ဘားအံတြင္ ေရစီးနဲ႔ ေမ်ာပါသြားသူ ၂ ဦးကို အသက္စြန္႔ကာ ေရငုပ္ ႐ွာေဖြ ကယ္ဆယ္ခဲ့တဲ့ ကိုေဝဠဳေက်ာ္

ရုပ္ရွင္သရုပ္ေဆာင္ပရဟိတသမား ကိုေ၀ဠဳေက်ာ္သည္ကရင္ျပည္နယ္၊ ဘားအံၿမိဳ ့နယ္အတြင္းေရေဘးသင့္ျပည္သူမ်ားကို ၾသဂုတ္(၅)ရက္ေန ့၌ သြားေရာက္လွဴဒါန္းခဲ့စဥ္ ေရစီးႏွင့္ေမ်ာပါသြားခဲ့သူ ၊ ဘားအံ(၉)ရပ္ကြက္မွလူ(၂)ဦးကို ကိုယ္တိုင္ေရငုတ္ရွာေဖြခဲ့ရာ ၊ တစ္ဦး၏ အေလာင္းအား ရွာေဖြေတြ ့ရွိခဲ ့ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေ၀ဠဳေက်ာ္ေဖာင္ေဒးရွင္းႏွင့္ပူးေပါင္းကူညီေဆာင္ရြက္ေနေသာ ျမင့္ျမတ္လူမႈကူညီေရးအသင္း လပြတၱာမွ ကိုဘိုစိန္က

“ မေန႔ကညေန(၄)နာရီေလာက္မွာ ကိုေ၀ဠဳ ေရစငုတ္ၿပီးရွာတာ (၁)နာရီေလာက္အၾကာမွာ ၊ ဘတ္ဖိုးတူးထားတဲ့အိုင္ထဲကေန အေလာင္းေတြ ့တာဗ်။ ေရက(၁၈)ေပေလာက္နက္တယ္ ေနာက္တစ္ဦးကေတာ့ရွာမေတြ ့ေသးပါဘူး “ ဟု MUNA သို႔ ေျပာသည္။

ေ၀ဠဳေက်ာ္ေဖာင္ေဒးရွင္းသည္ ကရင္ျပည္နယ္ ၊ ေကာ့ကရိတ္ၿမိဳ ့နယ္ ျပည္နယ္ကယ္ဆယ္ေရးဗဟိုလ္အဖြဲ ့မွတာ၀န္ရွိသူမ်ား ၊ YGW အ၀ါေရာင္မ်ိဳးဆက္သစ္ ပရဟိတအဖြဲ ့မ်ားႏွင့္ ပူးေပါင္းကာ ေကာ့ဘိန္း ၊ ေကာ့ေပါက္ ၊ ေကာ့ပလိုင္၊ မင္းရြာ ၊ဘုရားၾကီး ၊ ေကာ့တံု ၊ ေကာ့ငွက္ ၊ ေကာ့ခေတာ္ စသည့္ ေရနစ္ျမဳပ္ေနေသာ ေက်းရြာမ်ားသို ့ သြားေရာက္ကူညီလွဴဒါန္းေပးခဲ ့စဥ္ ၊ ဘားအံၿမိဳ ့အမွတ္(၉)ရပ္ကြက္ ၊ ၀ါဆိုဦးဘုန္းေတာ္ၾကီးေက်ာင္း အေနာက္ဘက္တူးေျမာင္းအတြင္း ၊ လူ(၅)ဦးမ်ွစ္သြားခ်ိဳးစားၿပီး လက္တြဲျပန္လာရာ ေရစီးသန္၍ (၅)ဦးလံုးေမ်ွာပါသြားခဲ့သည္။

၀ိုင္း၀န္းၾကိဳးပမ္းရွာေဖြခဲ့ရာ (၃)ဦးသာျပန္လည္ဆယ္ယူႏိုင္ခဲ့ၿပီး(၂)ဦးေပ်ာက္ဆံုးလ်က္ရွိရာ ၊ မာဃလူမႈကူညီေရးအသင္း ၊မီးသတ္တပ္ ဖြဲ ့ ၊ ျမန္မာႏိုင္ငံလူမႈကူညီေရးအဖြဲ ့ ၊ Bo Win လူမႈကူညီေရးအဖြဲ ့ ၊ ေ၀ဠဳေက်ာ္ေဖါင္ေဒးရွင္းတို ့မွကူညီရွာေဖြေပးခဲ ့ၾကျခင္းျဖစ္သည္ ။

ကရင္ျပည္နယ္အတြင္း ၿမိဳ ့နယ္(၆)ၿမိဳ ့နယ္တြင္ မိုးသည္းထန္စြာရြာသြန္းမႈႏွင့္ သံလြင္ျမစ္ေရျမင့္တက္ၿပီး ေရၾကီးေရလ်ွံမႈမ်ားေၾကာင့္ ေရေဘးကယ္ဆယ္ေရးစခန္း (၄၂)ခုဖြင့္လွစ္ေပးခဲ ့ရၿပီး အိမ္ေထာင္စု(၈၅၉၇)စုမွ ေရေဘးသင့္ျပည္သူ (၄၂၄၉၈)ဦးရွိၿပီး ၊ ျပည္နယ္အစိုးရ၏ ၾကီးၾကပ္စီစဥ္မႈျဖင့္ အနယ္နယ္အရပ္ရပ္မွ ေစတနာရွင္ ပရဟိတအသင္းမ်ား ၊ ေဒသခံ တပ္နယ္မိသားစု၊ နယ္ျခားေစာင့္တပ္ႏွင့္ ဘာသာေရးအသင္းအဖြဲ ့မ်ား ေ၀ဠဳေက်ာ္ေဖာင္ေဒးရွင္း စသည့္အဖြဲ ့ေပါင္း (၁၃၀)ခန္ ့တို ့က စားေသာက္ကုန္ပစၥည္းမ်ား၊ အဝတ္အထည္မ်ား ၊ လူသံုးကုန္ပစၥည္းမ်ား အလွဴေငြမ်ား လာေရာက္လွဴဒါန္းေပးၾကေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

