WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

လူတိုင္းသိထားသင့္တဲ့ မနက္အိပ္ယာႏိုးႏိုးခ်င္း လံုး၀လံုး၀ မလုပ္သင့္တဲ့ အရာေလးေတြ

Posted on September 10, 2018 by whuk-46651

ကိုယ့္ရဲ႕တစ္ေန႔တာ လႈပ္္ရွားေဆာင္ရြက္မႈေတြဟာ မနက္ခင္း အိပ္ရာႏုိးႏုိးျခင္းနဲ႔ စတင္ပါတယ္။ မလုပ္သင့္တာေတြကို လုပ္္ေနရင္းက လုပ္သင့္တာေတြကို မလုပ္ျဖစ္တဲ့အခါ ကိုယ္ပဲ နစ္နာရတာပါ။ က်န္းမာေရးအတြက္သာမက ဘဝေအာင္ျမင္မႈအတြက္ပါ ေကာင္းက်ိဳးေတြရဖုိ႔ မနက္အိပ္ရာႏုိးႏိုးခ်င္းမွာ ဒါေတြကို မလုပ္မိဖုိ႔ လိုပါတယ္။

၁။ တစ္ေမွးျပန္အိပ္ျခင္း

အိပ္ရာႏိုးၿပီဆုိတာနဲ႔ တစ္ေမွးေလာက္ျပန္ေမွးလိုက္ဦးမယ္ဆုိတာမ်ိဳး မလုပ္ပါနဲ႔။ ဦးေႏွာက္က အိပ္စက္မႈစက္ဝန္းကို ျပန္ဆြဲေခၚသြားပါလိမ့္မယ္။ ေနာက္တစ္ႀကိမ္ျပန္ႏိုးလာရင္လည္း မူးေနာက္ေနာက္ႀကီး ခံစားေနရတတ္ပါတယ္။

၂။ ေကာ္ဖီေသာက္ျခင္း

ခႏၶာကိုယ္မွာ လူကိုႏုိုးၾကားေစတဲ့ ေကာ္တီေဇာလို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး အလိုလိုထြက္ရွိေနၿပီးသားပါ။ ကဖင္းဓာတ္ေၾကာင့္ ခႏၶာကိုယ္ရဲ႕ ေကာ္တီေဇာေဟာ္မုန္းထြက္ရွိမႈ အေႏွာင့္အယွက္မျဖစ္ပါေစနဲ႔။ အိပ္ရာႏိုးႏိုးခ်င္း ေကာ္ဖီေသာက္လိုက္ရင္ ေကာ္တီေဇာေဟာ္မုန္းေတြ ထြက္ရွိမႈ နည္းသြားမွာ ျဖစ္ပါတယ္။

၃။ အီးေမးလ္စစ္ျခင္း

မနက္အိပ္ရာႏိုးႏိုးခ်င္း ဖုန္း ဒါမွမဟုတ္ ကြန္ပ်ဴတာကို ခ်က္ခ်င္းဖြင့္ၿပီး အီးေမးလ္စစ္တာမ်ိဳးလည္း မလုပ္သင့္ပါဘူး။

၄။ အေရးမႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြ

ေဖ့စ္ဘြတ္အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘတ္ကေတာ့ မနက္ခင္းမွာ ဘာဝတ္ရမလဲဆုိတဲ့ အေရးမႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြအတြက္ အခ်ိန္မေပးခ်င္လို႔ ပံုစံတူ အေရာင္တူ၀တ္စံုေပါင္း ၂၀ ကို ထားရွိၿပီး အသင့္ဝတ္ဆင္ပါသတဲ့။ ကိုယ္ကေတာ့ ဒါမ်ိဳးမလုပ္ခ်င္ဘူးဆုိရင္ ညကတည္းက ဝတ္စံုကိုႀကိဳထုတ္ထားရံုေပါ့။

၅။ အေမွာင္ထဲမွာ ဆက္ေနျခင္း

အလင္းအေမွာင္ဟာ ခႏၶာကိုယ္ကို တုိက္ရိုက္သက္ေရာက္မႈရွိပါတယ္။ ေမွာင္လာရင္ အိပ္ရမယ္ဆိုတဲ့အသိ ဝင္ေနၿပီး လင္းေနရင္ႏိုးေနတတ္ပါတယ္။ ဒါေၾကာင့္ အိပ္ရာႏိုးၿပီဆုိ အေမွာင္ထဲမွာ ဆက္ၿပီးမေနပါနဲ႔ေတာ့။

၆။ အိပ္ရာထဲမွာ ဆက္ၿပီးလဲေလ်ာင္းျခင္း

အိပ္ရာက ႏိုးၿပီးျဖစ္လင့္ကစား ဆက္ၿပီးလဲေလ်ာင္းေနဦးမယ္ဆုိရင္ေတာ့ က်န္းမာေရးနဲ႔ ညီညြတ္မွာမဟုတ္ပါဘူး။ မနက္စာမစားခင္ေလး ေလ့က်င့္ခန္းနည္းနည္းေလာက္လုပ္လိုက္တာ ပိုအက်ိဳးရွိပါတယ္။ မနက္စာမစားမီ ေလ့က်င့္ခန္းလုပ္ျခင္းက အျခားအခ်ိန္ေတြမွာ ေလ့က်င့္ခန္းလုပ္တာထက္ အဆီေတြကို ပိုၿပီးေလာင္ကၽြမ္းေစႏိုင္လို႔ပါပဲ။

