WY စိတ္ႂကြေဆးျပား အေႂကြးစာရင္းကို အိမ္နံရံ၌ ကပ္ထားသည့္ မူးယစ္ေဆးေရာင္းသူကို ဖမ္းမိ

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ေ႐ႊျပည္စိုးေက်း႐ြာတြင္ ေနအိမ္အတြင္း ကပ္ထားသည့္ မူးယစ္ေဆးဝါးအေႂကြးစာရင္းႏွင့္အတူ မူးယစ္ေဆးဝါးျဖန္႔ျဖဴးေရာင္းခ်ေနသူတစ္ဦးအပါအဝင္ ကြင္းဆက္ တရားခံ ၅ ဦးကို စက္တင္ဘာ ၇ ရက္က မူးယစ္အထူးအဖြဲ႕က ဖမ္းဆီးလိုက္သည္။

အေႂကြးစာရင္းစာ႐ြက္ပါ အမ်ိဳးသားႏွစ္ဦးႏွင့္အတူ တျခားကြင္းဆက္တရားခံ ၂ ဦး စုစုေပါင္း ၅ ဦးကို ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။ အေႂကြးစာရင္းစာ႐ြက္ရွိ အမည္စားရင္းပါ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသားထံမွ WY ေဆးျပား ၁၄၇ ျပား၊ ဘိန္းစာမုန္႔ ၅၀ ဂရမ္၊ ေဆးရွဴကိရိယာမ်ားႏွင့္အတူ ဆိုင္ကယ္တစ္စီး သိမ္းဆည္းခဲ့ၿပီး အသက္ ၂၂ ႏွစ္ အ႐ြယ္ အမ်ိဳးသားထံမွ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိျခင္းမရွိဟု သိရသည္။

တျခားကြင္းဆက္တရားခံမ်ားျဖစ္သည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးထံမွ စိတ္ႂကြေဆးျပား ၄၂ ျပား ၊ ေနာက္တစ္ဦးထံမွ ေဆးျပား ၈ ျပားတို႔ကို ေတြ႕ရွိ သိမ္းဆည္းခဲ့သည္ဟု သိရသည္။ အေႂကြးမေရာင္းပါ ဆိုင္းဘုတ္ရွိသည့္ ေနအိမ္တြင္ WY စာတမ္းပါ စိတ္ႂကြ ေဆးျပား ၁၅၃ ျပား ၊ ေဆးရွဴကိရိယာ၊ ေကာ္ဗူး၊ ကား၂ စီး ၊ ဆိုင္ကယ္ ၃ စီး ၊ လက္ကိုင္ဖုန္း ၊ ေငြက်ပ္ သိန္း ၈၀ တို႔ႏွင့္အတူ ေဆးျပားအေႂကြးစာရင္း ဆိုင္းဘုတ္တစ္ခုကို သိမ္းဆီးရမိခဲ့ေၾကာင္း အထက္ပါ ရဲစခန္းမွ သိရသည္။

မူးယစ္ေဆးဝါးမ်ား လက္ဝယ္ေတြ႕ ရွိခဲ့သည့္ ၎တို႔ ၅ဦးကို မူးယစ္ေဆးဝါး ဥပေဒပုဒ္မမ်ားျဖင့္ အေရးယူႏိုင္ရန္ ေကာ့ေသာင္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း အဆိုပါရဲစခန္းမွ သိရသည္။

မွတ္ခ်က္-ျမန္မာတိုင္းမ္ ဂ်ာနယ္မွတဆင့္ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Credit : Welovecele

(Unicode Version)

WY စိတ်ကြွဆေးပြား အကြွေးစာရင်းကို အိမ်နံရံ၌ ကပ်ထားသည့် မူးယစ်ဆေးရောင်းသူကို ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာတွင် နေအိမ်အတွင်း ကပ်ထားသည့် မူးယစ်ဆေးဝါးအကြွေးစာရင်းနှင့်အတူ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူတစ်ဦးအပါအဝင် ကွင်းဆက် တရားခံ ၅ ဦးကို စက်တင်ဘာ ၇ ရက်က မူးယစ်အထူးအဖွဲ့က ဖမ်းဆီးလိုက်သည်။

အကြွေးစာရင်းစာရွက်ပါ အမျိုးသားနှစ်ဦးနှင့်အတူ တခြားကွင်းဆက်တရားခံ ၂ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။ အကြွေးစာရင်းစာရွက်ရှိ အမည်စားရင်းပါ အသက် ၃၆ နှစ်အရွယ် အမျိုးသားထံမှ WY ဆေးပြား ၁၄၇ ပြား၊ ဘိန်းစာမုန့် ၅၀ ဂရမ်၊ ဆေးရှူကိရိယာများနှင့်အတူ ဆိုင်ကယ်တစ်စီး သိမ်းဆည်းခဲ့ပြီး အသက် ၂၂ နှစ် အရွယ် အမျိုးသားထံမှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခြင်းမရှိဟု သိရသည်။

တခြားကွင်းဆက်တရားခံများဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၂ ပြား ၊ နောက်တစ်ဦးထံမှ ဆေးပြား ၈ ပြားတို့ကို တွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု သိရသည်။ အကြွေးမရောင်းပါ ဆိုင်းဘုတ်ရှိသည့် နေအိမ်တွင် WY စာတမ်းပါ စိတ်ကြွ ဆေးပြား ၁၅၃ ပြား ၊ ဆေးရှူကိရိယာ၊ ကော်ဗူး၊ ကား၂ စီး ၊ ဆိုင်ကယ် ၃ စီး ၊ လက်ကိုင်ဖုန်း ၊ ငွေကျပ် သိန်း ၈၀ တို့နှင့်အတူ ဆေးပြားအကြွေးစာရင်း ဆိုင်းဘုတ်တစ်ခုကို သိမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ ရှိခဲ့သည့် ၎င်းတို့ ၅ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မများဖြင့် အရေးယူနိုင်ရန် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

မှတ်ချက်-မြန်မာတိုင်းမ် ဂျာနယ်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Credit : Welovecele