သံ​ေဝဂရၾကပါခင္​ဗ်ာ နာမည္ႀကီး ေဆး႐ံုထဲသို႔ တန္ဖိုးႀကီးကားတစ္စီး ဝင္လာသည္

သံ​ေဝဂရၾကပါခင္​ဗ်ာ နာမည္ႀကီး ေဆး႐ံုထဲသို႔ တန္ဖိုးႀကီးကားတစ္စီး ဝင္လာသည္။ ကားေပၚတြင္ သူေဌးႀကီး ပါရဂူႀကီးေဒါက္တာႀကီး ဗိုလ္ခ်ဳပ္ႀကီး လုပ္ငန္း႐ွင္ႀကီး ဆိုေသာ နာမ္စားျပဳ ပုဂၢိဳလ္တစ္ဦးေရာဂါ ျဖင့္ေရာက္လာပါသည္။

သူ႕ ေရာဂါသည္ ၾကာေနၿပီ ကြၽမ္းေနၿပီကုသမွုလဲ စံုေနၿပီ သူ႕အေျခအေနကလက္ေလွ်ာ့ရေတာ့မည့္အေနအထား ။ မၾကာမီ တရားေသာ မွ်တေသာ ေျဖဆိုသူအားလံုးကို လူမ်ဳိး ဘာသာမေရြး ႀကီး / လတ္ / ငယ္ မေရြး ဆင္းရဲ / ခ်မ္းသာ မေရြးေမးခြန္းတစ္မ်ဳိး တည္းသာေမးေသာ ဘဝ၏ Final Exam ကိုသူ ေျဖရေတာ့မည္ ။

ရက္မ်ား မၾကာမီ ကားတန္းႀကီး တစ္တန္း နာမည္ႀကီးေဆး႐ံုထဲက ထြက္လာသည္ ။သိန္းေထာင္ေက်ာ္တန္ ကားေတြၾကားမွာ နာေရးကူညီမုွအသင္း၏ Model နိမ့္ ကားတစ္စီးလည္းပါလာသည္ ။ထိုကား နွင့္ပင္ သူ႕Body ကိုသယ္ခြင့္ျပဳေတာ့သည္ ။

သူ ရွာထားေသာေငြနဲ႔ ဝယ္ထားေသာသူ အလြန္ႏွစ္သက္ေသာသူ႕ အမည္ေပါက္ေသာသူ အလာက စီးလာခဲ့ေသာ သိန္းေထာင္ေက်ာ္တန္ ကားႀကီးေပၚတြင္ သူလိုက္ပါခြင့္မရေတာ့သူ႕ ကိုခ်စ္လွစြာေသာ မိသားစုေတြကလဲ သူ ႀကိဳက္ႏွစ္သက္ေသာသူ႕ ကားႀကီးျဖင့္ သူ႕Body ကိုသယ္ပါရေစ ဟုမည္သူမွ်မေတာင္းဆိုၾကပါ။

သူ႕ လက္တြင္ဆင္ျမန္းထားသည့္ တန္ဖိုးႀကီးစိန္လက္စြပ္ကိုသူ၏ခ်စ္လွစြာေသာ ဇနီးက ခြၽတ္ယူထားလိုက္သည္ ။သူ ကိုင္ေနက် လက္ကိုင္ဖုန္းကိုလည္းသူ ၏ ခ်စ္သား/သမီး မ်ားက သိမ္းယူထားလိုက္ၿပီ ။ သူ႕ Body တင္ထားသည့္ ကားေပၚတြင္ သူ႕ Body ႏွင့္အတူ လိုက္မည့္သူပင္မရိွ ။သူ အသက္မဲ့ေနၿပီ သူ႕ တြင္ အသိမဲ့ေနၿပီသူ တြင္တန္ဖိုးမဲ့ေလၿပီသူ႔ ႐ုပ္သည္ မၾကာခင္ ပုတ္ေတာ့မည္ ။သူ သည္ မသာယာေတာ့သူသည္ မတင့္တယ္ေတာ့သူသည္ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ဇက္က်ိဳးက်ေနေသာ အေလာင္းေကာင္သူ႕ အမည္ ကိုတ၍ တ၍ ဆက္ဟန္ေဆာင္ႏိုင္ေသးေသာ က်န္မသာေလာင္းတို႔က ငိုၾကေလသည္။

သူ ဘာမွမသိေတာ့သူ ဘာမွမဆိုင္ေတာ့သူသည္ ဘာမွမပိုင္ေတာ့သူ ဘာေတြယူသြားႏိုင္ပါသလဲ ?သူ အခုဘယ္ေရာက္ေနၿပီလဲ ?သူ ဘာျဖစ္ေနၿပီလဲ ?သူ ခံစား ေနရၿပီလား ?သူ စံစားေနရၿပီလား ?ယခုအခ်ိန္မွာေတာ့ သူ႔ဘဝတစ္သက္တာလံုးသူ သိလွ်က္ သူ မသိလွ်က္ထားေျဖမိထားေသာ Life Exam Result ေလးကိုကိုင္၍ သူတစ္ဦးတည္း သူတစ္ေယာက္တည္းခး ခရီးဆက္သြားပါၿပီ ။

