ပရိသတ္ေတြ အံ့အား သင့္ခဲ့ရတဲ့ ေ႐ႊထူးကို ေပးလိုက္တဲ့ ေမြးေန႔ လက္ေဆာင္ (၃) ခုရဲ႕ စုစုေပါင္း တန္ဖိုး

ေရႊ ၂ ေရႊစံုတြဲကေတာ့ ပရိသတ္ေတြၾကားမွာ ပိုပိုျပီးခ်စ္ျပေနတာကိုလည္း ေတြ႕ရပါတယ္။ မေန႔က YGW မိဘမဲ႔ေဂဟာမွာ ျပဳလုပ္က်င္းပခဲ့တဲ့ ေရႊထူးရဲ႕ ေမြးေန႔ပြဲေလးမွာေတာ့ မိခင္ျဖစ္သူနဲ႔အတူ ခ်စ္သူ ေရႊမွုန္ရတီတုိ႔လည္းပါဝင္ပါတယ္။

ခ်စ္သူကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂရုစုိက္တတ္သူဟာ ေရႊထူးတစ္ေယာက္တည္းမဟုတ္ဘဲ ေရႊမွုန္ရတီေလးလည္းအပါအဝင္ျဖစ္ေၾကာင္း မေန႔ကပံုရိပ္ေလးေတြက သက္ေသျပလိုက္တာလည္းျဖစ္ပါတယ္။

ေရႊထူးကေတာ့ Surprise ဆန္းဆန္းေလးေတြကိုသာ လုပ္ေလ့ရွိတဲ့ ခ်စ္သူ ေရႊမွုန္ရတီအေၾကာင္းကို သိေနျပီးသားလည္းျဖစ္ပါတယ္။ စက္တင္ဘာ ၁၉ ရက္ေန႔မွာက်ေရာက္လာတဲ့ သူ႔ရဲ႕ ေမြးေန႔မွာလည္း ခ်စ္သူဆီက အံ့အားသင့္ေလာက္ဖြယ္ေကာင္းတဲ့ ေမြးေန႔လက္ေဆာင္ နဲ႔ Surprise ေတြကိုရရွိမယ္လို႔ ထင္ခဲ့တဲ့အတိုင္း ခ်စ္သူ ေရႊမွုန္ရတီေလးကေတာ့ ေရႊထူးအတြက္ Birthday Dinner ေလးက်င္းပေပးခဲ့ပါတယ္။

ဒါထက္ပိုျပီး ေရႊထူးနဲ႔ ပရိသတ္ေတြကို Surprise ျဖစ္ေစခဲ့တာကေတာ့ ေရႊမွုန္ရဲ႕ ေမြးေန႔လက္ေဆာင္ေတြပဲဲျဖစ္ပါတယ္။ ေရႊထူးအတြက္ ဖိနပ္တစ္ရံနဲ႔ အိတ္တစ္လံုးလက္ေဆာင္ေပးတဲ့အျပင္ နာရီတစ္လံုးပါ ေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒီလက္ေဆာင္ပစၥည္းေတြရဲ႕ စုစုေပါင္း တန္ေၾကးဟာ ယခုေဒၚလာေပါက္ေစ်းနဲ႔တြက္ၾကည့္မယ္ဆိုရင္ ျမန္မာေငြက်ပ္ သိန္း (၁၃၀) ေက်ာ္ဝန္းက်င္ရွိတာလည္းျဖစ္ပါတယ္။

ေရႊထူးအတြက္ ေပးခဲ့တဲ့ လက္ေဆာင္အကုန္လံုးဟာ ကမာၻေက်ာ္ Brand ေတြၾကီးပဲျဖစ္ပါတယ္။ LV အိတ္ရဲ႕ တန္ဖိုးဟာ ျမန္မာေငြက်ပ္ (၃၁ သိန္း) ခန္႔ရွိပါတယ္။ D & G ဖိနပ္တစ္ရံရဲ႕ တန္ဖိုးကေတာ့ (၁၂ သိန္း ၇ ေသာင္း) ဝန္းက်င္ရွိျပီး နာရီရဲ႕တန္ဖိုးကေတာ့ သိန္း ၉၀ ေက်ာ္ရွိတာေၾကာင့္ ေရႊထူးဟာ ေရႊမွုန္ရတီဆီက သိန္း (၁၃၀) ေက်ာ္ဝန္းက်င္လက္ေဆာင္ၾကီးေတြကို ရရွိခဲ့တာပါ။

