သရက္ အက်ဥ္းေထာင္၌ အက်ဥ္းဦးစီးဝန္ထမ္းကို အက်ဥ္းသားက ဓားျဖင့္ထိုး၍ ေသဆုံးမႈျဖစ္

မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ သရက္ၿမိဳ႕ သရက္အက်ဥ္းေထာင္တြင္ ဩဂုတ္ ၅ ရက္က အက်ဥ္းဦးစီးဝန္ထမ္းကို အက်ဥ္းသားက ဓားျဖင့္ထိုး၍ ဒဏ္ရာရရွိသြားသျဖင့္ ဒဏ္ရာရရွိသူအား သရက္ခ႐ိုင္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ လမ္း၌ေသဆုံး သြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သရက္ၿမိဳ႕ အေနာက္ရပ္ ေျမာက္ပိုင္းရပ္ကြက္ရွိ အက်ဥ္းဦးစီးဌာန သရက္အက်ဥ္းေထာင္တြင္ ေအာင္လံ တရား႐ုံးမွ အမႈ (၆)မႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ ႏွစ္ ေျခာက္လ က်ခံရၿပီး ျပစ္ဒဏ္သုံးႏွစ္ ၁၁ လ က်န္ရွိေသာ အမွတ္(၃) အေဆာင္အခန္း(၂)တြင္ ေနထိုင္သူ အက်ဥ္းသား ဝဏၰၿဖိဳး(၂၀-ႏွစ္) ၾကည္ရပ္ကုန္းေက်း႐ြာ ေအာင္လံၿမိဳ႕နယ္ ေနသူသည္ ဩဂုတ္ ၅ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ အိပ္ေဆာင္အမွတ္(၁)သို႔ ကူးရန္အလာ မိန္းေဂ်းလ္ တာဝန္က် အက်ဥ္းေထာင္ဝန္ထမ္း ဦးလွေအာင္ (၅၀-ႏွစ္) အက်ဥ္းဦးစီးဝန္ထမ္းက အေဆာင္မကူးရန္ ေက်ာကုန္းပုတ္ ေျပာဆိုျခင္းကို အၿငိဳးထား၍ နံနက္ ၁၀ နာရီ ၁၅ မိနစ္ခန္႔တြင္ အက်ဥ္းေထာင္ဝန္ထမ္း ဦးလွေအာင္အား ေလွကား ထိပ္တြင္ ၎အက်ဥ္းသားက ၾကက္သြန္လွီးရန္ ျပဳလုပ္ထားေသာ စည္ပတ္သံျပားဓားဦးခၽြန္ ငါးလက္မခန္႔ျဖင့္ လည္ပင္းယာဘက္သို႔ တစ္ခ်က္ထိုးသြင္းခဲ့၍ ဝန္ထမ္း ဦးလွေအာင္တြင္ ဒဏ္ရာမ်ားရရွိသျဖင့္ နံနက္ ၁၀ နာရီ မိနစ္ ၂၀ ခန္႔တြင္ သရက္ခ႐ိုင္ေဆး႐ုံႀကီး အေရးေပၚဌာနသို႔ ခ်က္ခ်င္းတင္ပို႔စဥ္ ဦးလွေအာင္မွာ ေသဆုံးသြားခဲ့ေၾကာင္း အေထြေထြေရာဂါကု သမားေတာ္ ေဒါက္တာ ရဲေက်ာ္မိုးက အတည္ျပဳခဲ့သည္။

သရက္အက်ဥ္းေထာင္ လက္ေထာက္ ႀကီးၾကပ္ေရးမွဴး(၁) ရန္လင္းေက်ာ္က အက်ဥ္းေထာင္ဝန္ထမ္း ဦးလွေအာင္အား ေသဆုံးေအာင္ စည္ပတ္သံျပားဓားဦးခၽြန္ ျဖင့္ထိုးသူ ဝဏၰၿဖိဳးအား ဥပေဒအရ အေရးယူေပးရန္ တိုင္တန္းသျဖင့္ ဩဂုတ္ ၅ ရက္က သရက္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေပါက္ကေလး(သရက္)

Source : Myanmar Digital News

(Unicode Version)

သရက် အကျဉ်းထောင်၌ အကျဉ်းဦးစီးဝန်ထမ်းကို အကျဉ်းသားက ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့ သရက်အကျဉ်းထောင်တွင် ဩဂုတ် ၅ ရက်က အကျဉ်းဦးစီးဝန်ထမ်းကို အကျဉ်းသားက ဓားဖြင့်ထိုး၍ ဒဏ်ရာရရှိသွားသဖြင့် ဒဏ်ရာရရှိသူအား သရက်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရက်မြို့ အနောက်ရပ် မြောက်ပိုင်းရပ်ကွက်ရှိ အကျဉ်းဦးစီးဌာန သရက်အကျဉ်းထောင်တွင် အောင်လံ တရားရုံးမှ အမှု (၆)မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၆ နှစ် ခြောက်လ ကျခံရပြီး ပြစ်ဒဏ်သုံးနှစ် ၁၁ လ ကျန်ရှိသော အမှတ်(၃) အဆောင်အခန်း(၂)တွင် နေထိုင်သူ အကျဉ်းသား ဝဏ္ဏဖြိုး(၂၀-နှစ်) ကြည်ရပ်ကုန်းကျေးရွာ အောင်လံမြို့နယ် နေသူသည် ဩဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် အိပ်ဆောင်အမှတ်(၁)သို့ ကူးရန်အလာ မိန်းဂျေးလ် တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ဦးလှအောင် (၅၀-နှစ်) အကျဉ်းဦးစီးဝန်ထမ်းက အဆောင်မကူးရန် ကျောကုန်းပုတ် ပြောဆိုခြင်းကို အငြိုးထား၍ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကျဉ်းထောင်ဝန်ထမ်း ဦးလှအောင်အား လှေကား ထိပ်တွင် ၎င်းအကျဉ်းသားက ကြက်သွန်လှီးရန် ပြုလုပ်ထားသော စည်ပတ်သံပြားဓားဦးချွန် ငါးလက်မခန့်ဖြင့် လည်ပင်းယာဘက်သို့ တစ်ချက်ထိုးသွင်းခဲ့၍ ဝန်ထမ်း ဦးလှအောင်တွင် ဒဏ်ရာများရရှိသဖြင့် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် သရက်ခရိုင်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ချက်ချင်းတင်ပို့စဉ် ဦးလှအောင်မှာ သေဆုံးသွားခဲ့ကြောင်း အထွေထွေရောဂါကု သမားတော် ဒေါက်တာ ရဲကျော်မိုးက အတည်ပြုခဲ့သည်။

သရက်အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူး(၁) ရန်လင်းကျော်က အကျဉ်းထောင်ဝန်ထမ်း ဦးလှအောင်အား သေဆုံးအောင် စည်ပတ်သံပြားဓားဦးချွန် ဖြင့်ထိုးသူ ဝဏ္ဏဖြိုးအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဩဂုတ် ၅ ရက်က သရက်မြို့မရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်ကလေး(သရက်)

Source : Myanmar Digital News

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္