မုန္တိုင္းငယ္ သတင္း (၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၂၀ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၇:၀၀ နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

မုန္တိုင္းငယ္သတင္း အမွတ္စဥ္(၀၂)၊၂၀၁၈

မုန္တိုင္းငယ္အေျခအေန

(က) ယေန႔ျမန္မာစံေတာ္ခ်ိန္(၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ အိႏၵိယႏိုင္ငံ၊ ပူရီ(Puri)ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ မိုင္(၂၆၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါ သည္။

(ခ) မုန္တိုင္းငယ္(Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံ ဘက္သို႔ ဦးတည္ ေ႐ြ႕လ်ားမည့္ အေျခအေနမရွိသျဖင့္ အဝါေရာင္ အဆင့္ဟု သတ္မွတ္ပါသည္။

မုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(က) အဆိုပါမုန္တိုင္းငယ္(Depression)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၇.၄)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီ က်ဳ (၈၈.၈)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ ေလဖိအား (၁၀၀၀)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ (၃၅)မိုင္ႏႈန္း ျဖစ္ပါသည္။

ေနာက္(၁၂)နာရီအတြင္းခန္႔မွန္းခ်က္

(က) အဆိုပါ မုန္တိုင္းငယ္(Depression)သည္ အေနာက္ေျမာက္ ဘက္သို႔ ေ႐ြ႕လ်ားလ်က္ရွိၿပီး ေနာက္(၁၂)နာရီအတြင္း အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression) အျဖစ္သို႔ ေရာက္ရွိႏိုင္ပါသည္ဟု ခန္႔မွန္းရပါသည္။

သတိေပးႏႈိးေဆာ္ခ်က္

အဆိုပါ မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန္႔ ရွိႏိုင္ပါသည္။

အႀကံျပဳခ်က္

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္ သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညြန္ၾကားမႈဦးစီးဌာန

(Unicode Version)

မုန်တိုင်းငယ် သတင်း (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၏ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။

(ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီ ကျု (၈၈.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားလျက်ရှိပြီး နောက်(၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန