လူ႔ေလာကထဲကို ေရာက္႐ွိလာၿပီ ျဖစ္တဲ့ ျမင့္ျမတ္ရဲ႕ သားေလး

ျမင့္ျမတ္ရဲ႕ သားေလးက လူ႕ေလာကထဲကို ေရာက္ရွိလို႕ လာပါၿပီ။ သားေလးကို ဒီေန႕မနက္(၉)နာရီ(၁၅)မိနစ္က ရန္ကုန္ၿမိဳ႕ ဝိတိုရိယ ေဆးရံုမွာ ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ေမြးေန႕ခ်င္းတူတဲ့ သားေလးကို ပိုင္ဆိုင္ခြင့္ရတဲ့ ျမင့္ျမတ္တစ္ ေယာက္ ေတာ္ေတာ့္ကို ေပ်ာ္လို႕ေနပါတယ္။

သရုပ္ေဆာင္ ျမင့္ျမတ္ရဲ႕ သားေလးက ဒီေန႕(ၾသဂုတ္လ၇ရက္)မွာ လူ႕ေလာကထဲကို ေရာက္ရွိလို႕လာပါၿပီ။ သားေလးကို ဒီေန႕မနက္ (၉)နာရီ(၁၅)မိနစ္က ရန္ကုန္ၿမိဳ႕ ဝီတိုရိယ ေဆးရံုမွာ ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ပါၿပီ။ ျမင့္ျမတ္ဟာ သားေလးကို သူ႕နဲ႕ ေမြးေန႕ခ်င္းတူေအာင္လို႕ ဇနီးျဖစ္သူကို ဗိုက္ခြဲေမြးေစခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ သားေလးေကာ မိခင္ပါ က်န္းမာေရးေကာင္းတယ္လို႕ သိရပါတယ္။

ျမင့္ျမတ္တစ္ေယာက္ သူ႕ရဲ႕ ေမြးေန႕မွာ သူအလိုခ်င္ဆံုးေမြးေန႕လက္ေဆာင္ကို ရလို႕ ေတာ္ေတာ့္ကို ေပ်ာ္ေနပါၿပီ။သူ႕ဘဝထဲေရာက္ရွိလာတဲ့ သားေလးရဲ႕ ပံုကိုလည္း တတ္တူးထုိးဖို႕ စဥ္းစားထားတယ္လို႕ ဆုိပါတယ္။သားေလးပံုကို တက္တူးထိုးဖို႕ကိုလည္း ညာဘက္ခ်ိဳင္းေအာက္မွာ ထိုးဖို႕ ေနရာခ်န္ထားတယ္လို႕ ျမင့္ျမတ္က ဆုိပါတယ္။ျမင့္ျမတ္ဟာ အခ်ိန္ရရင္ ရသလို ဇနီးျဖစ္သူနဲ႕ သားေလးရဲ႕ ေရွ႕ေရးေလးေတြ တိုင္ပင္ျဖစ္တယ္တဲ့။

သူ႕ကို ဘယ္လိုျဖစ္ျဖစ္ အားေပးေနၾကတဲ့ ပရိသတ္ကိုလည္း သူ႕ရဲ႕ သားေလးကို ခ်စ္ေပးဖို႕ ေတာင္းဆိုထားပါေသးတယ္။

“ကေလးေရွ႕ရဲ႕ ေရွ႕ေရးနဲ႕ ပတ္သက္ၿပီး အခ်ိန္ရရင္ ရသလို တိုင္ပင္ျဖစ္ၾကတယ္။အေကာင္းဆံုးျဖစ္ေအာင္ေပ့ါ။ ကံေကာင္းတာ လား ဘာလား ေတာ့မသိဘူး။ သူကၽြန္ေတာ္တို႕ ဘဝထဲေရာက္လာၿပီဆုိရင္ ကိုယ္ျဖစ္ခ်င္တာထက္ သူဘာျဖစ္ခ်င္လဲ ဆိုတဲ့အေပၚမွာ အေကာင္း ဆံုးျဖစ္ ေအာင္လုပ္ေပးသြားမွာပါ။ကၽြန္ေတာ္မိန္းမယူလည္း ကၽြန္ေတာ့္မိန္းမကို အားလံုးဝိုင္းခ်စ္ေပးၾကတယ္။ ခင္ၾကတယ္။ အခုကၽြန္ ေတာ့္ သား ေလးကိုလည္း ဝိုင္းၿပီးခ်စ္ေပးခင္ေပးၾက ပါဦးလို႕ ေျပာခ်င္ပါတယ္” ဆိုၿပီး Duwun Media ရဲ႕ ယခင္က အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ၾသဂုတ္လ(၇) ရက္ေန႕မွာ က်ေရာက္မယ့္ ျမင့္ျမတ္ရဲ႕ ေမြးေန႕အတြက္ကိုလည္း သူ႕ရဲ႕ Fan ေတြက ၾသဂုတ္လ(၆) ရက္ေန႕ မနက္က ေနတိုးရဲ႕ Story Book Studio မွာ ေမြးေန႕အႀကိဳပြဲေလး ျပဳလုပ္ေပးခဲ့ပါေသးတယ္။

