သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲနိုင်သူ ပညာရေးက အစိုးရ တာဝန်ရှိသူများ သိစေဖို့

ကောင်းလိုက်တဲ့ ရေးသားချက် ပညာရေးက တာဝန်ရှိသူတွေ မြင်ကြတွေ့ကြ ဖတ်ကြ လုပ်ကြပါစေ …ဂျပန်​နိုင်​ငံရဲ့မူလတန်းပညာ​ရေးကို ကိုယ်​​တွေ့အ​တွေ့အ ကြုံနဲ့ ပြန်​တင်​ပြထားတဲ့ မြန်​မာမိခင်​တစ်​ဦးရဲ့မျှ​ဝေမှုပါ။ပညာ​ရေးအ​ပြောင်းအလဲ​တွေစတင်​​နေချိန်​မှာ ​ရွှေမြန်​မာများအသိကြွယ်​ကြပါ​စေ အမြင်​ကျယ်​ကြပါ​စေ။အစိုးရမင်းများနဲ့ ပညာ​ရေးဌာနက ဝန်​ကြီးဝန်​က​လေး ညွှန်​ကြီး ညွှန်​က​လေး​တွေလည်း အတုယူတတ်​ပါ​စေ။ဆရာဆရာမများလည်း အတုယူနိုင်​ကြပါ​စေ။

ဂျပန်မှာကလေးတွေ ကျောင်းသွားပုံ ကို နမူနာ တင်​ပြပါရ​စေ။ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ ရပါတယ်။ ရပ်ကွက်ကျော် အပ်လို့မရပါ။ ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်​ အပ်လို့ ရတာ မူလတန်း ၃ကျောင်းရှိပာတယ်။ အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကိုအပ်လို့ ရပါတယ်။ ကျောင်းကို အပ်ဖို့ စီမံခန့်ခွဲတာ က ဘယ်အိမ်မှာနေတဲ့ ဘယ်ကလေးက ဘယ် နှစ်မှာကျောင်းတက်​ရမယ် လို့  တက်​ရမဲ့ကျောင်း လိပ်စာ နဲ့ တကွ ရပ်ကွက်ရုံးကစာလာပါတယ်။ ကိုယ်က အဲဒီထဲကမှ ကိုယ် အဆင်ပြေမယ့်​ ကျောင်းကိုရွေးပြီး၊​ကျောင်းကိုသတင်းပို့ ရ ပါတယ်….

အများစုရွေးတာက အိမ်နဲ့နီးမယ့်​​ကျောင်းပါ။ ရပ်ကွက်မှာနေတဲ့လူ ဦးရေနဲ့ ကျောင်းအရေအတွက် ကို သူတို့ က လုံလောက်အောင် တွက်ချက်ထား တာပါ …ကျောင်း ဆင်း ကျောင်းတက်​ချိန်ကျောင်းအနီးနားကို ကားလည်းလာ လို့ မရပါ။ ကားနဲ့ ကျောင်းနားကို ကျောင်းဆင်းကျောင်းတက်​ချိန် ကြိုပို့ လုပ်လို့မရပါ။ ဘယ်သူမှလဲ စည်းကမ်းဖောက်ဖျက်ပြီး ကားနဲ့မလာပါ။ လာရင်လည်းချက်ချင်း မိဘ အချင်း ချင်း က ဖြစ်ဖြစ်၊ဆရာဆရာမတွေက ဖြစ်ဖြစ် တားမြစ်ပါတယ်။ ဒါကြောင့် ကလေးများကို အိမ်အဝေး​ကျောင်းမှာ မထားကြတာပါ။..မိုးရွာရွာနေပူပူ လမ်းပဲလျှောက်ပြီး ကျောင်းသွားရပါတယ် …။

တချို့မိဘများကတော့ ကျောင်းစတက်​ခာစ ပထမတန်း တစ်လ နှစ်လလောက်ကိုတော့ စက်ဘီးလေးနဲ့ လိုက်ပို့တာ ရှိ​ပေမဲ့ ကျောင်းအ၀ထိ မဟုတ်ပါ။ ပုံမှန်ကတော့ ကိုယ့်နီးစပ်ရာ မှာ အုပ်စုဖွဲ့ စုရပ်လုပ်ပြီး အတန်းကြီး သူက အဆင့်ဆင့်အုပ်ချုပ် ၊အတန်းလတ် က နောက်ဆုံးက နေလမ်းလျှောက်ပြီး ၊အလှည့်ကျမိဘ တစ်စုစီ နောက်က ခွာလိုက်၍ ကျောင်းသွားရတာပါ။ ပုံမှာ တွေ့နိုင်ပါတယ်။ မိဘများက ကလေးပစ္စည်းများကို ကူမကိုင်ပေးရပါ။ စည်းကမ်းပာ။ ကိုယ့်ဒူး ကိုယ်ချွန်ကိုယ့်တာဝန် ကိုယ်ယူစေတာပါ ….

မြို့သစ် အိမ်ရာသစ် တည်ဆောက်တိုင်း ကျောင်း၊ ​ဆေးခန်း၊ လုံလောက်တဲ့ အကျယ်အ၀န်း နဲ့ ၄ ထပ် ၅ ထပ်ရှိတဲ့ ကားပါကင်၊ပန်းခြံ နဲ့ကစားကွင်း​တွေ မဖြစ်မနေ ပါပါတယ် …မြန်မာပြည်မှာ​တော့ မြို့စွန်တွေမှာ အိမ်ရာစီမံကိန်း အကြီးကြီးတွေ လုပ်ပေးပြီး ၊အဲဒီမှာနေတဲ့ မိသားစုမှာပါလာမဲ့ တိုးလာမဲ့ကလေးငယ်များအတွက်ကို စာသင်ကျောင်း မပါ၊ ဆေးခန်းမပါ တော့၊ တာဝန်ရှိသူများ ကလေးပညာရေးကို မစဉ်းစားပေးခဲ့တာ သိပ်သိသာပါတယ်။ လူကြားကောင်း ​အောင် ပညာရေး ကို ဘယ်လို ဘာညာ တာဝန်ရှိသူ အော်နေတာပါ (ဒါက စကားချပ်ပါ)။

ဂျပန်​နိုင်ငံတွင်း မှာ မွေးလာတဲ့ ကလေးတိုင်း ၊ ဘာလူမျိုး ဘာဘာသာ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားဖြစ်ဖြစ် ၊အရွယ်ရောက်လာလို့ နိုင်ငံတွင်းမှာရှိနေရင် ကျောင်း အပ်ရမဲ့နေ့ကို ချက်ချင်း သိရပါတယ်။ အစိုးရကျောင်း မအပ်ချင်လို့ ပုဂ္ဂလိကကျောင်းအပ်ရင် လဲ private ကျောင်းက နိင်ငံတော်အစိုးရကို အကြောင်းကြား ပေးရပါတယ် …​ကျောင်းမအပ်ဖြစ် ကျောင်းမထားဖြစ်ရင်​တော့မြို့ နယ်က ဘာအခက်အခဲရှိလဲဆိုပြီး ကူ ညီဖို့ ချက်ချင်းရောက် လာတာပါ။ ဒီလောက်ထိပညာရေးကို အားပေးပါတယ် ။

