အောက်ခြေမှာ သံချေးတွေတက်ပီး တော်တော်ဟောင်းနေပါတယ် ..ပီးတော့ ပုံးက ရှိသင့်တဲ့အလေးချိန်ထက် ပေါ့နေလို့ .. မသကာင်္တာနဲ့ ဖောက်ကြည့်တော့ အထဲမှာ မုန့်အပြည့် မပါဘဲ အော်ရီဂျင်နယ်မုန့်၂ထုပ်ဘဲပါတယ် တခြားဈေးပေါတဲ့ မုန့်ထုပ်သေးသေးလေး ၃ထုပ်လဲအောက်ကနေ ညှပ်ထည့်ထားပါတယ် (ပုံတွင်ကြည့်ရန်)
၂။ လက်ဖက်ခြောက်ဗူး
၃။ ဘီစကစ်ဗူး အနီ
၎။ တရုတ်ဆန်ပြုတ်ဗူး
၅။ အိုဗာတင်းဗူး
(Unicode Version)
”အောက်တန်းကျတဲ့ စီးပွားရေးသမား” အခါကြီး ရက်ကြီးတွေမှာ လူကြီးကန်တော့ကြမယ်ဆိုရင် ဂျင်းထည့်မခံရအောင် တင်ပေးလိုက်ပါတယ်
အခါကြီးရက်ကြီးတွေမှာ လူကြီးကန်တော့ကြမယ်ဆိုရင် ဂျင်းထည့်မခံရအောင် တင်ပေးလိုက်ပါတယ် ကျေးဇူးပြု၍ အဆုံးထိ ဖတ်ပေးကြပါ။ ပြီးရင် share ပေးကြပါ။ ကျွန်မ လက်ဆောင်ခြင်း ၁,၅၀,၀၀ဝိ/ တန် တစ်ခြင်း လွန်ခဲ့တဲ့ ၂ လလောက်က ဝယ်ခဲ့ပါတယ်။ ပို့မဲ့သူဆီ မပို့ဖြစ်တော့တာနဲ့ ဆိုင်တစ်ဆိုင်မှာ ပြန်သွင်းဖို့လုပ်ပါတယ်။ ခြင်းကြီးနဲ့ သယ်မသွားချင်တာနဲ့ ခြင်းကိုဖောက်လိုက်ပါတယ်။ ပြဿနာက အဲ့ဒီမှာ စပေါ်တာဘဲ အထဲမှာ ပစ္စည်းအားလုံး အကြံဖန်တွေချည်းပါ။
၁။ မိသားစု မုန့်ပုံး (သံပုံး)
အောက်ခြေမှာ သံချေးတွေတက်ပီး တော်တော်ဟောင်းနေပါတယ် ..ပီးတော့ ပုံးက ရှိသင့်တဲ့အလေးချိန်ထက် ပေါ့နေလို့ .. မသကာၤတာနဲ့ ဖောက်ကြည့်တော့ အထဲမှာ မုန့်အပြည့် မပါဘဲ အော်ရီဂျင်နယ်မုန့်၂ထုပ်ဘဲပါတယ် တခြားဈေးပေါတဲ့ မုန့်ထုပ်သေးသေးလေး ၃ထုပ်လဲအောက်ကနေ ညှပ်ထည့်ထားပါတယ် (ပုံတွင်ကြည့်ရန်)
၂။ လက်ဖက်ခြောက်ဗူး
ဗူး၂ဗူး အတူတူကို အထဲမှာပါတဲ့ လက်ဖက်ခြောက်အိတ်က တစ်အိတ်နဲ့တစ်အိတ် အရွယ်အစား မတူပါဘူး ပီးတော့ ဗူးအပြည့်တောင် မပါဘဲ ဈေးပေါတဲ့လက်ဖက်ခြောက်ထုပ် သေးသေးလေး တစ်ဗူးမှာ တစ်ထုပ်စီဘဲ ထည့်ထားတာပါ ဗူးခွံက ကိုးကန့်လက်ဖက်ခြောက်ပါ။ ဒါမဲ့အထဲမှာက မကောင်းတဲ့ဟာတွေ ထည့်ထားတာပါ။ (ပုံတွင်ကြည့်ရန်)
၃။ ဘီစကစ်ဗူး အနီ
အဲ့ဗူးထဲမှာလဲ အပြည့်ပါရမဲ့အစား တစ်ဗူးမှာ ၃ ထုပ်ဘဲ ထည့်ထားပါတယ် (ပုံတွင်ကြည့်ရန်)
၄။ တရုတ်ဆန်ပြုတ်ဗူး
တစ်ဖာမှာ ၈ လုံး ပါရပါမယ် ဒါပေမဲ့ ၅ လုံးဘဲပါပါတယ် ပီးတော့ ဒိတ်က တစ်နှစ်လောက် လွန်နေပီးသားပါ (ပုံတွင်ကြည့်ရန်)
၅။ အိုဗာတင်းဗူး
အရှေ့က မြင်ရတဲ့နေရာမှာ အထုပ်လေးတွေ ကာထားပါတယ် အနောက်မှာ ပုလင်းပါတဲ့ပုံစံမျိုး လုပ်ထားတာပါ တကယ်ဖောက်ကြည့်တော့ ပုလင်း ၂လုံးလုံး မပါပါဘူးခွက်နဲ့ တစ်ခါသောက်အမှုန့်ထုပ်အသေး ၄ထုပ်ဘဲ ပါပါတယ် (ပုံတွင်ကြည့်ရန်)
၆။ Johnnie Walker -Gold Label
အဲ့ဒီအရက်ပုလင်းအဖုံးမှာလဲ ပါကင်ပျက်နေပါတယ်ဓာနဲ့လှီးထားတဲ့အရာတွေ့ပါတယ် (ပုံတွင်ကြည့်ရန်)
