ခရမ္းခ်ဥ္သီးယို ျပဳလုပ္နည္း

ဒီခရမ္းခ်ဥ္သီးယိုကို ထိုးနည္းေျပာျပေပးမယ္ဆိုတဲ့ ကတိအတိုင္္း ယိုထိုးနည္းကို တင္ေပးလိုက္ႁပီေနာ္။ လုပ္နည္းကို တင္ေပးခ်င္လို႔ အိမ္မွာ ခုျပထားတဲ့ တစ္ပန္းကန္လံုး အေသးစာ တစ္လံုးပဲ ထိုးပါတယ္။

အဲ့ဒါေတာင္မွ ခရမ္းခ်ဥ္သီးက ၆၀ ဆယ္သား႐ွိပါတယ္။ ခု လိူင္ျပထားတဲ့ပံုစံမ်ဳိး အေရာင္မ်ိဳး အရသာမ်ိဳးလိုခ်င္ရင္ ေပးထားတဲ့ အခ်ိဳးအတိုင္း လုပ္နည္းအတိုင္း ေသခ်ာလိုက္လုပ္မယ္ဆို ရပါတယ္ေနာ္။

ပါဝင္ပစၥည္း – ခရမ္းခ်ဥ္သီး ၆၀ သား/ သၾကား ၁၅ က်ပ္သား/ ဆား ေကာ္ဖီဇြန္းတဇြန္း/ ကြမ္းစားထံုး အနည္းငယ္ တို႔ လိုအပ္ပါတယ္။

ယိုထိုးနည္း

ခရမ္းခ်ဥ္သီးေတြကို ေရစင္ေအာင္ေဆး ၿပီး ထိပ္ကေန ေအာက္ကိုမျပတ္ေစရ ေလးစိတ္စိတ္ပါ။ ၿပီးရင္ ထံုးကိုေရေဖ်ာ္ၿပီးထိုခရမ္းခ်ဥ္သီးေတြကို ေလးနာရီေလာက္ ထံုးေရစိမ္ ေပးထားရပါ့မယ္။ အခ်ိန္ေစ့လ်ွင္ ထံုးေတြစင္ေအာင္ ေရမ်ားမ်ားႏွင့္ေျပာင္စင္ေအာင္ ျပန္ေဆးေပးပါ။

ထို႔ေနာက္ က်ိဳမည့္အိုးထဲသို႔ထည့္ သၾကားကို ေရေကာ္ဖီတစ္ခြက္စာႏွင့္ ေဖ်ာ္ရည္အမိူက္သဲစစ္၍ အိုးထဲသို႔ ထည့္ေပးပါ။ ဆားထည့္ပါ။ မီးဖြင့္၍ ေရခမ္းသည္ထိ က်ိဳေပးပါ။ ဇြန္းႏွင့္မေမႊပါႏွင့္ အိုးကပ္ခါနီးလ်ွင္ အိုးကိုမ၍အသာလူပ္ေပးပါ မတူးေစပါႏွင့္ တူးနံစဲြသြားလ်ွင္ ယိုအနံ႔တြင္မေမႊးေတာ့ပါ။ စိတ္႐ွည္႐ွည္ႏွင့္ အိုးကို အသာလူပ္၍ လူပ္၍သာ လွည့္ေပးပါ..

ေရခမ္းလ်ွင္ ေနလွန္းမည့္ဗန္းထဲသို႔ တစ္လံုးျခင္းစီ အသာဆယ္ယူ၍ ျဖန္ပီးေနက်က္က်က္ပူပူေအာက္မွာ ၅ ရက္ေလာက္ လွန္းေပးရပါတယ္။ ၃ ရက္ေျမာက္ေလာက္တြင္ ပံုစံျပန္ျပန္႔ႀကီးျဖစ္ေနေသာ ခရမ္းခ်ဥ္သီးေတြကို ခုပံုမွာျပထားသည့္အတို္င္း လက္ႏွင့္အသာအယာ လိုက္စုေပးပါ။ အထက္ေအာက္လွန္ေပးပါ။

၅ ရက္ေလာက္ဆိုရင္ ပံုပါအတိုင္းသၾကားလည္းပြင့္ ေျခာက္လည္းေျခာက္ အေရာင္လည္းလွႏွင့္ အရမ္းအရသာ႐ွိတဲ့ခရမ္းခ်ဥ္သီးယိုကို ရပါၿပီ။ လံုးဝကို ခရမ္းခ်ဥ္သီးအစိမ္းနံလည္း မနံပါဘူး။ အရသာကခ်ိဳခ်ဥ္ေလးပါေနာ္။ ဝါသနာပါတဲ့ အိမ္႐ွင္မေတြလည္းခုလိုမ်ိဳး တခါတည္းအမ်ားႀကီးမလုပ္ပဲ ညနည္းနည္းခ်င္းစီစမ္းသပ္ၿပီး လုပ္ၾကည့္ုၾကေပါ့ေနာ္။ အပ်င္းလည္းေျပ ပညာလည္းရ ေပ်ာ္ဖို႔လည္း ေကာင္းပါတယ္။