ကြိုက်​တဲ့အစိုးရေ​ကျာင်းကိုထား (​ရေပတ်လည် ၀ိုင်းနေတဲ့ နိုင်​ငံ့အစွန်​အဖျားကျွန်းငယ်​​လေး​ပော်​က စာသင်ကျောင်းမှာ ဒီနေ့ သင်တဲ့ သင်ခန်းစာဟာ ၊Tokyo မြို့ ကြီး ကအတန်းတူ ကျောင်းအားလုံးနဲ့ သင်ခန်းစာအတူတူပါ ပဲ။ ဘာမှမကွဲပါ။ … ကျောင်းအားလုံးအ​ဆောက်​အဦကအစ ပုံစံလည်းတူ အကျယ်အဝန်း ကလည်းအားလုံးတူပါတယ် …

ဘယ်ကလေးက ဘယ်ဘာသာမှာ ညံ့တယ် ဆိုတာ ဆရာမများကသိပါတယ်။ အားကစားချိန် မှာ ချက်​ချင်း အစားထိုးသင်ပေးထားပြီးသားပါ။ အတန်းတင် စာမေးပွဲဆိုတာ မရှိပါ။ အတန်းကြီးလာရင် တော့ အရည်အချင်း စစ် စာမေးပွဲရှိပေမဲ့ ၊ကျလို့ နောက်တစ်နှစ် ဒီအတန်းပြန်​တက်​ရတယ်​ဆိုတာ လုံးဝမရှိသလေ
ာက်ပါပဲ။ မိဘများ ခရီးသွားရလို၊့  ကျောင်းချိန်မမှန်ဖြစ်လို့ ၊စာမမီလို့  ၊မဖြစ်မနေ ဒီအတန်း ပြန်နေရတာမျိုး ​တော့ရှိပေမဲ့ အလွန်နည်းပါတယ် …

ကျောင်းမှာသင်တာက အစုအဖွဲ့  နဲ့ပါ။ခေါင်းစဉ်လေးတွေ ချပေးပြီး အုပ်စုလိုက်ဆွေးနွေး ပွဲလေးတွေမှာ ကိုယ့်တစ်နေ့တာ လုပ်ငန်းလေးတွေ၊ ပြင်ပလေ့လာရေးခရီး မှတ်ချက် လေးတွေကို Report လို လေး ပြန်ရေးခိုင်းတာမျိုးတွေ၊ ကိုယ်စိုက်ထား တဲ့ပန်းပင် ရဲ့ အခြေ အနေလေးတွေကို ပြန်ရေးခိုင်းတာမျိုး လေးတွေပါ။အခြေခံပညာရေးဆိုတာ ဒါပါပဲ။

အမူအကျင့်အတွေးအခေါ်ကို ကိုယ်ပိုင် လုပ်တတ်အောင် သင်ရမှာပါ။ဘွဲ့လက်မှတ်မျိုးစုံရ ပြီး လုပ်ငန်းခွင်မှာ Report လေးတောင် အဆင်ပြေအောင်မရေးတတ်တာ မြန်​မာပြည်​မှာ တွေ့နေရပါတယ်​။ကိုယ့် ဒိုင်ယာရီ မှာကိုယ်လုပ်ရမယ့် ​နေ့စွဲနဲ့ အချိန်လေးကို​တောင် မစီစဉ်တတ် မလုပ်​တတ်ကြပါ။ဒါအခြေခံမှာသင်ရမှာတွေကို မသင်ခဲ့တာကြောင့်ပါ။ကိုယ့်အချိန်ဇယားလေးကို ကိုယ့် ဒိုင်ယာရီလေးနဲ့ရေး ခိုင်းမှတ်ခိုင်းတာလေးကို ၁ တန်းမှာကတည်းကစသင်ပေး ထားပါတယ်။အချိန် အတိအကျ သွားတတ်လာတတ်အောင် သင်ပေးထားပါတယ်….

အဆင့်မြင့်ပညာရေး (တက္ကသိုလ်​)၀င်ခွင့်မှာလုပ်ရမဲ့ ဥာဏ်ရည်အနိမ့်အမြင့် စစ်ဆေးချက် တွေကို ၊အခြေခံပညာရေးမှာ လာ လုပ်တာ က လုံးဝမှားပါတယ်။၎ တန်းအစိုးရစစ်ကို မေးခွန်းခက်အောင် အတင်းလှည့်ပတ် မေးပြီး ပညာရေးအဆင့်မြင့်တယ် လို့  ပြောတဲ့ မြန်​မာပြည်​ကတာဝန်ရှိသူ​တွေကို လည်းအံသြမိပါတယ် …တကယ် အဆင့်မြင့်ပညာတွေ သင်ရမဲ့ တက္ကသိုလ်များကျတော့ ဘယ်လိုသင်နေကြတယ် ဆိုတာ တစ်နိုင်ငံလုံးသိပါတယ်။အဝေးသင် ၄နှစ်စာ စာတွေ့လက်တွေကို တစ်​တန်းတစ်​လ​နဲ့ စုစု​ပေါင်း၎လ ပဲ တက်​ရတယ်။ကျန်တာမပြောတော့ပါဘူး။ အကြောင်းအရာလွဲမှာစိုးလို့ ပါ …

က​လေး​တွေ ​ဖြေနိုင် အောင် တွေးနိုင်အောင်ကိုယ်က သင်မထားဘဲ နဲ့၊ မူလတန်း အဆင့်ကလေးရဲ့ဥာဏ်လောက်​အ​ပေါ် မေးခွန်းခက်အောင်လုပ်တာကို ပညာရေးမြှင့်တယ်လို့  ဆိုတာကတော့ အ တော့်ကိုအသိဥာဏ် မွဲတဲ့ စီစဉ်မှုသာဖြစ်တယ် လို့ ကျွန်မ ရဲရဲပြောပါတယ် …ကျောင်းသင်ခန်းစာများမှာ ဂီတ ပါမယ်။ ရေကူး မဖြစ်မနေပါမယ်။အခြား အားကစားပါမယ် ။ ပန်းချီပါမယ် ။၂ တန်းကစပီး ကွန်ပြူတာ အခြေခံပါမယ် …(တကယ် လက်တွေ့ သင်တာနော် …ကွန်ပြူတာ ကိုပြထားပီး အခန်းဝကချောင်းကြည့်ခိုင်းပီး ကွန်ပြူတာအချိန် ဆိုပီးသတ်မှတ်တာမဟုတ်ပါ …)

