ကေလးမလိုခ်င္လို႔ ကိုယ္ဝန္ကို လက္သည္နဲ႔ တုတ္ထိုးလိုက္ ႏႈိက္လိုက္

ဒက္ဖရင္မွာ EMO ျဖစ္တဲ့အခါ အျမင္ရဆံုး မျမင္ခ်င္ဆံုးက induced abortion ေတြပဲ။ ေယာက်ာ္းခရီးသြားေနတုန္း ကိုယ္ဝန္ကို လက္သည္နဲ႔ တုတ္ထိုးလိုက္ႏႈိက္လိုက္ ေဆးေသာက္လိုက္နဲ႔ ၆ သိန္းဖိုး အကုန္ခံ ၾကိဳးၾကိဳးစားစား အၾကိမ္ၾကိမ္ ဖ်က္ခ်ျပီးမွ pelvic abscess ျဖစ္ျပီး ေရာက္ခ်လာတဲ့လူနာ ရွိတယ္။

ေယာက်ာ္းရွိ ကေလးရိွ တကၠသိုလ္ေက်ာင္းသူ ျဖစ္ျပီး ကိုယ္ဝန္ပ်က္ရင္ျပီးေရာ ကိုယ္ပါေသလည္း မေၾကာက္ဘူးဆိုတဲ့ လူနာမ်ိဳး ရွိတယ္။ အသက္ၾကီး ေရာဂါအခံေတြရွိေနျပီး ဘာမွမေၾကာက္ လက္သည္နဲ႔ ဖ်က္ခ်ျပီး ေရာက္လာတဲ့ လူနာေတြ ရွိတယ္။

ေယာက်ာ္းရွိရက္နဲ႔ ကိုယ္ဝန္ရွိလာေတာ့ မလိုခ်င္လို႔ တစ္ခါဖ်က္ခ်ျပီး ေသြးဆင္းျပီး ေဆးရံုေရာက္လာတယ္။USG ရိုက္ေတာ့ မပ်က္ေသးဘူး ေကာင္းတယ္ဆိုျပီး ျပန္ေပးဆင္းလိုက္တယ္။ လက္သည္နဲ႔ တုတ္သြားျပန္ထိုးျပီး ျပန္ေရာက္လာတယ္။ ေအာက္က စမ္းၾကည့္ေတာ့ ပံုထဲက အတိုင္း အခ်င္းတန္းလန္းနဲ႔ ကေလးေလး နဲ႔ မေရြးရိုး ထြက္လာတာမ်ိဳး ရင္ထဲမေကာင္းစြာနဲ႔ ျမင္ဖူးတယ္။

-ေခ်ာ္လဲလို႔, ဆိုင္ကယ္တိုက္လို႔, ေခါင္းစဥ္မ်ိဳးစံုနဲ႔ လာတယ္။ ဖ်က္ထားလား ေမးရင္ သမီး ဘာမွ မလုပ္ထားပါဘူးပဲ။ ေအာက္ကိုစမ္းလို႔ နံေယာင္ေနမွ တုတ္ေခ်ာင္းစမ္းမိမွ ဟုတ္ပါတယ္ လုပ္ထားပါတယ္ ဘာညာ။ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ ေမးရတယ္။လက္သည္မႏိုင္ေတာ့မွ လႊတ္လိုက္လို႔ လာတဲ့လူေတြလည္း ရွိတယ္ အမ်ိဳးကိုစံု။

ဖ်က္နည္းမ်ိဳးစံု အသက္အရြယ္မ်ိဳးစံု ဖ်က္ၾကတယ္။ ရည္းစားနဲ႔ living together ေနလည္း ဖ်က္။ ေယာက်ာ္းရွိလည္း ဖ်က္။ ေယာက်ာ္းမသိေအာင္ ဖ်က္။ ေယာက်ာ္းလည္းသိတယ္ စိတ္ခ်မ္းသာရင္ ျပီးေရာဆိုျပီး အလိုတူအလိုပါ ဖ်က္။ လမ္းေဘးက ေခြးေလး ေၾကာင္ေလးေတြေတာင္ သနားတတ္တဲ့ေခတ္ၾကီးမွာ ကိုယ္လုပ္လို႔ ရလာတဲ့ ကိုယ့္ဗိုက္ထဲက ကိုယ့္ကေလးကို မေၾကာက္မရြံ႕ ဖ်က္ခ်ေနၾကတဲ့ မိန္းမေတြ အေတာ္မ်ားမ်ားပဲ။ အံ့ၾသမိတာက living together unmarried လူေတြထက္ အိမ္ေထာင္ရွိျပီး ဖ်က္တဲ့လူေတြ ပိုမ်ားေနတာပဲ။

ေယာက်ာ္းပဲယူခ်င္တယ္ ကေလးမလိုခ်င္ဘူး။Okay တားေဆးသံုးလားဆိုေတာ့လည္း မသံုးဘူး။ ဘယ္လို နားလည္ရမလဲ မသိဘူး။ family planning ကို ခပ္ေပါ့ေပါ့တန္တန္ပဲ သေဘာထားၾကတယ္ ထင္ပါရဲ႕။ မသိနားမလည္တဲ့ အမိုက္အမဲေလးေတြလား?ကိုယ္ဝန္ဖ်က္ေဆးကို online က ရွာဝယ္တတ္တယ္။ သူမ်ားလက္တို႔ျပီး ေမးျမန္းဝယ္တတ္တယ္။ လက္သည္ဆီ သြားဖို႔တတ္တယ္။

ကိုယ့္ဘာကိုယ္ ႏိႈက္ျပီးထည့္တဲ့လူေတာင္ ရွိေသး။ အေျခအေနမဟန္ေတာ့မွ ေဆးရံုကိုလာၾကတာေတြၾကီးပဲ။ ကိုယ့္ဇာတ္ကိုယ္မႏိုင္ေတာ့တဲ့အခ်ိန္ ေဆးရံုကိုလာလိုက္ရင္ လုပ္စရာရွိတာ သူတို႔ လုပ္ေပးမွာပဲဆိုျပီး လာတဲ့လူေတြ ေန႔တုိင္းကို ရွိေနတာ။ ဘာတားေဆးေတြ ရွိလဲ ဘယ္လိုသံုးရမလဲ စိတ္မဝင္စားဘူး။ သိလည္း မသိခ်င္ဘူး။ ကိုယ္ဝန္ရမွ မလိုခ်င္ရင္ ဖ်က္ခ်လိုက္မယ္။ ထမင္းစား ေရေသာက္ပဲ။

Induced abortion is a Choice. ဘယ္လိုပဲ စဥ္းစားစဥ္းစား မလုပ္သင့္တဲ့ အရာပါ။မလုပ္ၾကပါနဲ႔။ ကေလးနဲ႔အတူ အေမပါ ေသသြားၾကတာေတြ အမ်ားၾကီးပါ။ ေယာက်ာ္း/မိန္းမ အတူေနခ်င္သလိုေန စိတ္မဝင္စားပါ။ကေလးယူဖို႔ အစီအစဥ္မရွိရင္ ကိုယ္ဝန္တားေဆးေတြ အမ်ားၾကီး ရွိပါတယ္။ ကေလးမလိုခ်င္ရင္ ေသခ်ာသံုးၾကပါလို႔ မိန္းမေတြေကာ ေယာက်ာ္းေတြပါ နားဝင္ေအာင္ ေျပာခ်င္တယ္ တကယ္။

Su Myat Nway

အသိတရားေလးနဲ ့ ဆင္​ေျခ ၾကေစဖို ႔တင္​ေပးျခင္​းပါ

(Unicode Version)

ကလေးမလိုချင်လို့ ကိုယ်ဝန်ကို လက်သည်နဲ့ တုတ်ထိုးလိုက် နှိုက်လိုက်

ဒက်ဖရင်မှာ EMO ဖြစ်တဲ့အခါ အမြင်ရဆုံး မမြင်ချင်ဆုံးက induced abortion တွေပဲ။ ယောကျာ်းခရီးသွားနေတုန်း ကိုယ်ဝန်ကို လက်သည်နဲ့ တုတ်ထိုးလိုက်နှိုက်လိုက် ဆေးသောက်လိုက်နဲ့ ၆ သိန်းဖိုး အကုန်ခံ ကြိုးကြိုးစားစား အကြိမ်ကြိမ် ဖျက်ချပြီးမှ pelvic abscess ဖြစ်ပြီး ရောက်ချလာတဲ့လူနာ ရှိတယ်။

ယောကျာ်းရှိ ကလေးရှိ တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး ကိုယ်ဝန်ပျက်ရင်ပြီးရော ကိုယ်ပါသေလည်း မကြောက်ဘူးဆိုတဲ့ လူနာမျိုး ရှိတယ်။ အသက်ကြီး ရောဂါအခံတွေရှိနေပြီး ဘာမှမကြောက် လက်သည်နဲ့ ဖျက်ချပြီး ရောက်လာတဲ့ လူနာတွေ ရှိတယ်။

ယောကျာ်းရှိရက်နဲ့ ကိုယ်ဝန်ရှိလာတော့ မလိုချင်လို့ တစ်ခါဖျက်ချပြီး သွေးဆင်းပြီး ဆေးရုံရောက်လာတယ်။USG ရိုက်တော့ မပျက်သေးဘူး ကောင်းတယ်ဆိုပြီး ပြန်ပေးဆင်းလိုက်တယ်။ လက်သည်နဲ့ တုတ်သွားပြန်ထိုးပြီး ပြန်ရောက်လာတယ်။ အောက်က စမ်းကြည့်တော့ ပုံထဲက အတိုင်း အချင်းတန်းလန်းနဲ့ ကလေးလေး နဲ့ မရွေးရိုး ထွက်လာတာမျိုး ရင်ထဲမကောင်းစွာနဲ့ မြင်ဖူးတယ်။

