(Unicode Version)
ရုရှား နိုင်ငံမှာ အမြင့်ဆုံးဆု ရယူပေးခဲ့တဲ့ သမီးလေးအတွက် ဂုဏ်ယူစကား ဆိုလိုက်တဲ့ မင်းမော်ကွန်း
သရုပ်ဆောင်မင်းမော်ကွန်းကတော့အနုပညာလောကမှာ အချိန်အတော်ကြာအောင်ရပ်တည်နိုင်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ မြန်မာ့ဗီဒီယိုလောကမှာ တခေတ်စားခဲ့ပြီး သူသရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်တော်တော်များများကလည်းပရိသတ်တွေကို ရသမျိုးစုံပေးနိုင်ခဲ့ပါတယ်။
မင်းမော်ကွန်းကတော့ သာယာပျော်ရွှင်ဖို့ကောင်းလှတဲ့ မိသားစုဘဝကို ရရှိထားပြီး လက်ရှိမှာတော့ သမီးဖြစ်သူ လေပြေသွေးပါဝင်ထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ဟာ ရရှားနိုင်ငံမှာ အမြင့်ဆုံးဆုတစ်ခုဖြစ်တဲ့ Grand Prix ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ ဖခင်တစ်ဦးအနေနဲ့ သမီးအပေါ် ဂုဏ်ယူလို့မဆုံးဖြစ်နေမှာတော့ ပြောစရာကိုမလိုလောက်ပါဘူးနော်။
“ကျတော်တို့လည်းထင်မထားပါဘူး သူတို့တွေသွားကြမယ်ဆိုတော့ အတွေ့အကြုံရစေချင်တယ် ကျတော်တို့ငယ်ငယ်တုန်းကဒီလိုနိုင်ငံတကာမှာသွားပြိုင်ခဲ့ရတာတို့ ဆိုတာမရှိခဲ့ပါဘူး။ အဓိကက သမီးလေးက ပညာရေးနဲ့ပတ်သက်ပြီးတော့ထူးချွန်တယ်ဆိုတော့ သူ့ကိုအတွေ့အကြုံရစေချင်တော့ ခွင့်ပြုပါတယ်။ ခွင့်ပြုတော့မထင်မှတ်ပဲနဲ့ ဆုတွေရကြတယ်ပေါ့နော်။”
“သူတို့ ဒီမှာ ကြိုးစားနေကြတာ လေ့ကျင့်နေကြတာတွေ တွေ့ပါတယ်။ သူတစ်ယောက်တည်းတော်လို့လည်းမဟုတ်ပါဘူး ကျန်တဲ့ ကလေးတွေအကုန်လုံးကလည်းအင်မတန်တော်ကြပါတယ်။ အဲ့ကလေးတွေအကုန်လုံးက တစ်ယောက်ချင်းစီတော်လို့ ဒီဆုကိုရကြတာပါ။”
Ref : Interview From Momolay and We love Cele
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်