ပြီးရင် တစ်နှစ် ၂ကြိမ် လမ်းစည်းကမ်းသရုပ်ပြသင်ခန်းစာများကို ရပ်ကွက် ရဲစခန်းများက လာသင်ပါတယ်။…ဒါနိုင်ငံတော် ကထည့်ထားတဲ့ သင်ခန်းစာ ပါ….(ဂျပန်မှာ ကလေးငယ်တိုင်း စက်ဘီးစီးတတ်ကြပါတယ် ။ စက်ဘီးသွားလမ်းက ကားလမ်းဘေးမှာ ရှိပါတယ် )။လမ်းစည်းကမ်း​တွေသင်​ပါတယ်​။စက်ဘီးများကို စည်းကမ်းနဲ့အညီရပ်နည်းများသင်ပါတယ် ။မျဉ်းကြား ကနေသာကူးဖို့ ကအစ လမ်းကူးနည်းများပာသင်ပါတယ် ။

နောက်ကလေးငယ်များ လုံခြုံရေး၊ မသိတဲ့သူ ခေါ်ရင် မလိုက်ဖို့ ၊ မသိပဲလာနှုတ်ဆက်လာရင် စားစရာပေးလာရင် မစားဖို့  ဆိုတာ ကျောင်းသင်ခန်းစာများနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန် အလှန် ဆွေးနွေးပြီး၊ပုံတို လေးတွေ ၊ကာတွန်း ရုပ်ရှင်လေတွေပြသင်ပါတယ် ။ ကျောင်း အခန်းတိုင်းမှာ projectors နဲ့ ကွန်ပြူတာကို ဆရာမအတွက် ​ပေးထားပာတယ်..

ဒါမျိုးသင်ခန်းစာများကို သင်ရိုးညွှန်းတမ်းမှာ ထည့် ဆွဲထားပါတယ် ။ဒါတွေက ကျောင်းသင်ခန်းစာမှာပါတာပါ ။မြန်မာပြည်မှာက ဒါတွေကို ကျောင်းကသင်ရမယ် လို့ သိပုံမပေါ်ပါ ……မနက် ဆိုရင် ၈နာရီကျောင်းတက်​တယ်။ ၈နာရီခွဲဆို တစ်ခန်းနဲ့တစ်ခန်း ၅မိနစ်စီခြားထွက်ပြီး အစည်းအဝေး ခန်းမကျယ်ကိုသွား ပါတယ် ။အဲဒီမှာ ကာတွန်းရုပ်ရှင် ပြပါတယ်။စည်းကမ်း အကြောင်း နဲ့ တစ်ခြား သိပ္ပံလို ဗဟုသုတအကြောင်းများ ကို ပြပါတယ်။အခြေခံ မူလတန်းအဆင့်မှာ သိပ္ပံ ဘာသာက စာကျက်​​ဖြေရတာမဟုတ်ပါ။ ကြားဖူး မြင်ဖူး မှတ်ဖူးဖို့သာလိုတာပါ။

အမှိုက် ပစ်တာစည်းကမ်း မဲ့ တာ တွေ၊လမ်းကူး လို့ ယဉ်တိုက်မှု့ဖြစ်တာ၊ ကား မောင်းတာ စည်းကမ်းမရှိတာ တွေ ပါပြ လိုက်ပါတယ်။မိဘ ကို ကားမောင်းတာ စည်းကမ်းမရှိမောင်းလို့ ကလေး က တားတာတွေ ပါပြလိုက်ပါတယ် …..အဲတော့ ဒီလို သင်ကြားမှုနဲ့ ပညာရေးကိုပါ မမီလိုက်တဲ့ လူကြီးမိဘကိုပါ သင်ပြီး သားဖြစ်သွားပါတယ် ။… အိမ်က သမီးတို့အဖေ စည်းကမ်းမဲ့လမ်းလျှောက်ပြီး ​ဆေးလိပ် တိုကို လမ်းဘေးပစ် ချတော့ သမီး၂ယောက်က အပြင်းအထန် ကန့်ကွက်တာပါ။ဒါတွေက ကျောင်းက သင်တာ ပါ။.ကျောင်းသင်ခန်းစာပါ။

ဒါမျိုးလေးတွေကိုကျောင်းမှာသင်ရပါတယ်…အိမ်သာတက်​ပြီးလက်ဆေးဖို့ကို ပထမတန်း မှာသင်ခန်းစာတစ်ခုလို သင်တယ် ။ ကျောင်းသား အိမ်သာသွား ပြီးရင်စောင့်ကြည့်ပြီး အကျင့်ဖြစ်အောင် လေ့ကျင့်ပြီးသင်တယ် ဆိုတာ အံသြကြ မယ် ထင်ပါတယ် ။.. တကိုယ်ရေသန့်ရှင်းမှုကို ဆေးရုံက ဆရာဆရာမများလာ ပြီးတော့ စာသင်သလို၊ ရုပ်ရှင်လေးတွေ ကာတွန်း ရုပ်ရှင်လေးတွေပြသင်တဲ့သင်ခန်းစာလဲပါပါတယ် ။

နောက် ဘာလုပ်လုပ် ကြားမဖြတ်ဖို့တန်းစီဖို့  ၊ဘာကြောင့်တန်းစီသင့်သလဲ ဆိုတာ ကအစ ဒုတိယတန်းမှာ သင်ပေးလိုက်တာပါ။ …ဒါကြောင့်သူတို့ ဆီမှာ ကားကြပ်လို့ တိုးဝှေ့ တာ၊ ရထားကြပ်လို့ တိုးဝှေ့တာမရှိပဲ အကုန်တန်းစီစနစ်ပါပဲ။….ကိုယ်လည်းအရင်ရောက် ချင်သလို သူများလည်း အရင် ရောက်ချင်မှာပဲ။ ဒါမျိုး လုကြတိုးဝှေ့ ကြဆိုတာ ကျောင်းမနေဘူး တဲ့ကလေးငယ်များသာလုပ်ပါတယ်။.. မြန်မာပြည်မှာ အများနဲ့ဆိုင်​တဲ့​နေရာ​တွေမှာကလေးငယ်များနဲ့တန်းစီနေရင် နောက်မှလာပြီး လုဝှေ့ဝင်​တတ် တဲ့ လူကြီး​တွေ ကို များစွာမြင်ဘူးပါတယ်။အံသြစရာပါ။ဒါပညာ ရေးက အသိဥာဏ် ကို ပါ သိအောင် မသင်ခဲ့ပေးလိုက်လို့ ပါ။

နောက်ကျောင်းမှာ တစ်နှစ် ၄ကြိမ် ဈေးဝယ်နည်းသင်ပါတယ်။ အိမ်က ကလေးငယ် အရွယ်အလိုက် တစ်တန်း ကလေးဆို ယန်း ၃၀၀ ယူခဲ့ခိုင်းပြီး မိဘတစ်ဦးချင်းစီကို ဆရာက တစ်ယောက်ချင်းစီ ဖုံးဆက် အကြောင်း ကြားပြီး ငွေ ပေးဖို့မှာတာပါ …

