ေမြးရပ္ေျမကို ေက်းဇူးဆပ္ခ်င္လို႔ တစ္႐ြာလံုးကို တိုက္ေဆာက္ေပးလိုက္တဲ့ သူေဌးႀကီး

ေကာင္းတာ စားတိုင္း မယုတ္မာသလို၊ သူေတာင္းစားတိုင္းလည္း ေတာင္းမစားၾကပါဘူး။ ဒါေပမယ့္လည္း တခ်ိဳ႕ေသာ လူခ်မ္းသာမ်ားရဲ႕ လူမဆန္တဲ့လုပ္ရပ္ေတြနဲ႔ ယွဥ္ျပီး လူေတာ္ေတာ္မ်ားမ်ားက ခ်မ္းသာတဲ့ လူတိုင္းကို တစ္ဖက္သတ္ အျမင္ေတြ ေစာင္းေနတာေတြကို ေတြ႔ရပါတယ္။

ရွိပါတယ္… ကိုယ့္ တစ္ဘို႔ပဲၾကည့္တဲ့ လူေတြ အမ်ားၾကီးရွိတယ္။ ဒါေပမယ့္ ကိုယ့္မွာ ရွိသေလာက္ထဲကမွ တတ္ႏိုင္သေလာက္ ျပန္လည္း ေပးကမ္းစြန္႔ၾကဲေနတဲ့ ခ်မ္းသာတဲ့သူေတြလည္း ရွိေနပါတယ္။

Xiong Shuihua ဆိုတဲ့ တရုတ္ စီးပြားေရးလုပ္ငန္ရွင္ မီလ်ံနာတစ္ေယာက္ဟာ ကိုယ္ ၾကီးျပင္းလာတဲ့ ရြာက တဲအိမ္ေတြ၊ လမ္းေတြကို ဘူဒိုဇာနဲ႔ ျပန္ထိုးခဲ့ ဖ်က္စီးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ဇိမ္ခံတိုက္ခန္းေတြကိုု ျပန္ေဆာက္ေပးျပီး အားလံုးကို ေနစရိတ္မဲ့ ေပးေနခဲ့ပါသတဲ့။

Xiong Shihua ဟာ တရုတ္ျပည္ေတာင္ပိုင္း Xinyu ျမိဳ႕က Xiongkeng ဆိုတဲ့ရြာမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီရြာက ၾကင္နာတတ္တဲ့ ရြာသားေတြက သူတို႔မိသားစုအေပၚ ၾကည့္ရႈေစာင့္ေရွာက္ခဲ့တယ္လို႔ သိရပါတယ္။

Xiong Shuihua ရဲ႕ ကနဦးလုပ္ငန္းဟာ ေဆာက္လုပ္ေရးပစၥည္း စက္ရုံျဖစ္ျပီး အဲ့ဒီ့လုပ္ငန္းေနာက္မွာ သူဟာ စတီးပစၥည္းေတြကို ကုန္သြယ္ေရာင္း၀ယ္တဲ့ လုပ္ငန္းကို ဆက္လုပ္ခဲ့ပါတယ္။ သူဟာ အဲ့ဒီလိုနဲ႔ ၾကီးပြားခဲ့တာ အခုဆို မီလ်ံနာတစ္ေယာက္ ျဖစ္လာခဲ့ပါျပီ။

ရြာက အိမ္ေတြကို ဘူဒိုဇာနဲ႔ ဖ်က္၊ ရြံထူးတဲ့ လမ္းေတြကို ဖ်က္ျပီး အခုလိုပဲ ျပန္လည္ ျပဳျပင္တည္ေဆာက္ေပးခဲ့ပါတယ္။ အသက္ (၅၄) ႏွစ္အရြယ္ရွိျပီ ျဖစ္တဲ့ သူေဌးဟာ ၀င္ေငြနည္းသူေတြနဲ႔ သက္ၾကီးရြယ္အိုမ်ားအတြက္ တစ္ေန႔ (၃) နပ္ ေကၽြးမယ္လို႔ ကတိျပဳထားပါေသးတယ္။ မၾကာေသးတဲ့ ႏွစ္အနည္းငယ္ကမွ အဲ့ဒီ ဧရိယာကို ျပဳျပင္ေျပာင္းလဲခဲ့တာျဖစ္ျပီး အခုဆို အိမ္ေထာင္စု (၇၂) စုဟာ ေနအိမ္အသစ္ေတြနဲ႔ ေနႏိုင္ေနျပီျဖစ္ပါတယ္။

