုပ် မလုပ်ချင်နေ ငါကတော့ လုံးဝအားမပေးဘူး။ ကျောင်းပြီးအောင်လုပ်ရမယ်ပေါ့နော် အဲလိုပြောတယ် အဲတော့ နင့်ကိုလည်းငါဘာမှလိုက်မပံ့ပိုးပေးနိုင်ဘူး။

ငါတို့တုန်းကလည်း ကိုယ့်ခြေထောက်နဲ့ကို ကိုယ့်ဘာသာရပ်ရတာ အဲလိုမျိုးတွေဆိုတော့ တခါတလေကျတော့လည်းလိုပါတယ်။ လိုတယ်ဆိုတာ ခုဆိုရင်သူသွားတာ လာတာအဆင်ပြေဘူးဆိုရင် ကိုယ်ကားနဲ့လိုက်ပို့ပေးတာတို့ သူမျက်နှာငယ်ရမယ့်နေရာတွေဆိုကိုယ့်မျက်နှာလေးပြပေးလိုက်တာတို့တော့ ရှိတာပေါ့ ဒါပေမယ့် သူ့ကိုတခါတည်းပြောထားတယ် နင်ဝါသနာပါရင်တော့လုပ် ငါတော့ အားမပေးဘူးလို့ ပြောထားလိုက်တယ်

Source : Popular Journal