ျမင့္ျမတ္ကေတာ့ ခ်စ္သူေကာင္မေလးျဖစ္တဲ့ ခင္သူေအာင္နဲ႕ ခ်စ္သူသက္တမ္း ငါးႏွစ္ေက်ာ္မွာ ေရႊလက္တြဲခဲ့တာ ျဖစ္ပါတယ္။ မဂၤလာဧည့္ခံပြဲ ကို ေဖေဖာ္ဝါရီ(၁၅) ရက္ေန႕ ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီ(၂၂)ရက္ေန႕ညေနက ေအာင္ေျမသာ ဇံၿမိဳ႕နယ္၊ ၈၅×၈၆လမ္းၾကား၊ ၁၀×၁၁ၾကားရွိ ဗုဒၶဘာသာမင္းတဲ့စာသင္ေက်ာင္းမွာ မဂၤလာပြဲကို ဆက္လက္က်င္းပခဲ့တာျဖစ္ပါတယ္။

Source : Duwun

(Unicode Version)

လူ့လောကထဲကို ရောက်ရှိလာပြီ ဖြစ်တဲ့ မြင့်မြတ်ရဲ့ သားလေး

မြင့်မြတ်ရဲ့ သားလေးက လူ့လောကထဲကို ရောက်ရှိလို့ လာပါပြီ။ သားလေးကို ဒီနေ့မနက်(၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မွေးနေ့ချင်းတူတဲ့ သားလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ မြင့်မြတ်တစ် ယောက် တော်တော့်ကို ပျော်လို့နေပါတယ်။

သရုပ်ဆောင် မြင့်မြတ်ရဲ့ သားလေးက ဒီနေ့(သြဂုတ်လ၇ရက်)မှာ လူ့လောကထဲကို ရောက်ရှိလို့လာပါပြီ။ သားလေးကို ဒီနေ့မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ မြင့်မြတ်ဟာ သားလေးကို သူ့နဲ့ မွေးနေ့ချင်းတူအောင်လို့ ဇနီးဖြစ်သူကို ဗိုက်ခွဲမွေးစေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သားလေးကော မိခင်ပါ ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။

မြင့်မြတ်တစ်ယောက် သူ့ရဲ့ မွေးနေ့မှာ သူအလိုချင်ဆုံးမွေးနေ့လက်ဆောင်ကို ရလို့ တော်တော့်ကို ပျော်နေပါပြီ။သူ့ဘဝထဲရောက်ရှိလာတဲ့ သားလေးရဲ့ ပုံကိုလည်း တတ်တူးထိုးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။သားလေးပုံကို တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ မြင့်မြတ်က ဆိုပါတယ်။မြင့်မြတ်ဟာ အချိန်ရရင် ရသလို ဇနီးဖြစ်သူနဲ့ သားလေးရဲ့ ရှေ့ရေးလေးတွေ တိုင်ပင်ဖြစ်တယ်တဲ့။

သူ့ကို ဘယ်လိုဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်ကိုလည်း သူ့ရဲ့ သားလေးကို ချစ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

“ကလေးရှေ့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အချိန်ရရင် ရသလို တိုင်ပင်ဖြစ်ကြတယ်။အကောင်းဆုံးဖြစ်အောင်ပေ့ါ။ ကံကောင်းတာ လား ဘာလား တော့မသိဘူး။ သူကျွန်တော်တို့ ဘဝထဲရောက်လာပြီဆိုရင် ကိုယ်ဖြစ်ချင်တာထက် သူဘာဖြစ်ချင်လဲ ဆိုတဲ့အပေါ်မှာ အကောင်း ဆုံးဖြစ် အောင်လုပ်ပေးသွားမှာပါ။ကျွန်တော်မိန်းမယူလည်း ကျွန်တော့်မိန်းမကို အားလုံးဝိုင်းချစ်ပေးကြတယ်။ ခင်ကြတယ်။ အခုကျွန် တော့် သား လေးကိုလည်း ဝိုင်းပြီးချစ်ပေးခင်ပေးကြ ပါဦးလို့ ပြောချင်ပါတယ်” ဆိုပြီး Duwun Media ရဲ့ ယခင်က အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သြဂုတ်လ(၇) ရက်နေ့မှာ ကျရောက်မယ့် မြင့်မြတ်ရဲ့ မွေးနေ့အတွက်ကိုလည်း သူ့ရဲ့ Fan တွေက သြဂုတ်လ(၆) ရက်နေ့ မနက်က နေတိုးရဲ့ Story Book Studio မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။

Source : Duwun

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္