By – ျမတ္ဟိန္းေက်ာ္ (ေကာ့မွဴး )

MUNA ဓာတ္ပံု – Maung Maung Thant

(Unicode Version)

ဘားအံတွင် ရေစီးနဲ့ မျောပါသွားသူ ၂ ဦးကို အသက်စွန့်ကာ ရေငုပ် ရှာဖွေ ကယ်ဆယ်ခဲ့တဲ့ ကို ဝေဠုကျော်

ရုပ်ရှင်သရုပ်ဆောင်ပရဟိတသမား ကိုဝေဠုကျော်သည်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရေဘေးသင့်ပြည်သူများကို သြဂုတ်(၅)ရက်နေ့၌ သွားရောက်လှူဒါန်းခဲ့စဉ် ရေစီးနှင့်မျောပါသွားခဲ့သူ ၊ ဘားအံ(၉)ရပ်ကွက်မှလူ(၂)ဦးကို ကိုယ်တိုင်ရေငုတ်ရှာဖွေခဲ့ရာ ၊ တစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကူညီဆောင်ရွက်နေသော မြင့်မြတ်လူမှုကူညီရေးအသင်း လပွတ္တာမှ ကိုဘိုစိန်က

“ မနေ့ကညနေ(၄)နာရီလောက်မှာ ကိုဝေဠု ရေစငုတ်ပြီးရှာတာ (၁)နာရီလောက်အကြာမှာ ၊ ဘတ်ဖိုးတူးထားတဲ့အိုင်ထဲကနေ အလောင်းတွေ့တာဗျ။ ရေက(၁၈)ပေလောက်နက်တယ် နောက်တစ်ဦးကတော့ရှာမတွေ့သေးပါဘူး “ ဟု MUNA သို့ ပြောသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းသည် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ပြည်နယ်ကယ်ဆယ်ရေးဗဟိုလ်အဖွဲ့မှတာဝန်ရှိသူများ ၊ YGW အဝါရောင်မျိုးဆက်သစ် ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ကော့ဘိန်း ၊ ကော့ပေါက် ၊ ကော့ပလိုင်၊ မင်းရွာ ၊ဘုရားကြီး ၊ ကော့တုံ ၊ ကော့ငှက် ၊ ကော့ခတော် စသည့် ရေနစ်မြုပ်နေသော ကျေးရွာများသို့ သွားရောက်ကူညီလှူဒါန်းပေးခဲ့စဉ် ၊ ဘားအံမြို့အမှတ်(၉)ရပ်ကွက် ၊ ဝါဆိုဦးဘုန်းတော်ကြီးကျောင်း အနောက်ဘက်တူးမြောင်းအတွင်း ၊ လူ(၅)ဦးမျှစ်သွားချိုးစားပြီး လက်တွဲပြန်လာရာ ရေစီးသန်၍ (၅)ဦးလုံးမျှောပါသွားခဲ့သည်။

ဝိုင်းဝန်းကြိုးပမ်းရှာဖွေခဲ့ရာ (၃)ဦးသာပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး(၂)ဦးပျောက်ဆုံးလျက်ရှိရာ ၊ မာဃလူမှုကူညီရေးအသင်း ၊မီးသတ်တပ် ဖွဲ့ ၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ ၊ Bo Win လူမှုကူညီရေးအဖွဲ့ ၊ ဝေဠုကျော်ဖေါင်ဒေးရှင်းတို့မှကူညီရှာဖွေပေးခဲ့ကြခြင်းဖြစ်သည် ။

ကရင်ပြည်နယ်အတွင်း မြို့နယ်(၆)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၄၂)ခုဖွင့်လှစ်ပေးခဲ့ရပြီး အိမ်ထောင်စု(၈၅၉၇)စုမှ ရေဘေးသင့်ပြည်သူ (၄၂၄၉၈)ဦးရှိပြီး ၊ ပြည်နယ်အစိုးရ၏ ကြီးကြပ်စီစဉ်မှုဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပရဟိတအသင်းများ ၊ ဒေသခံ တပ်နယ်မိသားစု၊ နယ်ခြားစောင့်တပ်နှင့် ဘာသာရေးအသင်းအဖွဲ့များ ဝေဠုကျော်ဖောင်ဒေးရှင်း စသည့်အဖွဲ့ပေါင်း (၁၃၀)ခန့်တို့က စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ ၊ လူသုံးကုန်ပစ္စည်းများ အလှူငွေများ လာရောက်လှူဒါန်းပေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

By – မြတ်ဟိန်းကျော် (ကော့မှူး )

MUNA ဓာတ်ပုံ – Maung Maung Thant

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္