၎တန်းဆို ၁ထောင်ယန်းပါ ယူခိုင်းပြီး ကျောင်းက အစီအစဉ်နဲ့ ကျောင်းနဲ့နီးရာဆိုင်များကို အုပ်စုခွဲပြီး နေ့အလိုက်အလှည့်ကျ နဲ့ စတိုးဆိုင်ကို သွားဝယ်တာပါ။ ကျောင်းက စတိုးဆိုင်ကို ဆက်သွယ်အကြောင်းကြားထားပါတယ်။ စတိုးဆိုင်များကလဲ ကူညီပါတယ်။ အချိန်အတိအကျနဲ့ အဲဒီအချိန်အတွင်း သူတို့ ဝန်ထမ်းများကို လည်းကလေးငယ်များကို လူရာသွင်းဆက်​ဆံဖို့ ၊လူကြီးလိုဆက်ဆံပြီး ဈေးဝယ်တာ၊ ​ငွေ ချေတာ၊ ငွေပြန်အမ်းတာ၊ ကျေးဇူးတင်ပါတယ် လို့ ပြောတာ ကအစ ၊ကလေးကို ပြောတဲ့ပုံမဟုတ်ဘဲ လူကြီးကိုပြောတဲ့ ပုံစံဖြစ်အောင် ဆက်ဆံတာပါ။ အင်မတန်ကောင်းတဲ့ သင်ကြားမှုသင်ခန်းစာပါ။ .. ဒါလဲ သင်ရိုးညွှန်းတန်းထဲထည့်ထားတာပါ …..

ကလေးငယ်များကိုယ့်ကိုယ်ကိုယုံကြည်မှုရစေပါတယ်။ရဲရင့်ပြီး မှန်ကန်စွာ ဆုံးဖြတ် တတ်စေပါတယ် …ဒါတွေက ကျောင်း ကသင်ရမဲ့သင်ခန်းစာပါ ဆိုတာ မြန်မာပြည်က သင်ရိုးညွှန်းတမ်းဆွဲသူများ ကြားဖူးကြစေချင် သိစေချင်ပါတယ် ။ကလေးငယ်များအတွက် သင်​ရိုးမှာ အသေးစိတ်တွေ စဉ်းစားထည့်​သွင်းဖို့လိုပါတယ် …..အဲသည်​လို မျိုး အမူအကျင့်​နဲ့ လူမှုဆက်​ဆံ​ရေး၊​ခေါင်း​ဆောင်​မှုစွမ်းရည်​၊နိုင်​ငံသား​ကောင်း ဝတ္တရား၊စာရိတ္တနဲ့စည်းကမ်း​တွေညှပ်ညှပ်ပီးမှ ​ကျောင်းစာအ​နေနဲ့ဂျပန်စာနဲ့ သချာင်္ကို သင်ပေးလိုက်တာပါ ။သမိုင်းတို့ ပထ၀ီတို့ဆိုတာ မူလတန်းအဆင့်လောက်ထိက ပုံပြင်လေးတွေနဲ့ ဗဟုသုတပြော ပြရတဲ့ သင်ခန်းစာပါ။ ….ပုံပြင်လေးတွေနဲ့သမိုင်းကို လုပ် ထားတော့ ပိုမှတ်မိလွယ်သိလွယ်ပါတယ် ။ဒီမှာက သမိုင်းကိုအလွတ်သင်လွှတ်လိုက်တော့ ကျက်​တုန်းမှတ်မိပြီး ကြာတော့ မေ့တာပါပဲ။အိပ်ရာဝင်ပုံပြင်များကတော့ဘယ်တော့မှ မမေ့နိုင်ပါ ဆိုတာ မျိုး ပါ…

၎ တန်းလောက်ထိ ဒါပါပဲ။ အတန်းတင် စာမေးပွဲမရှိပါ ။….တစ်ပတ်တစ်ခါမှာ သူတို့ သင်တဲ့ သင်ခန်းစာအ​ပော်​သူတို့ ဥာဏ်နဲ့ ပြန်လုပ် ခိုင်းတဲ့ ပုံစံ၊​ခေါင်းစဉ် တစ်ခု ပေးပြီး သူတို့ ကိုလက်တွေ့ ပုံစံ ၊သူတို့ မှတ်စု စာအုပ် ပုံစံလေးတွေ လုပ်ခိုင်းပါတယ်… …ဟိုကလေးသင်္ချာညံ့ တယ် ၊ဒီကလေး ဂျပန် စာညံ့တယ် ဆိုတာ မရှိပါ။ ဘယ်အတန်းဆို ခန်းဂျီးဘယ်နှစ်လုံးဖတ်နိုင်နေပြီး ဘယ်စာအဆင့်ကို တတ်ကိုတတ်ရမယ် ဆိုတာအတိအကျ သတ်မှတ်ထားပါတယ်။အဲဒီအတိုင်းတစ်ယောက်မကျန် တတ်အောင်သင် ပေး ဖို့က ဆရာဆရာမတာဝန်ပါ။ တကယ်လဲတတ်ကြပါတယ်။

အလီ ကို တော့ မဖြစ်မနေ ၃ တန်းမှာ ၁၂ အလီ ထိရအောင် သင်ပါတယ်။ အိမ်မှာကျက်​ခိုင်းတာမဟုတ်ပါ။ အိမ်​စာမ​ပေးပါ။ ကျောင်းမှာ ရအောင်သင်တာပါ။ ကျောင်းအုပ်ဆရာကြီးဆီကို ၃ တန်းကလေး ၁၀၀ ကျော်လောက်က တစ်ယောက်ချင်းစီတန်းစီပီး ဆိုပြရတာပါ ……ကျောင်းတိုင်းမှာ အလီကို ကျောင်းအုပ်ကြီးဆီမှာ သွားဆိုပြရပါတယ်။ ကျွန်​မတို့ ဆီက ဟိုးအရင်ဘုန်းတော်ကြီးကျောင်း အချို့ မှာ အလီ ​သေ​သေခြာခြာ သင်​သလိုမျိုးပါ ။…ကလေးတွေကလဲ ဆရာကြီးရုံးခန်းထိသွားဆိုရမယ် ဆိုတော့ တက်​ကြွပြီး ၊သူတို့ ဘာသာ သူတို့ စိတ်နဲ့ ကို အတင်းကို ကျက်ကြတော့တာပါပဲ..။.ဆရာကြီး ကလည်း​ကျောင်းသားအားလုံး အုပ်စုလေး တွေ ဖွဲ့လာဆိုတာကို စိတ်ရှည်ရှည်နဲ့ သေ​သေခြာခြာကို ပြုံးပြီးနားထောင်တာပါ ။

မြန်မာ ပြည်မှာ မြို့ပေါ်က ကျာင်းအုပ်ကြီးများ ကျောင်း သားများစာသင်​ခန်းကို ရောက်ဖူးပါစ …နောက်တစ်ခုက ကျောင်းမှာ အုပ်စုဖွဲ့ပြီးခေါင်း စဉ်လေးတွေကို ဆွေးနွေးခိုင်း တာပါ ။တစ်လတစ်ကြိမ် စနေ​နေ့ တိုင်း ကျာင်းမှာ ကလေးတွေကို စာသင်တာကို နောက်က နေရပ်ကြည့်ဖို့ မိဘတွေကိုခေါ်ပါတယ် ။ဝင်စွက်​ဖက်​တာမရှိပါ။ ဟိုလိုဖြေလိုက်​ပာဒီလို ဖြေလိုက်ပာလို့​ပြောလို့ မရပါ။ ကျောင်း ကသင်ကြားမှု ပုံစံကို မိဘများစိတ်ချရကြောင်းကို အသိပေးတဲ့သဘော နဲ့ ရပ်ကြည့်ခိုင်းတာပါ ။

