မင္းကြန္းဆရာေတာ္ႀကီး၏ ငယ္ဘ၀ ထူးထူးျခားျခား ျဖစ္စဥ္။ ဘုန္း႐ွင္ ကံံ႐ွင္ ပါရမီ႐ွင္းအား အသက္အႏၲရာယ္ ျပဳ၍ မရနိုင္ဟု ညြန္ျပေနေသာ ၿဖစ္ရပ္

မင္းကြန္းဆရာေတာ္ႀကီး ၏ ဇာတိခ်က္ေႂကြ ေမြးရပ္ေျမျဖစ္သည့္ က်ဥ္ပင္႐ြာကား ျမင္းၿခံၿမိဳ႕ အေနာက္ဘက္ ယြန္းယြန္းတြင္ တည္ရွိပါသည္။ၿမိဳ႕နင့္ တစ္မိုင္ေက်ာ္ေလာက္သာ ေဝးေသာ ႐ြာ ျဖစ္၍ ေလာကေရး ဓမၼေရး အေရးေရးတြင္ ေနာက္မက်လွပါ။ ထို႐ြာ၏ သူႀကီးမွာ ဦးဆံုျဖစ္၍ ႐ြာသူႀကီးကေတာ္မွာ ေဒၚဆင္ျဖစ္ပါသည္။ထိုေခတ္က ေက်း႐ြာ အုပ္စု တစ္ခုကို ႐ြာသူႀကီးတစ္ေယာက္တည္း အုပ္ခ်ဳပ္ရပါသည္။႐ြာသူႀကီးမွာ အမ်ဳိးအႏြယ္အားျဖင့္လည္း အထက္တန္းက်ၿပီး ပစၥည္းဥစၥာ ေပါမ်ားသူျဖစ္၍ ေက်း႐ြာအုပ္စုအေပၚ အေတာ္ၾသဇာ ေညာင္းပါသည္။

မင္းကြန္းတိပိဋကဓရ ေလာင္းလ်ာကား ထိုေခတ္က သူႀကီးဦးဆံု သူႀကီးကေတာ္ ေဒၚဆင္ တို႔မွ ၁၂၇၃ခု တန္ေဆာင္းမုန္းလဆန္း ၁၁ရက္ ဗုဒၶဟူး ေန႔တြင္ဖြားျမင္ေသာ သားေကာင္းရတနာ တစ္ပါးျဖစ္ပါသည္။သား သမီးသံုးေယာက္အနက္ ဒုတိယေျမာက္ သားရတနာျဖစ္ပါသည္။ ပထမ သမီးႀကီးမွာ မသံု ျဖစ္၍ သားေထြမွာ ေမာင္ဘသင္ျဖစ္ပါသည္။ မင္းကြန္းဆရာေတာ္ႀကီး၏ ငယ္နာမည္မွာ ေမာင္ခင္ျဖစ္သည္။

ခမည္းေတာ္ သူႀကီးဦးဆံု၊ မယ္ေတာ္ေဒၚဆင္ ၊ သမီးႀကီး မသံု ၊ သားလတ္ ဆရာေတာ္ေလာင္းလ်ာ ေမာင္ခင္ ၊ သားငယ္ ေမာင္ဘသင္တို႔ပံု ေမာင္ခင္ကား ငယ္စဥ္ကပင္ သိမ္ေမြ႕ႏူးညံ့ေသာ စိတ္ႏွလံုးရွိသည္။ေတာ႐ြာအလိုက္ အျခား ကေလးငယ္မ်ား ၾကမ္းတမ္းေသာ ကစားမ်ဳိးျဖစ္သည့္ ေၾကးသားရုိက္ ၊ ထုတ္ထိုး၊ တြတ္ထိုး ၊ ေျခကန္ အစရွိသည့္ ကစားဝိုင္းမ်ားကို ေဝးစြာ ေရွာင္ၾကဥ္ခ့ဲသည္။သန္႔သန္႔ ရွင္းရွင္းႏွင့္ ရန္းကင္းစြာ ေနထိုင္တတ္သည္။ က်န္းက်န္းမာမာႏွင့္ စိတ္ႏွလံုးေကာင္းေသာ ေမာင္ခင္ကို ၾကည့္၍ မိဘဘုိးဖြားမ်ားမွာ ပီတိျဖစ္ကာ စိတ္ခ်မ္းသာရပါသည္။ ေမာင္ခင္ ေလးႏွစ္သားအ႐ြယ္တြင္ ဖခင္ သူႀကီး ဦးဆံု ကြယ္လြန္ေလသည္။