အဲ့တော့ အဲ့ပစ္စည်းတွေအကုန်ပေါင်းကြည့်မယ်ဆိုရင် လုံးဝမှကို ၁၅၀၀၀၀ တန်ဖိုးမရှိတာပါ ဒါနဲ့ အဲ့ဒီဆိုင်ကို ဈေးဝယ်သူပုံစံနဲ့ သွားပြီး သေချာလေ့လာကြည့်ပါတယ် ခြင်းတိုင်းမှာ မုန့်ပုံးခွံအဟောင်း သံချေးတက်နေတာတွေဘဲ တွေ့ပါတယ်။ တခြားမုန့်တွေလဲ ဗူးခွံက တံဆိပ်တမျိုးအထဲမှာက ဈေးပေါတဲ့မုန့်ထုပ်တွေ အနဲအကျဉ်းဘဲ ထည့်ထားတာပါ။
သူတို့လုပ်စားကွက်က ဒီလို
လက်ဆောင်ခြင်းတစ်ခြင်းကို ကျွန်မက ၁၅၀၀၀၀နဲ့ ဝယ်လိုက်တယ် ပီးတော့ လူကြီးကို လက်ဆောင်ပို့လိုက်မယ် အဲ့နေရာမှာ လူကြီးက လက်ဆောင်ခြင်းကို ၂မျိုး အသုံးပြုမယ် ၁~ ခြင်းကို ဖောက်ပြီး သုံးလိုက်တာနဲ့ ၂~ဆိုင်ပြန်သွင်းတာ ဖောက်သုံးလိုက်တယ်ဆိုပါတော့ဒါကြီးက အင်ထုထားတာဆိုတာ ဘယ်လူကြီးကမှ (အများစုပေါ့နော်) ကန်တော့တဲ့သူကို ပြန်ပြောနေမှာမဟုတ်ဘူး အဲ့ဆိုင်မှာဘဲ ပြန်သွင်းတယ်ဆိုပါတော့သူတို့က ဈေးကို တစ်ဝက်နှိမ်တယ်ဆိုတော့ ၁၅၀၀၀၀တန်ခြင်းကို ၈သောင်းပေးတယ်ထား ၇သောင်းမြတ်ပီးသားဘဲ အဲ့တော့ ဝယ်သူဆီကရော ပြန်သွင်းသူဆီကပါ ပိုးစိုးပက်စက် အမြတ်ရ သူများဆိုင်တွေ တစ်လအမြတ်က သူတို့ဆိုင် တစ်ရက်အမြတ်ဘဲ အဲ့တော့ လက်ဆောင်ပေးတဲ့ခြင်းဖြစ်တဲ့အတွက် သူတို့လုပ်စားကွက်ရသွားတယ် ဒါပါဘဲ
စားဖို့ဝယ်တဲ့သူဆို ဒါမျိုးလုပ် တန်းပေါ်မှာလေခုဟာက ကိုယ်လဲ ဒီခြင်းက လူကြီးဆီရောက်သွားပီးရင် ဘာမှ မသိရတော့ဘူးဖောက်ကြည့်မိလို့သာ သိလိုက်ရတာ အကယ်၍များ သူတို့ဆိုင်ပြန်မသွင်းဘဲ တစ်ခြားဆိုင်သွင်းလို့ ဖောက်စစ်ကြည့်မှ သိရင် ပြဿနာကိုယ်က အင်ထုပီး သွားသွင်းသလိုဖြစ်အုံးမယ်ကိုယ် ကံအများကြီးကောင်းသွားတယ်အဲ့တော့ ဒီလိုတွေ ဂျင်းထည့်မခံရအောင်အဲ့ဒီဆိုင်ကို ရှောင်ကြပါလမ်း ၈၀ ပေါ်မှာပါ တခြားဆိုင်တွေမှာ ဝယ်မယ်ဆိုလဲ ထုပ်ပီးသား ခြင်း မဝယ်ကြပါနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုချင်းရွေး ဒိတ်စစ်ပီးမှ ခြင်းပြင်ခိုင်းကြပါ ပီးမှ ငွေတွက်ခိုင်းပါ အဲ့တာက စိတ်အချရဆုံးပါ ။ အခုကိစ္စမှာ ပြန်သွားသွင်းရင်လဲ.. ပြန်ရမှာက ၅သောင်းလောက်နဲ့ ဒီလိုလုပ်ရပ်တောင် ရည်ရွယ်ချက်ရှိရှိလုပ်တဲ့သူတွေနဲ့ စကားတွေ ယှဉ်မပြောချင်တော့လို့ ပြန်မသွင်းတော့ပါ။ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ် အများပြည်သူသိအောင်၊ကိုယ့်လို မခံရအောင် စေတနာနဲ့ တင်ပေးတာပါ သူတို့အတွက် ထိုက်တန်ပါတယ် ဒီလောက်ပါဘဲ ကိုယ်ကတော့ ဂျင်းအကြီးကြီးမိသွားတယ်။
”အောက်တန်းကျတဲ့ စီးပွားရေးသမား”အခါကြီးရက်ကြီးတွေမှာ လူကြီးကန်တော့ကြမယ်ဆိုရင် ဂျင်းထည့်မခံရအောင် တင်ပေးလိုက်ပါတယ်။
Credit : Yoon Mee Mee Nay Win