မေးခွန်းလေးတွေ ဆရာနဲ့ အပြန်အလှန်ဆွေးနွေး တာကို နားထောင်ရင်ကိုယ့်ကလေး ဘယ်လောက်အသိဥာဏ် တိုး​နေပြီဆိုတာသိနိုင်ပါတယ် ။အုပ်စု မှာ ၅ ယောက် တစ်ဖွဲ့ဆို ခုံနီးချင်း အုပ်စုလေး ၅ ခုံ စီဖွဲ့သွားပါတယ်။တစ်ယောက်ပို တစ်ယောက်လိုဆိုလဲ သူတို့ ချင်း ပဲ ညှိသွားပါတယ်။ အမြဲ တန်း ဒီလူ ချည်းပဲ အုပ်စုဖွဲ့လို့ မရပါ။ ခုံ အရှေ့အနောက်ကို တစ်ရက်ချင်း စီတိုးတိုး ပြီးထိုင်ရတာပါ ….

နီးစပ်ရာသူတို့ ဘာသာ အုပ်စုလေးဖွဲ့ပါတယ်။ ခေါင်းစဉ်လေးကလဲ ဆရာက စဉ်းစားပေးတာ။ မနေ့ က ကျောင်းအ၀မှာ အမှိုက် တွေ့  တယ်၊အဲဒီအမှိုက်ကြောင့် စိတ်ထဲဘယ်လိုခံစားရလဲ၊ဘာတွေ လုပ်သင့်လဲ၊အဲဒီ အမှိုက်ပစ်တဲ့သူက အမှိုက်မပစ်ရမဲ့ နေရာမှာ ဘာကြောင့် ပစ်တယ် ထင်လဲ၊ ဘယ်လို အရေးယူသင့်သလဲ၊ နောက်မပစ်အောင် ဘယ်လို လုပ်ရမလဲ ၊ ဒါပေမဲ့ အပြစ်ကြီးပဲ တွေး​စေတာမဟုတ်ဘဲ ဘာကြောင့် များပစ်ခဲ့သလဲ ၊အခက်အခဲ ဘာများရှိသလဲ ဆိုပြီး သူများအ​ပေါ်ပါ ခံစား တတ်အောင်၊ အပြစ်ချည်းပဲမမြင်တတ်အောင် ဆွေးနွေးခိုင်းစဉ်းစားခိုင်း ဒါမျိုး လေး တွေ ပါပါတယ်။.. အခက်အခဲကြောင့် တွေ့ရာမှာ ပစ်ခဲ့ရတာဆိုရင် ကိုယ်က ဘာလုပ်ပေးသင့်သလဲ၊ လုပ်ပေးနိုင်မလဲ မျိုးတွေစဉ်းစားခိုင်းတာပါ ။

အရေးယူဖို့ အပြစ် ချည်းပဲ ပြောလို့ ဆွေးနွေးလို့ မရအောင် ဆရာက ပြန်ထိမ်းညှိပေးပါတယ်။သူ ပစ်ရတဲ့ အကြောင်း၊ အခက်အခဲ လဲရှိနိုင်ကြောင်းကို အဖွဲ့ တစ်ခုချင်းစီ ကို အရင်ဆွေးနွေးခိုင်းပြီးရင် ခေါင်းစဉ် ဂိုက်လိုင်းတစ်ခုချင်း စီ သူ့ အမြင် ကိုယ့်အမြင် ဆွေးနွေးခိုင်းတာပါ …..တစ်ဦးတည်း တတ်​ပြီး တစ်ဦး တည်းတော်နေရင် လည်းလက်မခံပါ။ကိုယ့်အုပ်စုက ကိုယ်လို မစဉ်းစားတတ်တဲ့ သူ ကို ပါ ကိုယ်ဘာကြောင့် ဒီလို စဉ်းစားတာ ဒီလို စဉ်းစားကြည့်တယ်​ဆိုတာကို အချင်းချင်း ညှိခိုင်းတာပါ ။ အဲဒီသင်ခန်းစာ လေး​ကြောင့်​ သူတို့ ဆီမှာအုပ်စု တွေ အဖွဲ တွေများပေမဲ့ ပြို ကွဲတာ သိပ် မရှိပါ …

မြန်မာက ၃ ယောက်ရှိရင် ၄ဖွဲ့ ကွဲတယ် ဆိုတာ အပြောခံရတာ က စာသင်ကျောင်း က သူများဘက်ကို ပါစဉ်းစား တတ်တဲ့ အတွေး သင်ခန်းစာမျိုး ဦးနှောက်လေ့ကျင့်ခန်း မျိုး အဲ ဒါမျိုး မသင်ပေး လိုက်လို့ ပါ …

ငယ်စဉ်ကတည်းက သူ့အမြင် ကိုယ့်အမြင်ကို ခံစားတတ်အောင်၊ အရာရာကို အပြစ်ချည်းပဲ မမြင် ကြအောင် မသင်ပေးခဲ့လို့ ပါ။ထစ်ခနဲရှိမိဘ မကောင်း လို့ ဆိုတာချည်းပဲ ပြောကြပါတယ်။ မိဘဆီက ပါလာတာ က စရိုက် နဲ့ ဗီဇပဲ ပါနိုင်မှာပါ။အရွယ်ရလာလို့ လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်မှာ အများနဲ့ဆက်ဆံရရင် နေနည်းထိုင် နည်း က အများ နဲ့ တူတူ နေတတ်ဖို့ အများအတွက်ပါ စဉ်းစားတတ်ဖို့ က ကျာင်းကသင်ဖို့ လိုပါတယ်။ဒါကကျောင်းက မဖြစ်မနေသင်ပေးရမဲ့ သင်ခန်းစာပါ…….

မူလတန်းအထိကို ၆တန်းထိသတ်မှတ်ပါတယ်။ ၆တန်းထိ ကို သူတို့ က စာကို အဓိကထက် ပတ်ဝန်းကျင်နဲ့နေထိုင် နည်း စည်းကမ်း စနစ် များကို သင်ပါတယ် ။…အကုန် လုံး ဘ၀ အခြေခံ နေထိုင်နည်း အားလုံး သင်ပေးလိုက်ပါတယ် ။ ကလေးကို ဘယ် မှာဝါသနာပါထူးချွန်သလဲ။ ​ဆေးပညာ စိတ်ဝင်စားသလား၊ အားကစားလား ၊ အနုပညာလား ၊သမိုင်း လား ၊သုတေသန လား ၊တစ်ခါတည်းအမှတ်ခွဲ ပြီးဆရာဆရာမများက မှတ်ချက်ပေး ထားပြီးသားပါ။ ဒါမှ အလယ်တန်း ကို ကျောင်းရွေးရင် သူ့ဝါသနာပါ တဲ့ကျောင်း နဲ့ ဘာသာ ကို အဓိက ထား ယူဖို့  လမ်းညွှန် ပါတယ်….

