အပူပိုင္း မုန္တိုင္း အ႐ွိန္ေၾကာင့္ မိုးႀကီးႏိုင္၊ ေရႀကီး ေရလွ်ံအႏၱရာယ္ သတိေပး

ေတာင္တ႐ုတ္ ပင္လယ္ျပင္မွာ ျဖစ္ေပၚေနတဲ့ အပူပိုင္းမုန္တိုင္း “ဘက္ဘင္ကာ” အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသေတြ မိုးႀကီးႏိုင္ၿပီး ေရႀကီးေရေရလွ်ံအႏၱရာယ္ သတိထားဖို႔ လိုတယ္လို႔ မိုးေလ၀သဌာနက ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

အဓိကအေနနဲ႔ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းနဲ႔ ပဲခူးတိုင္းတို႔မွာ မိုးပိုလာႏိုင္လို႔ ေရႀကီးေရလွ်ံအႏၱရာယ္ သတိထားဖို႔လည္း တိုက္တြန္းပါတယ္။

“မြန္၊ကရင္၊ တနသၤာရီ ေဒသေတြမွာေတာ့ ဒီ ရက္ပိုင္းေတြမွာ ထူးကဲဒီေရတက္ထားတဲ့အရွိန္နဲ႔ ျမစ္ေရေတြလည္း ျပန္တက္ေနေတာ့ သံလြင္ျမစ္ေရဆိုရင္ ၄ ေပေက်ာ္အထိ တက္ေနတဲ့ အေနအထားဆိုေတာ့ ေရက ထပ္တက္လာႏိုင္တယ္၊ အဓိကကေတာ့ ဒီကာလေတြမွာ သတိထားရမွာေတာ့ ေရႀကီးေရေရလွ်ံမႈပဲ” လို႔ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

အပူပိုင္းမုန္တိုင္းအရွိန္ေၾကာင့္ လတ္တေလာ မိုးေခါင္ေနတဲ့ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသေတြမွာလည္း မိုးအနည္းငယ္ရႏိုင္တယ္လို႔ ေျပာပါတယ္။

ဒီေန႔မနက္ပိုင္း မိုးေလ၀သဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ မိုးဇလက ခန္႔မွန္းထားပါတယ္။

ဓာတ္ပံု-မိုးဇလ

Source : DVB

(Unicode Version)

အပူပိုင်း မုန်တိုင်း အရှိန်ကြောင့် မိုးကြီးနိုင်၊ ရေကြီး ရေလျှံအန္တရာယ် သတိပေး

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဘက်ဘင်ကာ” အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေ မိုးကြီးနိုင်ပြီး ရေကြီးရေရေလျှံအန္တရာယ် သတိထားဖို့ လိုတယ်လို့ မိုးလေဝသဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

အဓိကအနေနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ မိုးပိုလာနိုင်လို့ ရေကြီးရေလျှံအန္တရာယ် သတိထားဖို့လည်း တိုက်တွန်းပါတယ်။

“မွန်၊ကရင်၊ တနင်္သာရီ ဒေသတွေမှာတော့ ဒီ ရက်ပိုင်းတွေမှာ ထူးကဲဒီရေတက်ထားတဲ့အရှိန်နဲ့ မြစ်ရေတွေလည်း ပြန်တက်နေတော့ သံလွင်မြစ်ရေဆိုရင် ၄ ပေကျော်အထိ တက်နေတဲ့ အနေအထားဆိုတော့ ရေက ထပ်တက်လာနိုင်တယ်၊ အဓိကကတော့ ဒီကာလတွေမှာ သတိထားရမှာတော့ ရေကြီးရေရေလျှံမှုပဲ” လို့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လတ်တလော မိုးခေါင်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာလည်း မိုးအနည်းငယ်ရနိုင်တယ်လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်း မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ-မိုးဇလ

Source : DVB