မိခင္ေဒၚဆင္မွာ မိမိ၏ မိခင္အိမ္ သုိ႔ ေျပာင္းေ႐ႊ႕ေနထိုင္ေလရာ၊ ေမာင္ခင္မွာ အဖိုးဦးခ်ယ္ အဖြားေဒၚအ့ံ တို႔ထံမွပင္ ေနရစ္ခ့ဲသည္။ တစ္ခါတစ္ရံမွ မိခင္ရွိရာသို႔သြားေလ့ရွိသည္။ အဖိုးကပင္ အထူးတာဝန္ယူ ျပဳစုရေလသည္။ေလာကေရး ၊ ဓမၼေရး၊ ၌လိမ္မာေသာ အဖိုးလက္အတြင္း ႀကီးျပင္းရျခင္သည္ ေမာင္ခင္အတြက္ ဘဝလမ္းေၾကာင္း ေကာင္းဖုိ႔ပင္ ျဖစ္ေလသည္။

ေမာင္ခင္ ၇ ႏွစ္သားအရြယ္ တစ္ေန႔တြင္ အေဒၚမယံုႏွင့္ ႏြားေက်ာင္းလိုက္သြားပါသည္ ။ ညေန ႏြားမ်ားေရေသာက္အဆင္းတြင္ ေမာင္ခင္သည္ မယံုပိုင္သည့္ သန္းေရာင္အမည္ရွိ ႏြားနက္ၾကီးကို ေရွ႕ဆုံးမွစီး၍လာသည္။ ျမစ္ဆိပ္သို႔ ေရာက္ခါနီးတြင္ ႏြားနက္ၾကီးေပၚမွ လိမ့္က်ေလေတာ့သည္။ တကယ္ဆုိလွ်င္ ႏြားမ်ားအေျပးအလႊားဆင္းေနသည့္ အခ်ိန္ တြင္ေျမေပၚကုိ ျပဳတ္က်ေနသည့္ ေမာင္ခင့္ကုိ တက္နင္းဖုိ႔ရာရွိေလသည္။

သုိ႔ေသာ္ ထုိသုိ႔မျဖစ္ ၊ ႏြားနက္ႀကီးက ေမာင္ခင္ျပဳတ္အက်တြင္ ေရွ႕ဆက္မသြားေတာ့ပဲ ေမာင္ခင့္အေပၚတည့္တည့္တြင္ ရပ္ေနသျဖင့္ အျခားႏြားမ်ားက ေမာင္ခင့္အား မနင္းမိေတာ့ေပ။ ႏြားမ်ားအားလံုးရွင္းသြားမွ ႏြားနက္ၾကီးသည္ ေမာင္ခင္အေပၚမွခြာကာ ေရေသာက္ဆင္းသည္ ။ ၎ျဖစ္ရပ္သည္ ဘုန္းရွင္ကံရွင္ ပါရမီရွင္းအား အသက္အႏၲရာယ္ ျပဳ၍ မရနိုင္ဟု ညြန္ျပေနပါသည္ ။