အများစုက ကျောင်းဆိုတာ စာပဲသင်ရမယ် ထင်နေတာပါ။ စာတွေ အလွတ်ကျတ် အလွတ်ဖြေ ၊အမှတ်ကောင်းဖို့ ၊ နံပါတ် ၁ သူများထက်သာဖို့ဆိုတာေ​တွကို သင်ပေးလိုက်တဲ့ကလေးကသူများကို ကိုယ်ချင်းစာတတ်ဖို့ ၊သူများ အတွေးကို ပါ ခံစားပေးဖို့  ဆိုတာ ဝေးပါတယ်။အခု လို မျိုး နမူနာ အနေနဲ့ အမှိုက်မြင်တာနဲ့အမှိုက်ပစ်တဲကော့င် စည်းကမ်းမရှိဘူး ဆိုပီး တွေးမဲ့အစား၊ အခြေအမြစ်ကျကျ စဉ်းစားတတ်အောင် ၊အမှိုက်သွားပစ်နေရင်း နဲ့ (ဆိုကြပာစို့ပမာ ရုတ်တရက် မူးလဲပီး အရေးပေါ် အခြေအနေ တစ်ခုခုကြောင့်လား ဆိုတာမျိုးလေးပါ )စဉ်းစားခိုင်းတာပါ။

ဒါကို ဘေးက လူ က ဒီအမှိုက်ကို မြင်တဲ့အချိန် မှာ ဘာမှမလုပ်ကြဘူးလား ဆို တာ ၊အမှိုက်ကို လမ်းမှာပစ်တဲ့သူ တင်အပြစ်မဟုတ်ဘဲ ၊ပစ်တာ မြင်ရက်နဲ့ မပြောတဲ့သူက လဲတာဝန်ရှိကြောင်း၊ ပစ်တာမမြင်လိုက်လို့  အမှိုက်​ကို လမ်းဘေးမှာ အရင်တွေ့ တဲ့သူကလဲ အမှိုက်ကို မသိမ်းရင် သူလဲ အပြစ်ရှိကြောင်း၊ ဒါကိုယ့်နေရာဖြစ်တဲ့အတွက် ကိုယ့်​နေရာမှာအတူနေသူတစ်ဦးဦးက စည်းကမ်းမလိုက်နာ ရင်လိုက်နာအောင် လုပ်စေဖို့၊ လိုအပ်ရင်ကူညီဖို့ က ကိုယ့်မှာလည်းတာဝန်ရှိတယ်၊ သူမလုပ်နိင်လို့ ရှိရင် မလုပ်တတ်ရင်ဘာကြောင့်ဆိုတာရယ်စဉ်းစားဖို့အပ်ရင် ကူညီပြီးကိုယ်ပါ လုပ်ပေးဖို့ တာဝန်ရှိတယ် ဆိုတာကို သင်ခန်းစာ ပေးတဲ့ သင်ကြားနည်း ၊ကိုယ်ပိုင် စဉ်းစားတွေးခေါ်ပြီးမှ အမှန်ကို လက်ခံ စေတဲ့နည်းလေးပါ။

ကိုယ်ပိုင်စဉ်းစားတတ်အောင် သင်တာပါ။ မိဘမအားလို့ ကလေးကိုပစ်ခိုင်း လိုက်တာလား၊ ကလေးက နေရာမှားပစ် သလား မျိုး လေးကို ဆွေးနွေးပြီးသင်တာပါ။ စာတစ်ပုဒ်​ကို အလွတ် ကျက်​ခိုင်း တာထက်များစွာ တန်ဖိုး ရှိတဲ့ သင်ခန်းစာများပါ …ဒါကျွန်မမြင်ခဲ့တာတစ်ခုကိုပဲ ဥပမာပေးတာပါ။ဒီလိုမျိုးများစွာပါပါတယ် ။တစ်လတစ်ကြိမ်မို့ ကျွန်မသမီးကြီး ၄တန်းထိ ၊သမီးအငယ် လေး တစ်တန်း ထိ ကြုံတွေ့ခဲ့ရပါတယ် အဲဒီ သင်ခန်းစာဆွေးနွေးနေတုန်းမှာ ကလေးတစ်ဦးက ဆရာကိုမေး လိုက်တဲ့မေးခွန်းလေး အရမ်းသဘောကျမိပါတယ်။သူများမမြင် မစဉ်းစားတာ စဉ်းစားလိုက်ပုံလေး..

ဆရာဒီအမှိုက်ကို မြင်သလား ? တဲ့ ။ ဆရာကမြင်တယ် မြင်လို့ ဒီမေးခွန်းကို မေးတာ လို့ ပြောပာတယ် ။ဆရာတပည့်​တွေ သူငယ်ချင်းလို ဆွေးနွေးကြတာပါ။ ကလေးကထပ်မေးတယ်။ပစ် တဲ့သူကို တွေ့လိုက်သလားတဲ့။ဆရာက မတွေ့ ဘူးလို့ ​ဖြေတယ်။ကလေးက ထပ်ပြောတယ်။ ဆရာ အဲဒီအမှိုက်ကို ဘာလုပ်ခဲ့သလဲတဲ့။ဆရာက ပြန်​​ဖြေတယ်​။အမှိုက်ကိုကောက်​ပြီးအမှိုက်ပုံးထဲကို ပစ်ခဲ့ပါတယ် တဲ့။အဲဒီမှာတင်​ ​မေးသူ​နေရာက​နေ ​ဖြေသူပြန်​ဖြစ်​သွားရတဲ့ ဆရာက ချက်​ချင်းလက်ခုပ်တီးပြီး ၊ကလေးပါတဲ့ အဲဒအုပ်စုကို ချီးကျူးတယ်။ ကလေးတစ်ယောက်ထဲကို နာမည်တပ် မချီးမွမ်းပါ။အုပ်စုကို ချီးမွမ်းပါတယ် …

အဲဒီလို အုပ်စု အဖွဲ့လေး နဲ့ လုပ်တတ် စဉ်းစားတတ်အောင်သင်သလို တစ်ဦး ချင်း အတွက်လဲ သင်ပါတယ်….ပန်းပင်လေးစိုက်ထားရင် က​လေးတစ်ဦးချင်းစီ က အပင် ​ပောက်​လာပုံကို အသေးစိတ် ပုံလေး​တွေပါဆွဲပြီး ၊သူတို့ မြင်တဲ့အဖြစ်အပျက် လေးတွေ ကို စာစီစာကုံး​ရေးခိုင်း ပါတယ်….​ကျောင်းပိတ်ရက်မှာမိဘနဲ့ အတူတကွ အိမ်​အလုပ် ​လုပ်ခဲ့တာလေးကိုလည်း ဟောပြောပွဲမှာ ဟောပြောရ သလိုမျိုးအတန်းရှေ့ ထွက်တစ်ဦးစီ အကုန် လုံး အချိန်သတ်မှတ်ပေးပြီးပြောခိုင်း ပာတယ်​။စကားပြောဖို့ ရှေ့ထွက်လာရင် လည်းလူတွေကို အရိုအသေးပေးရမှာ ကျေးဇူးတင်ပါတယ် ပြောရမှာမျိုး ထိ စသည်ဖြင့် အသေးစိတ် ပါသင်လိုက်တာပါ။ …. အဲဒါကြောင့်သူတို့တွေက ခေါင်းဆောင်လဲလုပ်တတ်တယ်၊ နောက်လိုက် ကောင်းလဲ လုပ်နိုင်ကြပါတယ်​။

