မိဘကို ျပစ္မွားပါက ရလာမဲ့ အျပစ္ေတြ

မိဘကို ျပစ္မွားပါက ရလာမဲ့ အျပစ္ေတြ၊ ေၾကာက္စရာပါ။ မျပစ္မွားၾကပါနဲ႔ 3 မိနစ္ေလာက္ပဲ အခ်ိန္ေပးၿပီး ဖတ္ျဖစ္ေအာင္ဖတ္ေစခ်င္ပါသည္။

ေမး။ ။မိဘမ်ားကို ျပန္ေျပာျခင္း၊ ႏႈတ္လွံထိုးျခင္း၊ ကိုယ္ထိလက္ေရာက္ ေစာ္ကားျခင္းတို႔အတြက္ ကံႀကီးထိုက္ေသာအခါ ၄င္းကံေၾကြးမ်ား ေျပေအာင္မည္သို႔ ေဆာင္ရြက္သင့္ပါသလဲဘုရား။

ေျဖ။ ။မိဘဆရာသမားတို႔အား ျပန္ေျပာျခင္း၊ ႏႈတ္လွံထိုးျခင္း၊ ရိုက္ပုတ္ျခင္း၊ စသည့္ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ ေစာ္ကားျခင္းတို႔ အတြက္ ခင္ပြန္းႀကီး ၁၀-ပါး ျပစ္မွားျခင္းေၾကာင့္ ျဖစ္သည့္ ဒဏ္ ၁၀-ပါး အျပစ္မ်ား ျဖစ္တတ္ပါသည္။

၄င္းတို႔မွာ-

၁။ ၾကမ္းၾကဳတ္ေသာ ေ၀ဒနာကို ခံရျခင္း။

၂။ ကို္ယ္ပ်က္ျခင္း။

၃။ အနာေရာက္ျခင္း။

၄။ ရူးသြပ္ျခင္း။

၅။ မင္းဒဏ္သင့္ျခင္း။

၆။ ႀကီးစြာေသာ စြပ္စြဲျခင္းကို ခံရျခင္း။

၇။ အေဆြအမ်ိဳး ( ခ်စ္သူခင္သူ ) ပ်က္စီးျခင္း။

၈။ စည္းစိမ္ခ်မ္းသာ ( လက္ရွိဥစၥာ ) ပ်က္စီးျခင္း။

၉။ အိမ္ ( အိပ္ရာေနရာ ) ကို မီးေလာင္ျခင္း။

၁၀။ ေသသည့္ေနာက္ ငရဲသို႔ လားေရာက္ျခင္းမ်ား ျဖစ္တတ္ေၾကာင္း က်မ္းဂန္စာေပမ်ား၌ ပါရွိပါစည္။

ယင္းအျပစ္မ်ား မျဖစ္ရန္ မိမိ ကိုယ္ႏႈတ္စိတ္တို႔ျဖင့္ ျပစ္မွားမိေသာ မိဘစသည္မ်ားအား ရွိခိုးကန္ေတာ့လ်က္ တတ္ႏိုင္သမွ် လုပ္ေကၽြးျပဳစုၾကရပါသည္။ ရတနာသံုးပါးကို ကန္ေတာ့ရာ၌လည္း မိမိျပစ္မွားမိေသာ မိဘစသည္တို႔အားပါ ကန္ေတာ့ပါေၾကာင္း ဆင္ျခင္ရည္စူး၍ ဦးႏွိမ္မာန္ေလွ်ာ့ ကန္ေတာ့ရမည္-ဟု ဆိုပါသည္။

ေမတၱာျဖင့္ Like & Share လုပ္ၿပီး မွ်ေဝျခင္းသည္လည္း ကုသိုလ္ထူးကို ရရွိႏိုင္ပါသည္။

Credit :  ျမတ္မဂၤလာ

မိဘကို ပြစ်မှားပါက ရလာမဲ့ အပြစ်တွေ

မိဘကို ပြစ်မှားပါက ရလာမဲ့ အပြစ်တွေ၊ ကြောက်စရာပါ။ မပြစ်မှားကြပါနဲ့ 3 မိနစ်လောက်ပဲ အချိန်ပေးပြီး ဖတ်ဖြစ်အောင်ဖတ်စေချင်ပါသည်။

မေး။ ။မိဘများကို ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းတို့အတွက် ကံကြီးထိုက်သောအခါ ၄င်းကံကြွေးများ ပြေအောင်မည်သို့ ဆောင်ရွက်သင့်ပါသလဲဘုရား။

ဖြေ။ ။မိဘဆရာသမားတို့အား ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ရိုက်ပုတ်ခြင်း၊ စသည့် ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခြင်းတို့ အတွက် ခင်ပွန်းကြီး ၁၀-ပါး ပြစ်မှားခြင်းကြောင့် ဖြစ်သည့် ဒဏ် ၁၀-ပါး အပြစ်များ ဖြစ်တတ်ပါသည်။

၄င်းတို့မှာ-

၁။ ကြမ်းကြုတ်သော ဝေဒနာကို ခံရခြင်း။

၂။ ကို်ယ်ပျက်ခြင်း။

၃။ အနာရောက်ခြင်း။

၄။ ရူးသွပ်ခြင်း။

၅။ မင်းဒဏ်သင့်ခြင်း။

၆။ ကြီးစွာသော စွပ်စွဲခြင်းကို ခံရခြင်း။

၇။ အဆွေအမျိုး ( ချစ်သူခင်သူ ) ပျက်စီးခြင်း။

၈။ စည်းစိမ်ချမ်းသာ ( လက်ရှိဥစ္စာ ) ပျက်စီးခြင်း။

၉။ အိမ် ( အိပ်ရာနေရာ ) ကို မီးလောင်ခြင်း။

၁၀။ သေသည့်နောက် ငရဲသို့ လားရောက်ခြင်းများ ဖြစ်တတ်ကြောင်း ကျမ်းဂန်စာပေများ၌ ပါရှိပါစည်။

ယင်းအပြစ်များ မဖြစ်ရန် မိမိ ကိုယ်နှုတ်စိတ်တို့ဖြင့် ပြစ်မှားမိသော မိဘစသည်များအား ရှိခိုးကန်တော့လျက် တတ်နိုင်သမျှ လုပ်ကျွေးပြုစုကြရပါသည်။ ရတနာသုံးပါးကို ကန်တော့ရာ၌လည်း မိမိပြစ်မှားမိသော မိဘစသည်တို့အားပါ ကန်တော့ပါကြောင်း ဆင်ခြင်ရည်စူး၍ ဦးနှိမ်မာန်လျှော့ ကန်တော့ရမည်-ဟု ဆိုပါသည်။

မေတ္တာဖြင့် Like & Share လုပ်ပြီး မျှဝေခြင်းသည်လည်း ကုသိုလ်ထူးကို ရရှိနိုင်ပါသည်။

Credit :  မြတ်မင်္ဂလာ