ေမာင္ခင္မွာ လုပ္ငန္းတစ္ခုကို မည္မ်ွခက္ခဲပါေစ ေပါက္ေပါက္ေျမက္ေျမာက္လုပ္တတ္သည္။ လုပ္ရမည့္ ကိစၥမၿပီးမခ်င္း နားေလ့မရွိ။ေမာင္ခင္(၇)နွစ္သား(၈)ႏွစ္သား ေလာက္က က်ည္ပင္ေက်ာင္းေလွခါးအဆင္းနားရွိ ေရွာက္ခ်ဳိပင္ႀကီးရွိသည္။ လြယ္လြယ္ကူကူခူးလို႔ရေသာ ေရွက္ခ်ဳိသီးမ်ားကုန္သြား၍ ထိပ္ဆံုးမွ ခူးရခက္ေသာ ေရွက္ခ်ဳိသီးႀကီး တစ္လံုးက်န္ေနသည္။ ခူးရခက္သျဖင့္ ဘုန္းႀကီးကလည္း လ်စ္လ်ဴေလ်ာ့ထားလိုက္သည္။ တစ္ေန႔ေက်ာင္းသားမ်ား ထိုေရွာက္ခ်ဳိသီးႀကီးကို တက္ခူးၾကသည္။ ဆူးဒဏ္ကိုမခံႏူိင္၍ ျပန္ဆင္းၾကရသည့္ခ်ည့္ျဖစ္သည္။

ေမာင္ခင္သည္ သူမ်ားတက္ခူးသည့္ကို အေသအျခာ ၾကည့္ရူသည္။ ဘယ္လိုတက္လို႔ ဆူးဆူသည္။ဘယ္လိုတက္လ်ွင္လြတ္ႏုိင္မည္ကို ဆင္ျခင္ေနသည္။သူတကာ တတ္မရသည့္ ေနာက္ဆံုးေမာင္ခင္ ငါတတ္မည္ဟုဆိုကာ ခါးေတာင္းကို ေျမာင္ေအာင္ႀကိဳက္ၿပီးတတ္ေတာ့သည္။ ရူပ္ေပြလိမ္ေကာက္ေနသည့္ ေရွာက္ခ်ဳိကိုင္မ်ားအၾကား ဆူးလြတ္ေအာင္ ေကြ႕ကာ ေကာ့ကာ ေရွာင္ကာ ေကာ့ကာ ကုန္းကာ ျဖင္ ခက္ခဲစြာ ႀကံဖန္တတ္ေနသည္။ တစ္ခါတစ္ရံ ထိုင္စဥ္စားလိုက္တက္လိုက္ျဖင့္ လုပ္ေနစဥ္ ” ဒီေကာင္က ဘာမို႔လို႔လဲ မရႏူိင္ပါဘူး ျပန္ဆင္းရမွာပါ” ဟု အထင္ေသးသူမ်ားရွိသလို အထင္ႀကီးသူမ်ားလည္းရွိသည္။

ေမာင္ခင္ကားအထင္ေသးမူ အထင္ႀကီးမူကို ဂရုမစိုက္ သူတက္ရမည့္ စဥ္စားလိုက္ တက္လိုက္ လုပ္ေနသည္။ တျဖည္းျဖည္းျဖင့္ ေရွာက္ခ်ဳိပင္ ထိပ္ဖ်ား ေရာက္သြားၿပီး ” ကိုင္းမ်ားႀကိဳးလ်င္ေတာ့ “ရင္တမမနွင့္ ေနသူမ်ားလည္းရွိသည္။ “မျဖစ္ဘူး မျဖစ္ဘူး ျပန္ဆင္း ကိုင္းက်ဳိးလိမ္မယ္” အသံမ်ားလည္း ထြက္ပၚလာသည္။ ေမာင္ခင္ကားထိုအသံမ်ားကို မမူပဲ ထိပ္တက္သီးေနေသာ ေရွက္ခ်ဳိသီးႀကီးကို ေအာင္ျမင္စြာ တက္ခူးၿပီး ဆူးမဆူးေအာင္ ေအာင္ျမင္စြာ ျပန္ဆင္းခ့ဲသည္။ ေအာက္သို႔ ေရာက္လ်င္ ထိုေရွာက္ခ်ဳိသီးႀကီကို ေက်ာင္းသားမ်ားအားေဝငွေစပါသည္။ ထိုအခ်ိန္ကပင္ ေမာင္ခင္၏ မျဖစ္မေနလုပ္လိုေသာစိတ္နွင့္ သူတစ္ပါားအက်ဳိးအတြက္ မိမိအပင္ပန္း အဆင္းရဲ ခံလိုစိတ္ ကိန္းဝပ္ေနခ႔ဲၿပီျဖစ္သည္။