ကလေးက ငယ်ကတဲ က လူရာဝင်နေပါပြီ။ကိုယ့်ဘ၀ကိုယ်ကောင်းစွာတည်ဆောက်နိုင်အောင် အရင်သင်ပေးပြီးမှ သူ့ အသက်မွေးဝမ်းကြောင်းအတွက် အဓိက ပညာရပ်များကို ဆက်​သင်ပေး တာပါ……..အုပ်စုလိုက်ထဲမှာလည်း က​လေးတိုင်းကိုအလှည့်ကျခေါင်းဆောင်လေးလုပ်ခိုင်းပါတယ်။စိုက်ခင်းအဖွဲ့ ဖွဲ့​ပေးတာမျိုး လုပ်ပြီး ခေါင်းဆောင် အလှည့်ကျ လုပ်ခိုင်းပာတယ်​။ ခေါင်းဆောင်ခိုင်းတာကို နောက် လိုက် အလှည့်ကျ သူ​တွေကို လိုက်နာ ခိုင်းတာမျိုးလေးတွေပါ…..

ကျောင်းဆိုတာ စာသင်တာ တစ်ခုတည်းမဟုတ်​ကြောင်းနဲ့ ၊ထစ်ခနဲရှိ ဆရာဝန် ဖြစ်ဖို့ တစ်ခု တည်း ကျောင်း ပို့ တာမဟုတ် ကြောင်း ကို မိဘတွေ​ရော ဆရာတွေ​ရော တာဝန်ရှိသူများရော သိဖို့ လိုပါတယ်။အတန်းထဲမှာ ထိပ်​ဆုံး​ရောက်​​အောင်​စာကြိုးစားတာ ဆရာဝန်​ဖြစ်​ဖို့ပဲဆိုတဲ့အယူအဆ​အောက်​က မထွက်​နိုင်​​သေးတဲ့မြန်​မာပြည်​က မိဘ​တွေ ဆရာ​တွေ ​ကျောင်းသား​တွေ အမြင်​မ​ပြောင်း​သေးသမျှနိုင်​ငံတကာကို ဖင်​ဖျား​တောင်​လိုက်​နိုင်​မှာ မဟုတ်​ပါ။နောက် ကျောင်းအကျယ် အ၀န်းအ​ကြောင်း ​ပြောချင်​ပါတယ်​။မြေရှားတဲ့ ဂျပန်​ကျွန်းနိုင်ငံ မှာကျောင်း အကျယ်အဝန်းက ကစားကွင်း မိုးလုံလေလုံ အစည်းအဝေးခန်းမစသည်ဖြင့်အကုန်ပါပါတယ်။လုံလောက် ပါတယ်… ကျောင်းတိုင်းပုံစံတူပါတယ်​။

မြန်မာပြည်မှာ ကျောင်းတွေက ဟိုအရင်​က ကျယ်ပါတယ်။ နောက်တော့ အဘတို့​ခေတ်​မှာ ကျောင်းမြေတွေ ပျောက်ကုန်ပါတယ်။ ဘေးမှာ လူ​နေအိမ်နဲ့ ကပ်နေတဲ့ကျောင်းတွေလည်းများစွာရှိပါတယ်။ မီးရေးထင်းရေး သိပ်အန္တရယ်များပါတယ်။ထွက်ပေါက် လုံလုံလောက်လောက်မရှိ၊ ​ကျောင်းရှေ့ မှာ ကား လမ်းမကြီး နဲ့ကျောင်းတွေ၊ ကျောင်းပတ်လည် ကျောင်းနယ်နိမိတ်ထဲ လမ်းမဖက်မျက်နှာမူပြီး ဆိုင်ခန်း ငှားစား တာတွေ၊တစ်ချို့ကစားသောက်ဆိုင် အရက်ဆိုင်များပါရှိ နေပါတယ် …….. ကျောင်းနယ်နမိတ်ကို ဆိုင်ခန်းငှားစားခွင့်ဘယ်သူ ခွင့်ပြုတာလဲ သိပ်သိချင်မိတယ်​။အဲဒီကရတဲ့ငွေကြေး ကို ဘယ်နေရာမှာသုံးပြီးဘယ်လို စီမံသလဲ သိခွင့်ရချင်တယ်။

အခုမြို့​ပေါ်က ပုဂ္ဂလိကကျောင်းတွေ ဆို အခန်းကျဉ်းလေးတွေ မှာ ကိုယ်ပိုင်ကျောင်း လုပ် သင်နေကြတယ်။အလင်းရောင်လုံလုံလောက်လောက်မရှိ။ဒါတွေစိစစ်ရမှာပါ။ အောင် ချက် ကောင်းရင် အမှတ် အများကြီးရ တဲ့ကျောင်းသား မွေးထုတ်နိုင်တယ် ဆိုရင်​ကိုဂုဏ်ယူနေတဲ့ပညာရေးစနစ် က တကိုယ်ကောင်း စိတ်သမား​တွေကိုပဲ မွေးထုတ်နေ မှာပါပဲ ……..

နောက်ကျောင်းလွှတ် ချိန် ပါ။ မြန်မာပြည် မှာ ကျောင်း ဆင်းခေါင်းလောင်းတီးတာ နဲ့ အတန်းအားလုံးတစ်ပြိုင်တည်းဆင်းကြပါတယ်….ဒီမှာကတော့ အတန်းခွဲလွှတ်ပါတယ်။တစ်တန်းနဲ့တစ်တန်း ၁၀ မိနစ်စီခြား လိုက်တာပါ။ ကျောင်းခန်းက နေ ကျောင်း ၀ထိ ကြားထဲမှာ ဆရာဆရာမများ တစ်ယောက်စီ ခပ်လှမ်းလှမ်းမှာ ခြားထားပြီးစောင့်ပေးပါတယ် ။၁ တန်းကလေးတွေဆိုရင် တော့ အတန်းကြီးနဲ့ တစ်နာရီစော ကျောင်းဆင်း ပေးပြီး၊ တစ်တန်းနဲ့ တစ်တန်းကို ၁၀ မိနစ်​စီ​လောက်​ခြားလိုက် တာပါ။အဲဒီတော့​ကျောင်းအ၀မှာလူ ပြည့်ကျပ် မနေတော့ဘူး၊ မိဘတွေ လဲ ပြွတ်ကျပ်​မ​နေတော့ဘူး ပေါ့။