အားလံုး ကိုေက်းဇူးတင္ပါတယ္။

Credit : လိူင္လိူင္

(Unicode Version)

ခရမ်းချဉ်သီးယို ပြုလုပ်နည်း

ဒီခရမ်းချဉ်သီးယိုကို ထိုးနည်းပြောပြပေးမယ်ဆိုတဲ့ ကတိအတိုင်း ယိုထိုးနည်းကို တင်ပေးလိုက်ပြီနော်။ လုပ်နည်းကို တင်ပေးချင်လို့ အိမ်မှာ ခုပြထားတဲ့ တစ်ပန်းကန်လုံး အသေးစာ တစ်လုံးပဲ ထိုးပါတယ်။ အဲ့ဒါတောင်မှ ခရမ်းချဉ်သီးက ၆၀ ဆယ်သားရှိပါတယ်။ ခု လိူင်ပြထားတဲ့ပုံစံမျိုး အရောင်မျိုး အရသာမျိုးလိုချင်ရင် ပေးထားတဲ့ အချိုးအတိုင်း လုပ်နည်းအတိုင်း သေချာလိုက်လုပ်မယ်ဆို ရပါတယ်နော်။

ပါဝင်ပစ္စည်း – ခရမ်းချဉ်သီး ၆၀ သား/ သကြား ၁၅ ကျပ်သား/ ဆား ကော်ဖီဇွန်းတဇွန်း/ ကွမ်းစားထုံး အနည်းငယ် တို့ လိုအပ်ပါတယ်။

ယိုထိုးနည်း

ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး ပြီး ထိပ်ကနေ အောက်ကိုမပြတ်စေရ လေးစိတ်စိတ်ပါ။ ပြီးရင် ထုံးကိုရေဖျော်ပြီးထိုခရမ်းချဉ်သီးတွေကို လေးနာရီလောက် ထုံးရေစိမ် ပေးထားရပါ့မယ်။ အချိန်စေ့လျှင် ထုံးတွေစင်အောင် ရေများများနှင့်ပြောင်စင်အောင် ပြန်ဆေးပေးပါ။

ထို့နောက် ကျိုမည့်အိုးထဲသို့ထည့် သကြားကို ရေကော်ဖီတစ်ခွက်စာနှင့် ဖျော်ရည်အမိူက်သဲစစ်၍ အိုးထဲသို့ ထည့်ပေးပါ။ ဆားထည့်ပါ။ မီးဖွင့်၍ ရေခမ်းသည်ထိ ကျိုပေးပါ။ ဇွန်းနှင့်မမွှေပါနှင့် အိုးကပ်ခါနီးလျှင် အိုးကိုမ၍အသာလူပ်ပေးပါ မတူးစေပါနှင့် တူးနံစွဲသွားလျှင် ယိုအနံ့တွင်မမွှေးတော့ပါ။ စိတ်ရှည်ရှည်နှင့် အိုးကို အသာလူပ်၍ လူပ်၍သာ လှည့်ပေးပါ..

ရေခမ်းလျှင် နေလှန်းမည့်ဗန်းထဲသို့ တစ်လုံးခြင်းစီ အသာဆယ်ယူ၍ ဖြန်ပီးနေကျက်ကျက်ပူပူအောက်မှာ ၅ ရက်လောက် လှန်းပေးရပါတယ်။ ၃ ရက်မြောက်လောက်တွင် ပုံစံပြန်ပြန့်ကြီးဖြစ်နေသော ခရမ်းချဉ်သီးတွေကို ခုပုံမှာပြထားသည့်အတိုင်း လက်နှင့်အသာအယာ လိုက်စုပေးပါ။ အထက်အောက်လှန်ပေးပါ။

၅ ရက်လောက်ဆိုရင် ပုံပါအတိုင်းသကြားလည်းပွင့် ခြောက်လည်းခြောက် အရောင်လည်းလှနှင့် အရမ်းအရသာရှိတဲ့ခရမ်းချဉ်သီးယိုကို ရပါပြီ။ လုံးဝကို ခရမ်းချဉ်သီးအစိမ်းနံလည်း မနံပါဘူး။ အရသာကချိုချဉ်လေးပါနော်။ ဝါသနာပါတဲ့ အိမ်ရှင်မတွေလည်းခုလိုမျိုး တခါတည်းအများကြီးမလုပ်ပဲ ညနည်းနည်းချင်းစီစမ်းသပ်ပြီး လုပ်ကြည့်ုကြပေါ့နော်။ အပျင်းလည်းပြေ ပညာလည်းရ ပျော်ဖို့လည်း ကောင်းပါတယ်။

အားလုံး ကိုကျေးဇူးတင်ပါတယ်။

Credit : လိူင်လိူင်