ဖတ္ၾကည့္ၿပီး ရင္ထဲ မေကာင္းလြန္းလို႔ပါဗ်ာ သားမိုက္မ်ား သိေစရန္

အသက္ (၉၃) နွစ္ရွိပါၿပီ။ အဘြားအမည္က ေဒၚျမစိန္။ သား (၃) ေယာက္ရွိၿပီး သားၾကီးျဖစ္သူက မႏၲေလး မင္းတဲအီကင္းအရပ္မွာေနၿပီး စီးပြားေရေျပလည္သူ တစ္ဦးပါ။ သားလတ္ျဖစ္သူက အမရပူရ ေတာင္ျမိဳ႕မွာ ေနပါတယ္။ သူကေတာ့ ဆင္းရဲရွာပါတယ္။ သားငယ္ျဖစ္သူကေတာ့ လာရွိဴးးျမိဳ႔မွာ ေနထိုင္ၾကပါတယ္။

သူကေတာ့ လာၿပီးေတြ႕ပါတယ္။ အဖြားဟာ သားေတြရွိရက္နဲ႕ တစ္ေယာက္မွ ေခၚမထား ေက်ြးမထားတာေၾကာင့္ အလကၤာ တို႕အိမ္က ေက်ြးေမြးျပဳစု ေခၚထားခဲ႕တာျဖင့္ (15) နွစ္ခန္႕ ရွိပါၿပီ။ အခုအခ်ိန္မွာ က်န္းမာေရး လံုးဝမေကာင္းေတာ့ပါ။ အသိေတြလြတ္ၿပီး သတိေတြ ေခ်ာ္ကုန္ပါၿပီ။

အရမ္းသနားစရာေကာင္းလို႕ အလကၤာကိုယ္တိုင္ သားၾကီးျဖစ္သူဆီ သြားၿပီးလာခဲ႕ဖို႕ ေခၚခဲ႕ေပမယ့္ ခဏတာ လိုက္လာၿပီး အခုထိ မလာေတာ့ပါ။ အဖြားဟာ အခုအခါမွာ ေသငယ္ေဇာနဲံ ေနာက္ဆံုးအခ်ိန္ ေရာက္ေနပါၿပီ။ မေန႕ညက အဖြားနားကပ္ၿပီး ေမၾကီးေရေမၾကီး သားေတြေခၚေပးရမလား ေမးတဲ႕အခါမွာ
မ်က္ရည္မ်ား စီးၾကၿပီး မလာခ်င္တဲ႕သားေတြ မေတြ႕ခ်ငိေတာ့ပါဘူးတဲ့ မေခၚပါနဲ႕ေတာ့တဲ့။

ကြ်န္ေတာ္၏ အေကာင့္ထဲတြင္ မႏၲေလး မင္းတဲအီကင္းရပ္မွ သူငယ္ခ်င္းမ်ား ရွိပါသည္။ လူမဆန္ေသာ သားၾကီး နွင့္သူ၏ဇနီးမယား သိေစရန္ share ေပးေစလို႕ပါသည္ ။

(မွတ္ခ်က္) အဖြား ေဒၚျမစိန္ေသဆံုးမွ လာေရာက္ေအာ္ဟစ္ ငိုယိုၿပီး လူၾကားေကာင္းေအာင္ လုပ္ပါလ်ွင္ ကြ်န္ေတာ့္ အိမ္ထဲသို႕ အဝင္ခံမည္မဟုတ္ပါ။ လူမဆန္ေသာ သားမ်ားအား လာေရာက္ခြင့္ ေပးမည္ မဟုတ္ပါေၾကာင္း သိေစအပ္ပါသည္။ share ေပးၾကပါ။ ။

( မင္းလက္ရုန္း )

(Unicode Version)

ဖတ်ကြည့်ပြီး ရင်ထဲ မကောင်းလွန်းလို့ပါဗျာ သားမိုက်များ သိစေရန်

အသက် (၉၃) နှစ်ရှိပါပြီ။ အဘွားအမည်က ဒေါ်မြစိန်။ သား (၃) ယောက်ရှိပြီး သားကြီးဖြစ်သူက မန္တလေး မင်းတဲအီကင်းအရပ်မှာနေပြီး စီးပွားရေပြေလည်သူ တစ်ဦးပါ။ သားလတ်ဖြစ်သူက အမရပူရ တောင်မြို့မှာ နေပါတယ်။ သူကတော့ ဆင်းရဲရှာပါတယ်။ သားငယ်ဖြစ်သူကတော့ လာရှိူးးမြို့မှာ နေထိုင်ကြပါတယ်။

သူကတော့ လာပြီးတွေ့ပါတယ်။ အဖွားဟာ သားတွေရှိရက်နဲ့ တစ်ယောက်မှ ခေါ်မထား ကျွေးမထားတာကြောင့် အလင်္ကာ တို့အိမ်က ကျွေးမွေးပြုစု ခေါ်ထားခဲ့တာဖြင့် (15) နှစ်ခန့် ရှိပါပြီ။ အခုအချိန်မှာ ကျန်းမာရေး လုံးဝမကောင်းတော့ပါ။ အသိတွေလွတ်ပြီး သတိတွေ ချော်ကုန်ပါပြီ။

အရမ်းသနားစရာကောင်းလို့ အလင်္ကာကိုယ်တိုင် သားကြီးဖြစ်သူဆီ သွားပြီးလာခဲ့ဖို့ ခေါ်ခဲ့ပေမယ့် ခဏတာ လိုက်လာပြီး အခုထိ မလာတော့ပါ။ အဖွားဟာ အခုအခါမှာ သေငယ်ဇောနဲံ နောက်ဆုံးအချိန် ရောက်နေပါပြီ။ မနေ့ညက အဖွားနားကပ်ပြီး မေကြီးရေမေကြီး သားတွေခေါ်ပေးရမလား မေးတဲ့အခါမှာ
မျက်ရည်များ စီးကြပြီး မလာချင်တဲ့သားတွေ မတွေ့ချငိတော့ပါဘူးတဲ့ မခေါ်ပါနဲ့တော့တဲ့။

ကျွန်တော်၏ အကောင့်ထဲတွင် မန္တလေး မင်းတဲအီကင်းရပ်မှ သူငယ်ချင်းများ ရှိပါသည်။ လူမဆန်သော သားကြီး နှင့်သူ၏ဇနီးမယား သိစေရန် share ပေးစေလို့ပါသည် ။

(မှတ်ချက်) အဖွား ဒေါ်မြစိန်သေဆုံးမှ လာရောက်အော်ဟစ် ငိုယိုပြီး လူကြားကောင်းအောင် လုပ်ပါလျှင် ကျွန်တော့် အိမ်ထဲသို့ အဝင်ခံမည်မဟုတ်ပါ။ လူမဆန်သော သားများအား လာရောက်ခွင့် ပေးမည် မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ share ပေးကြပါ။ ။

( မင်းလက်ရုန်း )