ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္က်ဲ အဆိုေတာ္မေလးေတြကို တစ္ေနရာတည္း ေတြ႔ရွိရမယ့္ ရိႈးပြဲၾကီး

ပရိသတ္ခ်စ္ ဝါရင့္ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေတးသံရွင္ တင္ဇာေမာ္ကေတာ့ လက္ရွိမွာ သူမရဲ႕ (၇) ေခြေျမာက္ သီခ်င္း ALBUM ျဖစ္တဲ့ သီခ်င္းေခြကို စီစဥ္ေနၿပီျဖစ္သလို ဒီေခြေလး မထြက္ခင္မွာလည္း 7 Concert ရႈိးကို မႏၲေလးၿမိဳ႕ မွာ အႀကီးအက်ယ္ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီအေခြသစ္မွာ မွာ ပါဝင္မဲ့ သီခ်င္းသစ္ေတြကို 7 Concert ရႈိး မွာ သီဆိုမွာ ျဖစ္သလို လက္ရွိမွာ လည္း ဒီသီခ်င္းေခြထဲက သီခ်င္း MTV ေတြကို ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

သီခ်င္းေလးေတြကို ပရိသတ္ေတြ ေရွ႕ အၿမဲ ခ်ျပေလ့ရွိသလို သူမသီခ်င္းေတြ နားေခာင္ရတိုင္း စိတ္ခ်မ္းသာတယ္၊ တန္တယ္ ထင္ရေအာင္ အေကာင္းဆုံး ႀကိဳးစားေနတဲ့ တင္ဇာေမာ္က ေတာ့ ” ပုထုဇဥ္ “သီခ်င္း ႐ိုက္ကူးေရးမွာ ထူးထူးျခားျခားေလးတစ္ခုကို ျပဳလုပ္လိုက္ပါတယ္။

အဲ့ထူးထူးျခားျခားအရာေလးကလည္းကလည္း တကယ့္ကို ျမင္ေတြ႕ ရခဲ့တာမို႔ အဆိုေတာ္ ေလာကမွာ သမိုင္းဝင္ေစမဲ့ အရာေလးတစ္ခုလို႔ ဆိုရင္လည္း မမွားပါဘူးေနာ္။

ေခတ္သစ္ အဆိုေတာ္၊ ဝါရင့္တယ္၊ ႏုတယ္ မခြဲျခားပဲ အားလုံး စည္းစည္းလုံးလုံး တက္တက္ႂကြႂကြ နဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္ႀကဲအမ်ိဳးသမီးအဆိုေတာ္ေလးေတြကို တစ္ေနရာထဲမွာ ဆုံေတြ႕ရေအာင္ တင္ဇာေမာ္က ေပါင္းစည္းေပးလိုက္သလိုပါပဲ။

ဒီ ” ပုထုဇဥ္ “သီခ်င္း ကို ႐ိုက္ကူးရင္း မ်ိဳးဆက္သစ္ အဆိုေတာ္ေလးေတြ ျဖစ္ၾကတဲ့ မယ္ရီ၊ မီးႏို ၊ ပန္းေရာင္ျခယ္ ၊ ပိုပိုေဟသာ၊ ငဲငယ္ေလး နဲ႔ အတူ ဝါရင့္အဆိုေတာ္ေတြ ျဖစ္ၾကတဲ့ မီမီဝင္းေဖ၊ ေခ်ာစုခင္၊ ေကာ္နီ၊ ေအသင္ခ်ိဳေဆြ ၊ဂ်င္းနီ နဲ႔ တင္ဇာေမာ္ တို႔ အားလုံး တက္တက္ႂကြႂကြနဲ႔ ပါဝင္ကူညီခဲ့ၾကတာျဖစ္ပါတယ္။

ဒီအမ်ိဳးသမီး အဆိုေတာ္ေတြ ထဲမွာေတာ့ မီမီဝင္းေဖနဲ႔ ေကာ္နီ တို႔ ႏွစ္ေယာက္ကေတာ့ အသက္အႀကီးဆုံးျဖစ္ပါတယ္။

Source : Myanpedia

(Unicode Version)

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ အဆိုတော်မလေးတွေကို တစ်နေရာတည်း တွေ့ရှိရမယ့် ရှိုးပွဲကြီး

ပရိသတ်ချစ် ဝါရင့် အဆိုတော်တစ်ဦးဖြစ်တဲ့ တေးသံရှင် တင်ဇာမော်ကတော့ လက်ရှိမှာ သူမရဲ့ (၇) ခွေမြောက် သီချင်း ALBUM ဖြစ်တဲ့ သီချင်းခွေကို စီစဉ်နေပြီဖြစ်သလို ဒီခွေလေး မထွက်ခင်မှာလည်း 7 Concert ရှိုးကို မန္တလေးမြို့ မှာ အကြီးအကျယ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီအခွေသစ်မှာ မှာ ပါဝင်မဲ့ သီချင်းသစ်တွေကို 7 Concert ရှိုး မှာ သီဆိုမှာ ဖြစ်သလို လက်ရှိမှာ လည်း ဒီသီချင်းခွေထဲက သီချင်း MTV တွေကို ရိုက်ကူးနေပြီဖြစ်ပါတယ်။

သီချင်းလေးတွေကို ပရိသတ်တွေ ရှေ့ အမြဲ ချပြလေ့ရှိသလို သူမသီချင်းတွေ နားခောင်ရတိုင်း စိတ်ချမ်းသာတယ်၊ တန်တယ် ထင်ရအောင် အကောင်းဆုံး ကြိုးစားနေတဲ့ တင်ဇာမော်က တော့ ” ပုထုဇဉ် “သီချင်း ရိုက်ကူးရေးမှာ ထူးထူးခြားခြားလေးတစ်ခုကို ပြုလုပ်လိုက်ပါတယ်။

အဲ့ထူးထူးခြားခြားအရာလေးကလည်းကလည်း တကယ့်ကို မြင်တွေ့ ရခဲ့တာမို့ အဆိုတော် လောကမှာ သမိုင်းဝင်စေမဲ့ အရာလေးတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူးနော်။

ခေတ်သစ် အဆိုတော်၊ ဝါရင့်တယ်၊ နုတယ် မခွဲခြားပဲ အားလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွ နဲ့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးအဆိုတော်လေးတွေကို တစ်နေရာထဲမှာ ဆုံတွေ့ရအောင် တင်ဇာမော်က ပေါင်းစည်းပေးလိုက်သလိုပါပဲ။

ဒီ ” ပုထုဇဉ် “သီချင်း ကို ရိုက်ကူးရင်း မျိုးဆက်သစ် အဆိုတော်လေးတွေ ဖြစ်ကြတဲ့ မယ်ရီ၊ မီးနို ၊ ပန်းရောင်ခြယ် ၊ ပိုပိုဟေသာ၊ ငဲငယ်လေး နဲ့ အတူ ဝါရင့်အဆိုတော်တွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ ချောစုခင်၊ ကော်နီ၊ အေသင်ချိုဆွေ ၊ဂျင်းနီ နဲ့ တင်ဇာမော် တို့ အားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ကူညီခဲ့ကြတာဖြစ်ပါတယ်။

ဒီအမျိုးသမီး အဆိုတော်တွေ ထဲမှာတော့ မီမီဝင်းဖေနဲ့ ကော်နီ တို့ နှစ်ယောက်ကတော့ အသက်အကြီးဆုံးဖြစ်ပါတယ်။

Source : Myanpedia