သိမ္းထားသင့္ေသာ အဖိုးတန္ ေဆးၿမီးတုိမ်ား

၁။ ေသြးတိုးလို႔ေသြးက်လိုလွ်င္ သံပုရာသီးတစ္လုံးကို ၁၅ မိနစ္ခန္ ့ၾကာေအာင္ေရစိမ္ျပီး အရည္ညွစ္၍ ၾကက္ဥတစ္လုံး ေဖာက္ထည့္ကာ ေရာေမႊ ေသာက္လိုက္ပါ။ ေသြးက်ေဆး အထူးေသာက္စရာ မလိုဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၂။ အပူက်ိတ္ျဖစ္ရင္ ပါးခ်ိတ္ေအာက္ႏွင့္ ေပါင္ၾကားတို ့တြင္ ေပါက္တက္ေသာ အပူက်ိတ္မ်ားကိုေပ်ာက္လိုလွ်င္ နႏြင္းခါးဥကို ေသြးလိမ္းပါ။ သုံးႀကိမ္မွ် လူးရံု လိမ္းရံုႏွင့္ ေပ်ာက္ကင္းေစပါသည္။

၃။ အိပ္မေပ်ာ္ျခင္းျဖစ္လွ်င္ ဒန္ ့ကြ်ဲျမစ္ကိုျပဳတ္၍သၾကားအနည္းငယ္ ထည့္ျပီးေသာက္ပါ။ တစ္ခါေသာက္လွ်င္ အၾကမ္းပန္းကန္ႏွင့္တစ္လုံးေသာက္ ည ၊ နံနက္ ေသာက္ပါ။ အိပ္မေပ်ာ္ျခင္းေဝဒနာ သက္သာေပ်ာက္ကင္းေစမည္။

၄။ ပန္းေသပန္းညိွဳးေရာဂါျဖစ္လွ်င္​ ကေစာ့ပုပ္ျမစ္ကိုအေျခာက္လွန္း အမႈန္ ့ျပဳျပီး ပ်ားရည္ႏွင့္ေသာက္ပါ။ ရက္မရွည္ဘဲ ေပ်ာက္ကင္းေစပါသည္။

၅။ အမ်ိဳးသမီးမ်ားမီးယပ္ျဖဴဆင္းေရာဂါျဖစ္လွ်င္အေဝရာရြက္ကို မၾကာခဏ သုပ္စားပါ။ ထို ့အျပင္ သိေႏၶာ ဆားတစ္ဆ ၊ လက္ပံပြင့္ေျခာက္မႈန္ ့ႏွစ္ဆတို ့ကို ေထာပတ္ႏွင့္ ေရာ၍ ကြမ္းသီးလုံးခန္႔့နံနက္ ၊ ည ခြဲျပီးစားပါ ေပ်ာက္ကင္းေစပါသည္။

၆။ သြားကိုက္သြားဖုံးေရာင္သြားျပည္ယိုျဖစ္လွ်င္ မာလကာေခါက္ကို ျပဳတ္၍ ငုံေပးပါ။ သက္သာေပ်ာက္ကင္းေစပါသည္။ မာလကာေစ့ေျခာက္မႈန္ ့ကိုသြားေျခထဲ ထည့္ေပးလွ်င္လည္း သက္သာ ေပ်ာက္ကင္းေစပါသည္။

၇။ ေသြးဝမ္းလြန္ျခင္းျဖစ္လွ်င္ ထမင္းေျခာက္ကိုေလွာ္၍ ထန္းလ်က္ႏွင့္ အညက္ႀကိတ္၍စားပါ ၊ သက္သာေပ်ာက္ကင္းေစပါသည္။

၈။ ေလထိုးေလေအာင့္ျဖစ္လွ်င္ ပုန္းညွက္ပန္းပြင့္​ေျခာက္မ်ားကို ေရေႏြးတြင္ထည့္၍ လက္ဖက္ရည္ႀကမ္းလုပ္ေသာက္ပါ သက္သာေပ်ာက္ကင္းေစသည္။

၉။ ေအာ့အန္ျခင္း ေဝဒနာျဖစ္လွ်င္ ေရွာက္ျမစ္ကိုေသြး၍ ပ်ားရည္ႏွင့္ စားပါက သက္သာေပ်ာက္ကင္းေစပါသည္။