မူရင္းေရးသားသူ ကိုညီ ( လိႈင္သာယာ)

(Unicode Version)

သံဝေဂရကြပါခင်ဗျာ နာမည်ကြီး ဆေးရုံထဲသို့ တန်ဖိုးကြီးကားတစ်စီး ဝင်လာသည်

သံဝေဂရကြပါခင်ဗျာ နာမည်ကြီး ဆေးရုံထဲသို့ တန်ဖိုးကြီးကားတစ်စီး ဝင်လာသည်။ ကားပေါ်တွင် သူဌေးကြီး ပါရဂူကြီးဒေါက်တာကြီး ဗိုလ်ချုပ်ကြီး လုပ်ငန်းရှင်ကြီး ဆိုသော နာမ်စားပြု ပုဂ္ဂိုလ်တစ်ဦးရောဂါ ဖြင့်ရောက်လာပါသည်။

သူ့ ရောဂါသည် ကြာနေပြီ ကျွမ်းနေပြီကုသမှုလဲ စုံနေပြီ သူ့အခြေအနေကလက်လျှော့ရတော့မည့်အနေအထား ။ မကြာမီ တရားသော မျှတသော ဖြေဆိုသူအားလုံးကို လူမျိုး ဘာသာမရွေး ကြီး / လတ် / ငယ် မရွေး ဆင်းရဲ / ချမ်းသာ မရွေးမေးခွန်းတစ်မျိုး တည်းသာမေးသော ဘဝ၏ Final Exam ကိုသူ ဖြေရတော့မည် ။

ရက်များ မကြာမီ ကားတန်းကြီး တစ်တန်း နာမည်ကြီးဆေးရုံထဲက ထွက်လာသည် ။သိန်းထောင်ကျော်တန် ကားတွေကြားမှာ နာရေးကူညီမုှအသင်း၏ Model နိမ့် ကားတစ်စီးလည်းပါလာသည် ။ထိုကား နှင့်ပင် သူ့Body ကိုသယ်ခွင့်ပြုတော့သည် ။

သူ ရှာထားသောငွေနဲ့ ဝယ်ထားသောသူ အလွန်နှစ်သက်သောသူ့ အမည်ပေါက်သောသူ အလာက စီးလာခဲ့သော သိန်းထောင်ကျော်တန် ကားကြီးပေါ်တွင် သူလိုက်ပါခွင့်မရတော့သူ့ ကိုချစ်လှစွာသော မိသားစုတွေကလဲ သူ ကြိုက်နှစ်သက်သောသူ့ ကားကြီးဖြင့် သူ့Body ကိုသယ်ပါရစေ ဟုမည်သူမျှမတောင်းဆိုကြပါ။

သူ့ လက်တွင်ဆင်မြန်းထားသည့် တန်ဖိုးကြီးစိန်လက်စွပ်ကိုသူ၏ချစ်လှစွာသော ဇနီးက ချွတ်ယူထားလိုက်သည် ။သူ ကိုင်နေကျ လက်ကိုင်ဖုန်းကိုလည်းသူ ၏ ချစ်သား/သမီး များက သိမ်းယူထားလိုက်ပြီ ။ သူ့ Body တင်ထားသည့် ကားပေါ်တွင် သူ့ Body နှင့်အတူ လိုက်မည့်သူပင်မရှိ ။သူ အသက်မဲ့နေပြီ သူ့ တွင် အသိမဲ့နေပြီသူ တွင်တန်ဖိုးမဲ့လေပြီသူ့ ရုပ်သည် မကြာခင် ပုတ်တော့မည် ။သူ သည် မသာယာတော့သူသည် မတင့်တယ်တော့သူသည် ဟန်မဆောင်နိုင်လောက်အောင်ဇက်ကျိုးကျနေသော အလောင်းကောင်သူ့ အမည် ကိုတ၍ တ၍ ဆက်ဟန်ဆောင်နိုင်သေးသော ကျန်မသာလောင်းတို့က ငိုကြလေသည်။

သူ ဘာမှမသိတော့သူ ဘာမှမဆိုင်တော့သူသည် ဘာမှမပိုင်တော့သူ ဘာတွေယူသွားနိုင်ပါသလဲ ?သူ အခုဘယ်ရောက်နေပြီလဲ ?သူ ဘာဖြစ်နေပြီလဲ ?သူ ခံစား နေရပြီလား ?သူ စံစားနေရပြီလား ?ယခုအချိန်မှာတော့ သူ့ဘဝတစ်သက်တာလုံးသူ သိလျှက် သူ မသိလျှက်ထားဖြေမိထားသော Life Exam Result လေးကိုကိုင်၍ သူတစ်ဦးတည်း သူတစ်ယောက်တည်းခး ခရီးဆက်သွားပါပြီ ။

မူရင်းရေးသားသူ ကိုညီ ( လှိုင်သာယာ)