ေနာက္ျဖစ္ရပ္ တစ္ခုမွာ ေမာင္ခင္သည္ အျခားသူမ်ား စာအံသံၾကားသည္ႏွင့္ ၎စာကို ရပါသည္။ ၎ျဖစ္ရပ္ကို ေထာက္႐ႈ၍ ဆရာ ေတာ္ၾကီး၏ဉာဏ္ေကာင္းပံုကို မွန္းဆ၍ ၾကည့္ႏိုင္ပါသည္။ ၁၂၇၉-ခုႏွစ္၊ ေမာင္ခင္ (၇) ႏွစ္သား အရြယ္၊ ျမင္းျခံျမိဳ့၊ မင္းေက်ာင္းတိုက္၊ ရာဟုေဒါင့္ ေက်ာင္းမွ အလြန္ေတာ္ေသာ ဆရာေတာ္ ဦးေသာဘိတထံ အေမ့ေမာင္ ဦးၾကီးျဖစ္ေသာ ဦးေကာက္ႏွင့္ မိခင္ေဒၚဆင္တို႔က ဆရာေတာ္ ဦးသာသနႏွင့္ တိုင္ပင္၍ အပ္ႏွံၾကပါသည္။ ၁၂၈၂-ခုႏွစ္ ေမာင္ခင္ (၁၀) ႏွစ္သား အရြယ္တြင္၊ မိခင္ေဒၚဆင္က ဒုတိယအၾကိမ္ ရွင္ျပဳေပးပါသည္။ ဆရာေတာ္ ဦးေသာဘိတသည္ သာမေဏငယ္အားအလြန္ ဉာဏ္ေကာင္းေသာေၾကာင့္ ရွင္၀ိစိတၱသာရ (ဆန္းၾကယ္ေသာ ဉာဏ္အျမင္အႏွစ္သာရ ရွိသူ) ဟု ဘြဲ႔အမည္ ေပးခဲ့ပါသည္။

(ဓာတ္ပုံမ်ားႏွင့္ အေၾကာင္းအရာတခ်ဳိ႕ကုိ မင္းကြန္းဆရာေတာ္ဘုရားႀကီး၏ သားတပည့္ စိန္နားကပ္ႀကီးထံမွ ရယူပါသည္)

စိန္နားကပ္ႀကီး

ရဟႏၲာႏွင့္ ရဟန္းထူးမ်ား (ဒုတိယတြဲ) – ေမာင္ပန္းေမႊး

Source : Myanmar Wikipedia

(Unicode Version)

မင်းကွန်းဆရာတော်ကြီး၏ ငယ်ဘ၀ ထူးထူးခြားခြား ဖြစ်စဉ်။ ဘုန်းရှင် ကံံရှင် ပါရမီရှင်းအား အသက်အန္တရာယ် ပြု၍ မရနိုင်ဟု ညွန်ပြနေသော ဖြစ်ရပ်

မင်းကွန်းဆရာတော်ကြီး ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့် ကျဉ်ပင်ရွာကား မြင်းခြံမြို့ အနောက်ဘက် ယွန်းယွန်းတွင် တည်ရှိပါသည်။မြို့နင့် တစ်မိုင်ကျော်လောက်သာ ဝေးသော ရွာ ဖြစ်၍ လောကရေး ဓမ္မရေး အရေးရေးတွင် နောက်မကျလှပါ။ ထိုရွာ၏ သူကြီးမှာ ဦးဆုံဖြစ်၍ ရွာသူကြီးကတော်မှာ ဒေါ်ဆင်ဖြစ်ပါသည်။ထိုခေတ်က ကျေးရွာ အုပ်စု တစ်ခုကို ရွာသူကြီးတစ်ယောက်တည်း အုပ်ချုပ်ရပါသည်။ရွာသူကြီးမှာ အမျိုးအနွယ်အားဖြင့်လည်း အထက်တန်းကျပြီး ပစ္စည်းဥစ္စာ ပေါများသူဖြစ်၍ ကျေးရွာအုပ်စုအပေါ် အတော်သြဇာ ညောင်းပါသည်။