၁၀။ ဆီးအိမ္တြင္းမွာေက်ာက္တည္ျခင္းျဖစ္လွ်င္ သမင္ခ်ိဳကိုေသြး၍ သံပုရာရည္ႏွင့္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းေသာက္ပါ။ သုံးခါပင္ မေသာက္ရဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၁၁။ ဆီးက်ဥ္ဆီးနီဆီးေနွာက္ျဖစ္လွ်င္ ( ဘုရားကပ္လွဴသည့္ ) ေက်ာက္စိမ္းပန္းက်ားပင္ အျမစ္ေရာအရိုးပါ ထုေျခလို ့ရေသာအရည္​ ၅ က်ပ္သားကိုေရႏွင့္ျပဳတ္က်ိဳျပီး နံနက္ ၊ ည ႏွစ္ခြက္ေသာက္ပါ ေနခ်င္းပင္သက္သာေပ်ာက္ကင္းေစပါသည္။

၁၂။ စားမဝင္ အိပ္မေပ်ာ္ျဖစ္လွ်င္ ပ်ားရည္စစ္စစ္ကို လက္ဖက္ရည္ဇြန္းေလးနဲ ့တစ္ဇြန္းကို ညအိပ္ရာဝင္တိုင္း ေသာက္ေပးပါ။ ခံတြင္းေကာင္း စားဝင္အိပ္ေပ်ာ္ေစႏိုင္ပါသည္။

၁၃။ မီးယပ္ေသြးဆင္းခ်ိန္တြင္ မူးေဝတက္ပါသည္။ ထို ့သို ့ျဖစ္လွ်င္ ေရွာက္သီးႏွင့္္ ထန္းလ်က္ကိုေရာစားလိုက္ပါ။ သက္သာ ေပ်ာက္ကင္းေစပါသည္။

၁၄။ ပန္းနာရင္က်ပ္ ေခ်ာင္းဆိုးျခင္းျဖစ္လွ်င္ သစ္ဆိမ့္သီးအခြံကိုေသြး ပ်ားရည္ႏွင့္ စားေပးပါ ။သက္သာေပ်ာက္ကင္းေစပါသည္။

၁၅။ ကင္းကိုက္ျခင္းခံရလွ်င္ ကေစာ့ျမစ္ကိုဆန္ေဆးရည္ႏွင့္ ေသြးျပီး အဆိပ္သင့္တ့ဲေနရာကို လိမ္းေပးပါ။ ေဝဒနာခ်က္ခ်င္းသက္သာေစပါသည္။

၁၆။ ဆံပင္ကြ်တ္လွ်င္ ပိေထာက္ရြက္ကို ထုေထာင္း၍ေခါင္းေလွ်ာ္ရည္ႏွင့္ တြဲဖက္ ေလွ်ာ္ေပးပါ။ ဆံပင္မ်ားလုံးဝမကြ်တ္ေစပါ။

၁၇။ အဖုအက်ိတ္မ်ားေပါက္လွ်င္လဝန္းဂမုန္းပင္ ပဥၥငါးပါးကို ထုေထာင္း၍အက်ိတ္ေပၚသို ့အုံေပးကာပတ္တီးစည္းထားပါေပ်ာက္ကင္းေစပါသည္။

၁၈။ ဒူးနာခါးနားလွ်င္ နံ ့သာျဖဴႏွင့္ ဂ်င္းကိုဆတူေရာ၍လိမ္းပါ။ ယူပစ္သလို သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။

ဤေဆးနည္းေျပာျပေပးတ့ဲ့ ေမာင္နႏၵာ – မႏၲေလး ကို အထူးေက်းဇူးတင္ရွိပါတယ္။

Credit : မူရင္းေရးသားသူ

(Unicode Version)

သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ

၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများမီးယပ်ဖြူဆင်းရောဂါဖြစ်လျှင်အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်။

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည် ၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်း စားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာ ပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။ ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ဤဆေးနည်းပြောပြပေးတဲ့ မောင်နန္ဒာ – မန္တလေး ကို အထူးကျေးဇူးတင်ရှိပါတယ်။

Credit : မူရင်းရေးသားသူ