-ချော်လဲလို့, ဆိုင်ကယ်တိုက်လို့, ခေါင်းစဉ်မျိုးစုံနဲ့ လာတယ်။ ဖျက်ထားလား မေးရင် သမီး ဘာမှ မလုပ်ထားပါဘူးပဲ။ အောက်ကိုစမ်းလို့ နံယောင်နေမှ တုတ်ချောင်းစမ်းမိမှ ဟုတ်ပါတယ် လုပ်ထားပါတယ် ဘာညာ။ချော့တစ်ခါ ခြောက်တစ်လှည့် မေးရတယ်။လက်သည်မနိုင်တော့မှ လွှတ်လိုက်လို့ လာတဲ့လူတွေလည်း ရှိတယ် အမျိုးကိုစုံ။

ဖျက်နည်းမျိုးစုံ အသက်အရွယ်မျိုးစုံ ဖျက်ကြတယ်။ ရည်းစားနဲ့ living together နေလည်း ဖျက်။ ယောကျာ်းရှိလည်း ဖျက်။ ယောကျာ်းမသိအောင် ဖျက်။ ယောကျာ်းလည်းသိတယ် စိတ်ချမ်းသာရင် ပြီးရောဆိုပြီး အလိုတူအလိုပါ ဖျက်။ လမ်းဘေးက ခွေးလေး ကြောင်လေးတွေတောင် သနားတတ်တဲ့ခေတ်ကြီးမှာ ကိုယ်လုပ်လို့ ရလာတဲ့ ကိုယ့်ဗိုက်ထဲက ကိုယ့်ကလေးကို မကြောက်မရွံ့ ဖျက်ချနေကြတဲ့ မိန်းမတွေ အတော်များများပဲ။ အံ့သြမိတာက living together unmarried လူတွေထက် အိမ်ထောင်ရှိပြီး ဖျက်တဲ့လူတွေ ပိုများနေတာပဲ။

ယောကျာ်းပဲယူချင်တယ် ကလေးမလိုချင်ဘူး။Okay တားဆေးသုံးလားဆိုတော့လည်း မသုံးဘူး။ ဘယ်လို နားလည်ရမလဲ မသိဘူး။ family planning ကို ခပ်ပေါ့ပေါ့တန်တန်ပဲ သဘောထားကြတယ် ထင်ပါရဲ့။ မသိနားမလည်တဲ့ အမိုက်အမဲလေးတွေလား?ကိုယ်ဝန်ဖျက်ဆေးကို online က ရှာဝယ်တတ်တယ်။ သူများလက်တို့ပြီး မေးမြန်းဝယ်တတ်တယ်။ လက်သည်ဆီ သွားဖို့တတ်တယ်။

ကိုယ့်ဘာကိုယ် နှိုက်ပြီးထည့်တဲ့လူတောင် ရှိသေး။ အခြေအနေမဟန်တော့မှ ဆေးရုံကိုလာကြတာတွေကြီးပဲ။ ကိုယ့်ဇာတ်ကိုယ်မနိုင်တော့တဲ့အချိန် ဆေးရုံကိုလာလိုက်ရင် လုပ်စရာရှိတာ သူတို့ လုပ်ပေးမှာပဲဆိုပြီး လာတဲ့လူတွေ နေ့တိုင်းကို ရှိနေတာ။ ဘာတားဆေးတွေ ရှိလဲ ဘယ်လိုသုံးရမလဲ စိတ်မဝင်စားဘူး။ သိလည်း မသိချင်ဘူး။ ကိုယ်ဝန်ရမှ မလိုချင်ရင် ဖျက်ချလိုက်မယ်။ ထမင်းစား ရေသောက်ပဲ။

Induced abortion is a Choice. ဘယ်လိုပဲ စဉ်းစားစဉ်းစား မလုပ်သင့်တဲ့ အရာပါ။မလုပ်ကြပါနဲ့။ ကလေးနဲ့အတူ အမေပါ သေသွားကြတာတွေ အများကြီးပါ။ ယောကျာ်း/မိန်းမ အတူနေချင်သလိုနေ စိတ်မဝင်စားပါ။ကလေးယူဖို့ အစီအစဉ်မရှိရင် ကိုယ်ဝန်တားဆေးတွေ အများကြီး ရှိပါတယ်။ ကလေးမလိုချင်ရင် သေချာသုံးကြပါလို့ မိန်းမတွေကော ယောကျာ်းတွေပါ နားဝင်အောင် ပြောချင်တယ် တကယ်။

Su Myat Nway

အသိတရားလေးနဲ့ ဆင်ခြေ ကြစေဖို့တင်ပေးခြင်းပါ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္