Xiong Shuihua ရဲ႕ ရည္ရြယ္ခ်က္ကလည္း သိပ္ကို ရိုးရွင္းပါတယ္။ ငယ္ငယ္က သူရဲ႕ မိသားစုအေပၚ ကူညီခဲ့တဲ့ လူေတြကို ျပန္ျပီး ေက်းဇူးဆပ္ခ်င္တာပါတဲ့။ ဒီ သူေဌးရဲ႕ အေၾကာင္းကို သိလိုက္ရျခင္းျဖင့္ ခ်မ္းသာျခင္း အစစ္အမွန္ဟာ ဘယ္လိုမ်ိဳးလဲ အားလံုး သေဘာေပါက္မယ္လို႔ ထင္ပါတယ္။

Source : Shwemom

(Unicode Version)

မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်တဲ့ သူဌေးကြီး

ကောင်းတာ စားတိုင်း မယုတ်မာသလို၊ သူတောင်းစားတိုင်းလည်း တောင်းမစားကြပါဘူး။ ဒါပေမယ့်လည်း တချို့သော လူချမ်းသာများရဲ့ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ယှဉ်ပြီး လူတော်တော်များများက ချမ်းသာတဲ့ လူတိုင်းကို တစ်ဖက်သတ် အမြင်တွေ စောင်းနေတာတွေကို တွေ့ရပါတယ်။

ရှိပါတယ်… ကိုယ့် တစ်ဘို့ပဲကြည့်တဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ့်မှာ ရှိသလောက်ထဲကမှ တတ်နိုင်သလောက် ပြန်လည်း ပေးကမ်းစွန့်ကြဲနေတဲ့ ချမ်းသာတဲ့သူတွေလည်း ရှိနေပါတယ်။

Xiong Shuihua ဆိုတဲ့ တရုတ် စီးပွားရေးလုပ်ငန်ရှင် မီလျံနာတစ်ယောက်ဟာ ကိုယ် ကြီးပြင်းလာတဲ့ ရွာက တဲအိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ ပြန်ထိုးခဲ့ ဖျက်စီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဇိမ်ခံတိုက်ခန်းတွေကို ပြန်ဆောက်ပေးပြီး အားလုံးကို နေစရိတ်မဲ့ ပေးနေခဲ့ပါသတဲ့။

Xiong Shihua ဟာ တရုတ်ပြည်တောင်ပိုင်း Xinyu မြို့က Xiongkeng ဆိုတဲ့ရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရွာက ကြင်နာတတ်တဲ့ ရွာသားတွေက သူတို့မိသားစုအပေါ် ကြည့်ရှုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

Xiong Shuihua ရဲ့ ကနဦးလုပ်ငန်းဟာ ဆောက်လုပ်ရေးပစ္စည်း စက်ရုံဖြစ်ပြီး အဲ့ဒီ့လုပ်ငန်းနောက်မှာ သူဟာ စတီးပစ္စည်းတွေကို ကုန်သွယ်ရောင်းဝယ်တဲ့ လုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။ သူဟာ အဲ့ဒီလိုနဲ့ ကြီးပွားခဲ့တာ အခုဆို မီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ရွာက အိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်၊ ရွံထူးတဲ့ လမ်းတွေကို ဖျက်ပြီး အခုလိုပဲ ပြန်လည် ပြုပြင်တည်ဆောက်ပေးခဲ့ပါတယ်။ အသက် (၅၄) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူဌေးဟာ ဝင်ငွေနည်းသူတွေနဲ့ သက်ကြီးရွယ်အိုများအတွက် တစ်နေ့ (၃) နပ် ကျွေးမယ်လို့ ကတိပြုထားပါသေးတယ်။ မကြာသေးတဲ့ နှစ်အနည်းငယ်ကမှ အဲ့ဒီ ဧရိယာကို ပြုပြင်ပြောင်းလဲခဲ့တာဖြစ်ပြီး အခုဆို အိမ်ထောင်စု (၇၂) စုဟာ နေအိမ်အသစ်တွေနဲ့ နေနိုင်နေပြီဖြစ်ပါတယ်။

Xiong Shuihua ရဲ့ ရည်ရွယ်ချက်ကလည်း သိပ်ကို ရိုးရှင်းပါတယ်။ ငယ်ငယ်က သူရဲ့ မိသားစုအပေါ် ကူညီခဲ့တဲ့ လူတွေကို ပြန်ပြီး ကျေးဇူးဆပ်ချင်တာပါတဲ့။ ဒီ သူဌေးရဲ့ အကြောင်းကို သိလိုက်ရခြင်းဖြင့် ချမ်းသာခြင်း အစစ်အမှန်ဟာ ဘယ်လိုမျိုးလဲ အားလုံး သဘောပေါက်မယ်လို့ ထင်ပါတယ်။

Source : Shwemom