မင်းကွန်းတိပိဋကဓရ လောင်းလျာကား ထိုခေတ်က သူကြီးဦးဆုံ သူကြီးကတော် ဒေါ်ဆင် တို့မှ ၁၂၇၃ခု တန်ဆောင်းမုန်းလဆန်း ၁၁ရက် ဗုဒ္ဓဟူး နေ့တွင်ဖွားမြင်သော သားကောင်းရတနာ တစ်ပါးဖြစ်ပါသည်။သား သမီးသုံးယောက်အနက် ဒုတိယမြောက် သားရတနာဖြစ်ပါသည်။ ပထမ သမီးကြီးမှာ မသုံ ဖြစ်၍ သားထွေမှာ မောင်ဘသင်ဖြစ်ပါသည်။ မင်းကွန်းဆရာတော်ကြီး၏ ငယ်နာမည်မှာ မောင်ခင်ဖြစ်သည်။

ခမည်းတော် သူကြီးဦးဆုံ၊ မယ်တော်ဒေါ်ဆင် ၊ သမီးကြီး မသုံ ၊ သားလတ် ဆရာတော်လောင်းလျာ မောင်ခင် ၊ သားငယ် မောင်ဘသင်တို့ပုံ မောင်ခင်ကား ငယ်စဉ်ကပင် သိမ်မွေ့နူးညံ့သော စိတ်နှလုံးရှိသည်။တောရွာအလိုက် အခြား ကလေးငယ်များ ကြမ်းတမ်းသော ကစားမျိုးဖြစ်သည့် ကြေးသားရိုက် ၊ ထုတ်ထိုး၊ တွတ်ထိုး ၊ ခြေကန် အစရှိသည့် ကစားဝိုင်းများကို ဝေးစွာ ရှောင်ကြဉ်ခဲ့သည်။သန့်သန့် ရှင်းရှင်းနှင့် ရန်းကင်းစွာ နေထိုင်တတ်သည်။ ကျန်းကျန်းမာမာနှင့် စိတ်နှလုံးကောင်းသော မောင်ခင်ကို ကြည့်၍ မိဘဘိုးဖွားများမှာ ပီတိဖြစ်ကာ စိတ်ချမ်းသာရပါသည်။ မောင်ခင် လေးနှစ်သားအရွယ်တွင် ဖခင် သူကြီး ဦးဆုံ ကွယ်လွန်လေသည်။

မိခင်ဒေါ်ဆင်မှာ မိမိ၏ မိခင်အိမ် သို့ ပြောင်းရွှေ့နေထိုင်လေရာ၊ မောင်ခင်မှာ အဖိုးဦးချယ် အဖွားဒေါ်အံ့ တို့ထံမှပင် နေရစ်ခဲ့သည်။ တစ်ခါတစ်ရံမှ မိခင်ရှိရာသို့သွားလေ့ရှိသည်။ အဖိုးကပင် အထူးတာဝန်ယူ ပြုစုရလေသည်။လောကရေး ၊ ဓမ္မရေး၊ ၌လိမ်မာသော အဖိုးလက်အတွင်း ကြီးပြင်းရခြင်သည် မောင်ခင်အတွက် ဘဝလမ်းကြောင်း ကောင်းဖို့ပင် ဖြစ်လေသည်။

မောင်ခင် ၇ နှစ်သားအရွယ် တစ်နေ့တွင် အဒေါ်မယုံနှင့် နွားကျောင်းလိုက်သွားပါသည် ။ ညနေ နွားများရေသောက်အဆင်းတွင် မောင်ခင်သည် မယုံပိုင်သည့် သန်းရောင်အမည်ရှိ နွားနက်ကြီးကို ရှေ့ဆုံးမှစီး၍လာသည်။ မြစ်ဆိပ်သို့ ရောက်ခါနီးတွင် နွားနက်ကြီးပေါ်မှ လိမ့်ကျလေတော့သည်။ တကယ်ဆိုလျှင် နွားများအပြေးအလွှားဆင်းနေသည့် အချိန် တွင်မြေပေါ်ကို ပြုတ်ကျနေသည့် မောင်ခင့်ကို တက်နင်းဖို့ရာရှိလေသည်။

သို့သော် ထိုသို့မဖြစ် ၊ နွားနက်ကြီးက မောင်ခင်ပြုတ်အကျတွင် ရှေ့ဆက်မသွားတော့ပဲ မောင်ခင့်အပေါ်တည့်တည့်တွင် ရပ်နေသဖြင့် အခြားနွားများက မောင်ခင့်အား မနင်းမိတော့ပေ။ နွားများအားလုံးရှင်းသွားမှ နွားနက်ကြီးသည် မောင်ခင်အပေါ်မှခွာကာ ရေသောက်ဆင်းသည် ။ ၎င်းဖြစ်ရပ်သည် ဘုန်းရှင်ကံရှင် ပါရမီရှင်းအား အသက်အန္တရာယ် ပြု၍ မရနိုင်ဟု ညွန်ပြနေပါသည် ။

မောင်ခင်မှာ လုပ်ငန်းတစ်ခုကို မည်မျှခက်ခဲပါစေ ပေါက်ပေါက်မြေက်မြောက်လုပ်တတ်သည်။ လုပ်ရမည့် ကိစ္စမပြီးမချင်း နားလေ့မရှိ။မောင်ခင်(၇)နှစ်သား(၈)နှစ်သား လောက်က ကျည်ပင်ကျောင်းလှေခါးအဆင်းနားရှိ ရှောက်ချိုပင်ကြီးရှိသည်။ လွယ်လွယ်ကူကူခူးလို့ရသော ရှေက်ချိုသီးများကုန်သွား၍ ထိပ်ဆုံးမှ ခူးရခက်သော ရှေက်ချိုသီးကြီး တစ်လုံးကျန်နေသည်။ ခူးရခက်သဖြင့် ဘုန်းကြီးကလည်း လျစ်လျူလျော့ထားလိုက်သည်။ တစ်နေ့ကျောင်းသားများ ထိုရှောက်ချိုသီးကြီးကို တက်ခူးကြသည်။ ဆူးဒဏ်ကိုမခံနိူင်၍ ပြန်ဆင်းကြရသည့်ချည့်ဖြစ်သည်။

မောင်ခင်သည် သူများတက်ခူးသည့်ကို အသေအခြာ ကြည့်ရူသည်။ ဘယ်လိုတက်လို့ ဆူးဆူသည်။ဘယ်လိုတက်လျှင်လွတ်နိုင်မည်ကို ဆင်ခြင်နေသည်။သူတကာ တတ်မရသည့် နောက်ဆုံးမောင်ခင် ငါတတ်မည်ဟုဆိုကာ ခါးတောင်းကို မြောင်အောင်ကြိုက်ပြီးတတ်တော့သည်။ ရူပ်ပွေလိမ်ကောက်နေသည့် ရှောက်ချိုကိုင်များအကြား ဆူးလွတ်အောင် ကွေ့ကာ ကော့ကာ ရှောင်ကာ ကော့ကာ ကုန်းကာ ဖြင် ခက်ခဲစွာ ကြံဖန်တတ်နေသည်။ တစ်ခါတစ်ရံ ထိုင်စဉ်စားလိုက်တက်လိုက်ဖြင့် လုပ်နေစဉ် ” ဒီကောင်က ဘာမို့လို့လဲ မရနိူင်ပါဘူး ပြန်ဆင်းရမှာပါ” ဟု အထင်သေးသူများရှိသလို အထင်ကြီးသူများလည်းရှိသည်။