Credit : Welovecele

(Unicode Version)

ပရိသတ်တွေ အံ့အား သင့်ခဲ့ရတဲ့ ရွှေထူးကို ပေးလိုက်တဲ့ မွေးနေ့ လက်ဆောင် (၃) ခုရဲ့ စုစုပေါင်း တန်ဖိုး

ရွှေ ၂ ရွှေစုံတွဲကတော့ ပရိသတ်တွေကြားမှာ ပိုပိုပြီးချစ်ပြနေတာကိုလည်း တွေ့ရပါတယ်။ မနေ့က YGW မိဘမဲ့ဂေဟာမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရွှေထူးရဲ့ မွေးနေ့ပွဲလေးမှာတော့ မိခင်ဖြစ်သူနဲ့အတူ ချစ်သူ ရွှေမှုန်ရတီတို့လည်းပါဝင်ပါတယ်။

ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်သူဟာ ရွှေထူးတစ်ယောက်တည်းမဟုတ်ဘဲ ရွှေမှုန်ရတီလေးလည်းအပါအဝင်ဖြစ်ကြောင်း မနေ့ကပုံရိပ်လေးတွေက သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

ရွှေထူးကတော့ Surprise ဆန်းဆန်းလေးတွေကိုသာ လုပ်လေ့ရှိတဲ့ ချစ်သူ ရွှေမှုန်ရတီအကြောင်းကို သိနေပြီးသားလည်းဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့မှာကျရောက်လာတဲ့ သူ့ရဲ့ မွေးနေ့မှာလည်း ချစ်သူဆီက အံ့အားသင့်လောက်ဖွယ်ကောင်းတဲ့ မွေးနေ့လက်ဆောင် နဲ့ Surprise တွေကိုရရှိမယ်လို့ ထင်ခဲ့တဲ့အတိုင်း ချစ်သူ ရွှေမှုန်ရတီလေးကတော့ ရွှေထူးအတွက် Birthday Dinner လေးကျင်းပပေးခဲ့ပါတယ်။

ဒါထက်ပိုပြီး ရွှေထူးနဲ့ ပရိသတ်တွေကို Surprise ဖြစ်စေခဲ့တာကတော့ ရွှေမှုန်ရဲ့ မွေးနေ့လက်ဆောင်တွေပဲဖြစ်ပါတယ်။ ရွှေထူးအတွက် ဖိနပ်တစ်ရံနဲ့ အိတ်တစ်လုံးလက်ဆောင်ပေးတဲ့အပြင် နာရီတစ်လုံးပါ ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီလက်ဆောင်ပစ္စည်းတွေရဲ့ စုစုပေါင်း တန်ကြေးဟာ ယခုဒေါ်လာပေါက်ဈေးနဲ့တွက်ကြည့်မယ်ဆိုရင် မြန်မာငွေကျပ် သိန်း (၁၃၀) ကျော်ဝန်းကျင်ရှိတာလည်းဖြစ်ပါတယ်။

ရွှေထူးအတွက် ပေးခဲ့တဲ့ လက်ဆောင်အကုန်လုံးဟာ ကမ္ဘာကျော် Brand တွေကြီးပဲဖြစ်ပါတယ်။ LV အိတ်ရဲ့ တန်ဖိုးဟာ မြန်မာငွေကျပ် (၃၁ သိန်း) ခန့်ရှိပါတယ်။ D & G ဖိနပ်တစ်ရံရဲ့ တန်ဖိုးကတော့ (၁၂ သိန်း ၇ သောင်း) ဝန်းကျင်ရှိပြီး နာရီရဲ့တန်ဖိုးကတော့ သိန်း ၉၀ ကျော်ရှိတာကြောင့် ရွှေထူးဟာ ရွှေမှုန်ရတီဆီက သိန်း (၁၃၀) ကျော်ဝန်းကျင်လက်ဆောင်ကြီးတွေကို ရရှိခဲ့တာပါ။

Credit : Welovecele