၇။ လုပ္သင့္တာေတြကို ခ်က္ခ်င္းမလုပ္ဘဲေနျခင္း

ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ျခင္းက အကန္႔အသတ္ရွိပါတယ္။ မနက္ခင္းမွာ ဘာေတြလုပ္ရမယ္ဆုိတာသိရင္ အခ်ိန္ျဖဳန္းမေနဘဲ ခ်က္ခ်င္းထလုပ္လိုက္တာ အေကာင္းဆံုးေပါ့။

Source : Duwun

(Unicode Version)

လူတိုင်းသိထားသင့်တဲ့ မနက်အိပ်ယာနိုးနိုးချင်း လုံးဝလုံး၀ မလုပ်သင့်တဲ့ အရာလေးတွေ

ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေဟာ မနက်ခင်း အိပ်ရာနိုးနိုးခြင်းနဲ့ စတင်ပါတယ်။ မလုပ်သင့်တာတွေကို လုပ်နေရင်းက လုပ်သင့်တာတွေကို မလုပ်ဖြစ်တဲ့အခါ ကိုယ်ပဲ နစ်နာရတာပါ။ ကျန်းမာရေးအတွက်သာမက ဘဝအောင်မြင်မှုအတွက်ပါ ကောင်းကျိုးတွေရဖို့ မနက်အိပ်ရာနိုးနိုးချင်းမှာ ဒါတွေကို မလုပ်မိဖို့ လိုပါတယ်။

၁။ တစ်မှေးပြန်အိပ်ခြင်း

အိပ်ရာနိုးပြီဆိုတာနဲ့ တစ်မှေးလောက်ပြန်မှေးလိုက်ဦးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ဦးနှောက်က အိပ်စက်မှုစက်ဝန်းကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ်ပြန်နိုးလာရင်လည်း မူးနောက်နောက်ကြီး ခံစားနေရတတ်ပါတယ်။

၂။ ကော်ဖီသောက်ခြင်း

ခန္ဓာကိုယ်မှာ လူကိုနိုးကြားစေတဲ့ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အလိုလိုထွက်ရှိနေပြီးသားပါ။ ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကော်တီဇောဟော်မုန်းထွက်ရှိမှု အနှောင့်အယှက်မဖြစ်ပါစေနဲ့။ အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်လိုက်ရင် ကော်တီဇောဟော်မုန်းတွေ ထွက်ရှိမှု နည်းသွားမှာ ဖြစ်ပါတယ်။

၃။ အီးမေးလ်စစ်ခြင်း

မနက်အိပ်ရာနိုးနိုးချင်း ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ချက်ချင်းဖွင့်ပြီး အီးမေးလ်စစ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၄။ အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေ

ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ကတော့ မနက်ခင်းမှာ ဘာဝတ်ရမလဲဆိုတဲ့ အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် အချိန်မပေးချင်လို့ ပုံစံတူ အရောင်တူဝတ်စုံပေါင်း ၂၀ ကို ထားရှိပြီး အသင့်ဝတ်ဆင်ပါသတဲ့။ ကိုယ်ကတော့ ဒါမျိုးမလုပ်ချင်ဘူးဆိုရင် ညကတည်းက ဝတ်စုံကိုကြိုထုတ်ထားရုံပေါ့။

၅။ အမှောင်ထဲမှာ ဆက်နေခြင်း

အလင်းအမှောင်ဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ မှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိ ဝင်နေပြီး လင်းနေရင်နိုးနေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီဆို အမှောင်ထဲမှာ ဆက်ပြီးမနေပါနဲ့တော့။

၆။ အိပ်ရာထဲမှာ ဆက်ပြီးလဲလျောင်းခြင်း

အိပ်ရာက နိုးပြီးဖြစ်လင့်ကစား ဆက်ပြီးလဲလျောင်းနေဦးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ မနက်စာမစားခင်လေး လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။ မနက်စာမစားမီ လေ့ကျင့်ခန်းလုပ်ခြင်းက အခြားအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာထက် အဆီတွေကို ပိုပြီးလောင်ကျွမ်းစေနိုင်လို့ပါပဲ။

၇။ လုပ်သင့်တာတွေကို ချက်ချင်းမလုပ်ဘဲနေခြင်း

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ခြင်းက အကန့်အသတ်ရှိပါတယ်။ မနက်ခင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာသိရင် အချိန်ဖြုန်းမနေဘဲ ချက်ချင်းထလုပ်လိုက်တာ အကောင်းဆုံးပေါ့။

Source : Duwun

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes