မေကြးတြင္ စြန႔္ပစ္ဆိုင္ကယ္ ဘတၳရီမ်ား တပ္ဆင္ထားသည့္ မီနီကား အေသးမ်ားကို တီထြင္သူ႐ွိ

စြန႔္ပစ္ဆိုင္ကယ္ဘတၳရီေဟာင္းပစၥည္းမ်ားျဖင့္ တီထြင္တပ္ဆင္ကာ ဘထၳရီျဖင့္ ေမာင္း၍ရေသာ မီနီကားေသးမ်ားကို မေကြးၿမိဳ႕ ျပည္ေတာ္သာေလးရပ္ကြက္ေန ကိုေအာင္ေဇာ္က တီထြင္ေမာင္းႏွင္ေနေၾကာင္း သိရသည္။

ကိုေအာင္ေဇာ္သည္ ငယ္စဥ္ကတည္းက စက္မူအတတ္ပညာကို ဝါသနာပါခဲ့သူျဖစ္၍ ၿမိဳ႕ေပၚမွ သံတိုသံစ အေရာင္းဆိုင္မ်ားသို႔သြားေရာက္ရွာေဖြကာ စက္ပစၥည္းအမ်ိဳးမ်ိဳးကို ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။

ယခုလက္ရွိ ထုတ္လုပ္ေသာ ဘထၳရီကားေသးမွာ ၄ နာရီခန႔္ အားသြင္းလွ်င္ ခန႔္မွန္းမိုင္ ၆၀ ေလာက္ ေမာင္းႏွင္ႏိုင္ၿပီး အေႏွးဆုံး ကီလို ၁၀ မွ အျမန္ဆုံး ကီလို ၆၀ အထိ ေမာင္းႏွင္ေနေၾကာင္း ကိုေအာင္ေဇာ္က ေျပာသည္။

“ကြၽန္ေတာ္ဒီ ဘထၳရီကား စလုပ္ခါစကေတာ့ စြန႔္ပစ္ဘထၳရီဆိုင္ကယ္အေဟာင္းက ပစၥည္းေတြ ရွာေဖြရတာနဲ႔ အလုပ္ကတစ္ဖက္နဲ႔ စမ္းသပ္လုပ္ကိုင္ခ်ိန္ ၆ လေလာက္ ၾကာခဲ့ပါတယ္။ အခု ဒီကားမ်ိဳး ဆင္ရမယ္ဆို ျပဳလုပ္ခ်ိန္ ရက္၂၀ေလာက္ဆို ၿပီးႏိုင္ပါတယ္။ ဒီကားေသးက ခံႏိုင္ဝန္ ကုန္ခ်ိန္ ၁၀၀ ရွိၿပီး လူစီးမယ္ဆို ၃ ေယာက္အထိ စီးႏိုင္ပါတယ္” ဟု ကိုေအာင္ေဇာ္က မဇၩိမသို႔ ေျပာသည္။

လက္ရွိတြင္ အဆိုပါကားမွာ စက္တပ္ပစၥည္းအေနျဖင့္ တီထြင္ထားျခင္းသာျဖစ္ေၾကာင္း သိရၿပီး ေဘးဘက္မ်ားကို အကာရံသေဘာျဖင့္သာ စမ္းသပ္တပ္ဆင္ထားေသးသည္။

အဆိုပါ ဘထၳီရီကားထုတ္လုပ္ပါက ခန႔္မွန္းကုန္က်ေငြ က်ပ္ ေလးသိန္းဝန္းက်င္ရွိေၾကာင္း၊ အကယ္၍ အပ္ထည္ ဝယ္လိုအားရွိပါက ယခုထက္ အဆင့္ျမင့္ ထုတ္လုပ္ဖို႔ ရွိၿပီး က်ပ္ ၇ သိန္းခန႔္ျဖင့္ ေဈးကြက္တင္ ေရာင္းခ်ႏိုင္ၿပီး ယခုထုတ္လုပ္ေသာ ဘထၳရီကားမွာ ဒုတိယေျမာက္အစီးျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္ကို ေလာေလာဆယ္ေတာ့ ဖုန္းနဲ႔ ဆက္သြယ္ၿပီး ေမးၾကပါတယ္။ စိတ္ပါဝင္စားသူေတြနဲ႔ ေငြေၾကး စိုက္ထုတ္နိင္သူေတြကို ေတြ႕ၿပီး လုပ္ငန္းအတြက္ စကားေျပာၾကည့္လို အဆင္ေျပရင္ စြန႔္ပစ္ဘထၳရီဆိုင္ကယ္ေတြကေန ဒီလိုဘထၳရီကားမ်ိဳးေတြ အဆင္ျမင့္ျမင့္ထုတ္ဖို႔ လုပ္ေဆာင္သြားမွာပါ” ဟု ကိုေအာင္ေဇာ္က ဆိုသည္။

ယခုလို စြန႔္ပစ္ပစၥည္းမ်ားမွ ဘထၳရီကားတီထြင္ထုတ္လုပ္ရျခင္းမွာ ေလာင္စာဆီ မကုန္ျခင္း၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ ေလ်ာ့ခ်ေစျခင္း ၊ တႏိုင္တပိုင္ ေပါ့ေပါ့ပါးပါး သြားရ၊ လာရလြယ္ကူေစျခင္း၊ ေငြေၾကး အကုန္အက်နည္းျခင္းတို႔ေၾကာင့္ တီထြင္ရျခင္း ျဖစ္ေၾကာင္း ကိုေအာင္ေဇာ္က ေျပာသည္။

ကိုေအာင္ေဇာ္သည္ ယခင္က လုပ္ငန္းအပ္သူမ်ားရွိခဲ့၍ ေဖာကားအား ကုန္တင္ကုန္ခ်ဝန္ခ်ီစက္ ဟိုက္ဒေရာလစ္ႏွင့္ ဆိုင္ကယ္အင္ဂ်င္ျဖင့္ သစ္ခြဲသားမ်ားအား ခြဲေသာ လႊျဖတ္စက္ကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Source and Photo : Mizzima

(Unicode Version)

မကွေးတွင် စွန့်ပစ်ဆိုင်ကယ် ဘတ္ထရီများ တပ်ဆင်ထားသည့် မီနီကား အသေးများကို တီထွင်သူရှိ

စွန့်ပစ်ဆိုင်ကယ်ဘတ္ထရီဟောင်းပစ္စည်းများဖြင့် တီထွင်တပ်ဆင်ကာ ဘထ္ထရီဖြင့် မောင်း၍ရသော မီနီကားသေးများကို မကွေးမြို့ ပြည်တော်သာလေးရပ်ကွက်နေ ကိုအောင်ဇော်က တီထွင်မောင်းနှင်နေကြောင်း သိရသည်။

ကိုအောင်ဇော်သည် ငယ်စဉ်ကတည်းက စက်မူအတတ်ပညာကို ဝါသနာပါခဲ့သူဖြစ်၍ မြို့ပေါ်မှ သံတိုသံစ အရောင်းဆိုင်များသို့သွားရောက်ရှာဖွေကာ စက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ ထုတ်လုပ်သော ဘထ္ထရီကားသေးမှာ ၄ နာရီခန့် အားသွင်းလျှင် ခန့်မှန်းမိုင် ၆၀ လောက် မောင်းနှင်နိုင်ပြီး အနှေးဆုံး ကီလို ၁၀ မှ အမြန်ဆုံး ကီလို ၆၀ အထိ မောင်းနှင်နေကြောင်း ကိုအောင်ဇော်က ပြောသည်။

“ကျွန်တော်ဒီ ဘထ္ထရီကား စလုပ်ခါစကတော့ စွန့်ပစ်ဘထ္ထရီဆိုင်ကယ်အဟောင်းက ပစ္စည်းတွေ ရှာဖွေရတာနဲ့ အလုပ်ကတစ်ဖက်နဲ့ စမ်းသပ်လုပ်ကိုင်ချိန် ၆ လလောက် ကြာခဲ့ပါတယ်။ အခု ဒီကားမျိုး ဆင်ရမယ်ဆို ပြုလုပ်ချိန် ရက်၂၀လောက်ဆို ပြီးနိုင်ပါတယ်။ ဒီကားသေးက ခံနိုင်ဝန် ကုန်ချိန် ၁၀၀ ရှိပြီး လူစီးမယ်ဆို ၃ ယောက်အထိ စီးနိုင်ပါတယ်” ဟု ကိုအောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် အဆိုပါကားမှာ စက်တပ်ပစ္စည်းအနေဖြင့် တီထွင်ထားခြင်းသာဖြစ်ကြောင်း သိရပြီး ဘေးဘက်များကို အကာရံသဘောဖြင့်သာ စမ်းသပ်တပ်ဆင်ထားသေးသည်။

အဆိုပါ ဘထ္ထီရီကားထုတ်လုပ်ပါက ခန့်မှန်းကုန်ကျငွေ ကျပ် လေးသိန်းဝန်းကျင်ရှိကြောင်း၊ အကယ်၍ အပ်ထည် ဝယ်လိုအားရှိပါက ယခုထက် အဆင့်မြင့် ထုတ်လုပ်ဖို့ ရှိပြီး ကျပ် ၇ သိန်းခန့်ဖြင့် ဈေးကွက်တင် ရောင်းချနိုင်ပြီး ယခုထုတ်လုပ်သော ဘထ္ထရီကားမှာ ဒုတိယမြောက်အစီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကို လောလောဆယ်တော့ ဖုန်းနဲ့ ဆက်သွယ်ပြီး မေးကြပါတယ်။ စိတ်ပါဝင်စားသူတွေနဲ့ ငွေကြေး စိုက်ထုတ်နိင်သူတွေကို တွေ့ပြီး လုပ်ငန်းအတွက် စကားပြောကြည့်လို အဆင်ပြေရင် စွန့်ပစ်ဘထ္ထရီဆိုင်ကယ်တွေကနေ ဒီလိုဘထ္ထရီကားမျိုးတွေ အဆင်မြင့်မြင့်ထုတ်ဖို့ လုပ်ဆောင်သွားမှာပါ” ဟု ကိုအောင်ဇော်က ဆိုသည်။

ယခုလို စွန့်ပစ်ပစ္စည်းများမှ ဘထ္ထရီကားတီထွင်ထုတ်လုပ်ရခြင်းမှာ လောင်စာဆီ မကုန်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် လျော့ချစေခြင်း ၊ တနိုင်တပိုင် ပေါ့ပေါ့ပါးပါး သွားရ၊ လာရလွယ်ကူစေခြင်း၊ ငွေကြေး အကုန်အကျနည်းခြင်းတို့ကြောင့် တီထွင်ရခြင်း ဖြစ်ကြောင်း ကိုအောင်ဇော်က ပြောသည်။

ကိုအောင်ဇော်သည် ယခင်က လုပ်ငန်းအပ်သူများရှိခဲ့၍ ဖောကားအား ကုန်တင်ကုန်ချဝန်ချီစက် ဟိုက်ဒရောလစ်နှင့် ဆိုင်ကယ်အင်ဂျင်ဖြင့် သစ်ခွဲသားများအား ခွဲသော လွှဖြတ်စက်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Source and Photo : Mizzima