မြန်​မာပြည်​ပညာရေးပြောင်းမယ်လို့ ပြောသံ သာကြားလာပြီး အခုထိတော့ သိပ်မထူးခြားတာ မို့  ရေးလိုက်ပါတယ်……ကျွန်မမှာသမီးတွေရှိတယ်။ သူတို့ အနာဂါတ်က သူတို့ ကို ကျောင်းမှာ ဘယ်လို ပညာတွေသင်ပေး လိုက်မှာလဲအ​ပေါ်မူတည်တယ် လို့ ပဲ ကျွန်မနားလည်​ ပါတယ် ။အဖေအမေ​တွေက အမွေ​တွေဘယ်လောက်ပေးနိုင်တယ်ဆိုတာ က ခပ်ညံ ညံ့ အတွေး သမားတွေ အတွက်လို့ ထင်ပါတယ်…ဒါကြောင့် သူတို့ အနာဂါတ်လှမဲ့ ပညာရေး ကို မိဘအားလုံးလိုချင်မှာပဲ လို့ တွေး မိလို့  ကျွန်မနားလည်သလို ခံစား ရေးပေးလိုက်ပါတယ်။

စာတွေ အလွတ်ကျက် ​ဂျောင်းဂျောင်းပြေး ပြန်ဆိုပြနိင်တာက စာတော် တယ် ဆို တာ ဟုတ်ချင်ဟုတ်ပေမဲ့ ၊သူတို့ ရဲ့အသိဥာဏ်များ အဆင့်မီမယ်လို့ ကျွန်မ မထင်ပါ … မြန်​မာပြည်​မှာ ဘွဲ့သာရသွားတယ် လုပ်ငန်းခွင်မှာ အံဝင်အောင်မနေတတ် ကြ သူများ များစွာရှိ​နေပါတယ်….. နေရာသစ်ပတ်ဝန်းကျင်သစ်ဆို နေလို့ မရဲ ​လောက်အောင်ထိ သိမ်ငယ်စိတ် ၀င် နေတဲ့ဘွဲ့ ရများစွာတွေ့ဖူးပါတယ်….

အလွတ်ကျက်​စာတွေမှာစာတော်တာက လူတော် တာ မဟုတ်​၊ဥာဏ် ရည် ထက်မြက်​တာမဟုတ်​၊ စိတ်နှလုံး ရည် ပြည့်ဝတာ မဟုတ်ပါ။

လောကမှာ ကိုယ်တစ်ဦးတည်း ထိပ်ရောက်အောင် ဖြတ်သန်း ပြီး ၊ ကိုယ်လို ထိပ်မရောက် လာသူ ၊အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်ခဲ့သူ​တွေကို ကိုယ်ချင်းစာတရား မထား နိုင်ပဲ ၊နိုင်လို မင်းထက်ပြု၊ ငါ့လို မှမင်း မလုပ်ခဲ့တာ မလုပ်နိုင်တာ ဆိုပြီး သူတစ်ဖက်သားကို ကိုယ်ချင်းမစာတတ်တဲ့ ၊ ငါ့လောက် မတော် လို့  ဆိုပီး နှိမ့်နှိမ့်ချချဆက်ဆံ မဲ့ သူတွေ ၊ဘွဲ့ရ အလွတ်ကျက်​စာတွေသာတတ် ပြီး ပညာတကယ်​မတတ် ၊ တစ်ကိုယ်ကောင်း ငါသိငါတတ်ငါတော် လို့ ထင်​စေတဲ့ သူ တွေ မွေးထုတ် ပေးတဲ့ ကျောင်း များ ကို ပြောင်းလဲစေ ချင်လိုက် တာ…..​ပြောင်းလဲချိန်​လည်းတန်​​နေပါပြီ။

သူတို့ ပြောင်းဖိုဆိုတာ သင်ကြား သူတွေလဲ ပြောင်းဖို့  ၊သိသင့်တာတွေ သိ အောင် လုပ်ပေးဖို့ လိုပါတယ် ….(မှတ်ချက်ဒီစာမှာ ဆရာဆရာမများအတွက် Projectorနဲ့ကွန်ပြူတာ ဆိုတာ အခန်းတိုင်းရှိတယ် ဆိုတာ နဲ့ ၆သိန်း တန် လောက်ကို ၁၁ သိန်း စာရင်းပြ တင်ဖို့  ပဲစဉ်းစား မနေပါနဲ့ဦးနော်။ဘတ်ဂျက်​ကျလာရင်လဲ တကယ်ဝယ်ပြီး သုံးစွဲနည်း​များကို ဆရာ ဆရာမ များကို သင်ပေးပါလို့ လည်း တိုက်​တွန်းပါတယ် …ဘတ်ဂျက်​ ကျဖို့အဓိကပဲ ဟန်ပြ မလုပ် ပါနဲ့ နော်။ဒါက အမြင်ကပ်လို့ ထည့်ရေးပါတယ်…)

နောက်ဆုံးက (ပုံက) ကျောင်းအ၀င်ဝပုံပါ။ ကျောင်းထဲဝင်ရင် ကျောင်းထဲစီးတဲ့ဖိနပ်လဲစီးရပါတယ်။ကိုယ့်ဖိနပ် ကိုယ့်နေရာကိုယ်ထားရပါတယ် …တိုင်းပြည်နောင်အနှစ် ၂၀ မှာကောင်းချင်ရင် အခု အချိန်မှာ ပညာရေးကို တကယ် နားလည်သူများကို တာဝန်ပေးပြီး ရဲရဲ ပြုပြင်ပြောင်းလဲလိုက်ပါ….ကျောင်းဆိုတာစာတစ်ခုတည်းသင်​ပေး၊ အလွတ်ကျက်​ခိုင်း၊ အလွတ်​ကျက်​မှတ်နိုင်သူကို လူတော် (ပထမ)လို့ သတ်မှတ်တဲ့စနစ်၊ စာအလွတ်ကျက်​နိုင်​​အောင်​ ကျူရှင်​​ကောင်း​ကောင်း ဂိုဒ်ကောင်းကောင်းနဲ့အနီးကပ် ၆လ တစ်နှစ်လောက် ဖိအား ပေး မှတ်ခိုင်းကျက်​ခိုင်းလိုက် လို့ ရသွားတဲ့အမှတ်ကောင်းသူများက၊ ၀ါသနာပါပါမပါပါ ဆရာဝန် ဖြစ်အောင် ဆေးကျောင်းတက်​၊ ပြီးရင် ဆေးမကု ပဲ နေတာက (အရေအတွက်နဲ့ တစ်နှစ် ဘယ်လောက်သာ ဆေးပညာလေ့လာခွင့်ပေးမယ် လို့ သတ်မှတ်ထားတဲ့ နိင်ငံတော်မှာလည်း) အလွန်နစ်နာသလို၊ ပြည်သူများလဲ အလွန်နစ်နာရပါတယ်။

ကျွန်မအခုရေးတာက သင်ရိုးညွှန်းတမ်းကို သာ အဓိကရည်ရွယ်ပါတယ် ။…. သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲနိုင်သူ အစိုးရတာဝန်ရှိသူများကို သာရည်ရွယ်ပါတယ်။

Credit : ယုရီကို  Drbio