မောင်ခင်ကားအထင်သေးမူ အထင်ကြီးမူကို ဂရုမစိုက် သူတက်ရမည့် စဉ်စားလိုက် တက်လိုက် လုပ်နေသည်။ တဖြည်းဖြည်းဖြင့် ရှောက်ချိုပင် ထိပ်ဖျား ရောက်သွားပြီး ” ကိုင်းများကြိုးလျင်တော့ “ရင်တမမနှင့် နေသူများလည်းရှိသည်။ “မဖြစ်ဘူး မဖြစ်ဘူး ပြန်ဆင်း ကိုင်းကျိုးလိမ်မယ်” အသံများလည်း ထွက်ပါ်လာသည်။ မောင်ခင်ကားထိုအသံများကို မမူပဲ ထိပ်တက်သီးနေသော ရှေက်ချိုသီးကြီးကို အောင်မြင်စွာ တက်ခူးပြီး ဆူးမဆူးအောင် အောင်မြင်စွာ ပြန်ဆင်းခဲ့သည်။ အောက်သို့ ရောက်လျင် ထိုရှောက်ချိုသီးကြီကို ကျောင်းသားများအားဝေငှစေပါသည်။ ထိုအချိန်ကပင် မောင်ခင်၏ မဖြစ်မနေလုပ်လိုသောစိတ်နှင့် သူတစ်ပါားအကျိုးအတွက် မိမိအပင်ပန်း အဆင်းရဲ ခံလိုစိတ် ကိန်းဝပ်နေခဲ့ပြီဖြစ်သည်။

နောက်ဖြစ်ရပ် တစ်ခုမှာ မောင်ခင်သည် အခြားသူများ စာအံသံကြားသည်နှင့် ၎င်းစာကို ရပါသည်။ ၎င်းဖြစ်ရပ်ကို ထောက်ရှု၍ ဆရာ တော်ကြီး၏ဉာဏ်ကောင်းပုံကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ ၁၂၇၉-ခုနှစ်၊ မောင်ခင် (၇) နှစ်သား အရွယ်၊ မြင်းခြံမြို့၊ မင်းကျောင်းတိုက်၊ ရာဟုဒေါင့် ကျောင်းမှ အလွန်တော်သော ဆရာတော် ဦးသောဘိတထံ အမေ့မောင် ဦးကြီးဖြစ်သော ဦးကောက်နှင့် မိခင်ဒေါ်ဆင်တို့က ဆရာတော် ဦးသာသနနှင့် တိုင်ပင်၍ အပ်နှံကြပါသည်။ ၁၂၈၂-ခုနှစ် မောင်ခင် (၁၀) နှစ်သား အရွယ်တွင်၊ မိခင်ဒေါ်ဆင်က ဒုတိယအကြိမ် ရှင်ပြုပေးပါသည်။ ဆရာတော် ဦးသောဘိတသည် သာမဏေငယ်အားအလွန် ဉာဏ်ကောင်းသောကြောင့် ရှင်ဝိစိတ္တသာရ (ဆန်းကြယ်သော ဉာဏ်အမြင်အနှစ်သာရ ရှိသူ) ဟု ဘွဲ့အမည် ပေးခဲ့ပါသည်။

(ဓာတ်ပုံများနှင့် အကြောင်းအရာတချို့ကို မင်းကွန်းဆရာတော်ဘုရားကြီး၏ သားတပည့် စိန်နားကပ်ကြီးထံမှ ရယူပါသည်)

စိန်နားကပ်ကြီး

ရဟန္တာနှင့် ရဟန်းထူးများ (ဒုတိယတွဲ) – မောင်ပန်းမွှေး

Source : Myanmar Wikipedia