ျမန္မာ နယ္နိမိတ္ က်ဴးေက်ာ္မႈ ရြာသားမ်ား စုေဝးကာ သြားေရာက္ ျငင္းခံု ေျပာၾကားရာ တ႐ုတ္ ျပန္ ေနာက္ဆုတ္ေပး

ရွမ္းျပည္ေျမာက္ပိုင္း၊ ပန္းဆိုင္း (ၾကဴကုတ္) ျမိဳ႕နယ္ တ႐ုတ္-ျမန္မာ နယ္နိမိတ္ မ်ဥ္းေပၚ တ႐ုတ္ဘက္မွ ျမန္မာျပည္ထဲသို႔ ၀င္ေရာက္က်ဴးေက်ာ္ၿပီး ‘နယ္ျခား မွတ္တိုင္သစ္’ ေရႊ႕ေျပာင္း စိုက္ထူရန္ၾကိဳးစားျခင္းကို ရြာသားမ်ား ကန္႔ကြက္ ပိတ္ဆို႔မႈေၾကာင့္ ယမန္ေန႔ညေန ျပန္ဆုတ္ေပးလိုက္သည္။

ျမန္မာျပည္ထဲ မီတာ ၃၀ ခန္႔ ဝင္ေရာက္က်ဴးေက်ာ္ လာသျဖင့္ Hpai Kawng (ဖိုင္ေကာင္း) ရြာသားမ်ား စုေဝးကာ သြားေရာက္ ျငင္းခံု ေျပာၾကားရာမွာ အထက္တာဝန္ရွိသူမ်ား ႏွင့္ ျပန္လည္ ေဆြးေႏြးသြားမည္ ဆိုကာ စိုက္ထူေနေသာ သံတိုင္မ်ားကို ျပန္လည္ ျဖဳတ္သိမ္းသြားၾကေၾကာင္း ေက်းရြာအုပ္ခ်ဴပ္ေရးမႈး Slg. Lahpai Zau Hkam (ဦးလဖုိင္ ေဇာ္ခမ္း) ေျပာသည္။

“သူတို႔ မနက္ ၇ နာရီခန္႔က စျပီး လာလုပ္ၾကတယ္။ ရြာသားေတြက ၁၀ နာရီ ဝန္းက်င္ေလာက္မွာ သြားဝန္းရံ ေျပာဆုိေတာ့ သူတို႔ဘက္ကလည္း ႏွစ္ဖက္ သက္ဆိုင္ရာ လူၾကီးေတြနဲ႔ တိုင္ပင္ အုန္းမယ္ ဆိုျပီး ညေန ၅ နာရီေလာက္မွာ သူတို႔ ရဲ႕ ေဆာက္လုပ္ေနတဲ့ သံတိုင္ ၾကိဳးေတြကုိ အကုန္ ျပန္ျဖဳတ္သြားၾကတယ္။”

Hpai Kawng ေက်းရြာသားမ်ားအေနျဖင့္ တရုတ္ နယ္ျခားမွတ္တိုင္သစ္ လာစိုက္ရန္ တူးထားသည့္ က်င္းကို နဂုိအတုိင္းျဖစ္ေအာင္ ေျမျပန္ဖို႔ရန္ စီစဥ္ေသာ္လည္း သက္ဆုိင္ရာ ျမန္မာအစုိးရဘက္မွ ခြင့္ မျပဳေသးေသာေၾကာင့္ အေျခအေနကုိ ေစာင့္ၾကည့္ေနေသးေၾကာင္း ေျပာပါသည္။

ထိုေနရာတြင္ ျမန္မာ ႏွင့္ တရုတ္ႏုိင္ငံ နယ္နိမိတ္ ျပသာနာ ၂၀၀၈ ခုႏွစ္မွ စတင္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ား ေျပာဆုိမႈအရ သိရပါသည္။

Source : Kachinnews

(Unicode Version)

မြန်မာနယ်နိမိတ် ကျူးကျော်မှု ရွာသားများ စုဝေးကာ သွားရောက် ငြင်းခုံ ပြောကြားရာ တရုတ် ပြန် နောက်ဆုတ်ပေး

ရှမ်းပြည်မြောက်ပိုင်း၊ ပန်းဆိုင်း (ကြူကုတ်) မြို့နယ် တရုတ်-မြန်မာ နယ်နိမိတ် မျဉ်းပေါ် တရုတ်ဘက်မှ မြန်မာပြည်ထဲသို့ ဝင်ရောက်ကျူးကျော်ပြီး ‘နယ်ခြား မှတ်တိုင်သစ်’ ရွှေ့ပြောင်း စိုက်ထူရန်ကြိုးစားခြင်းကို ရွာသားများ ကန့်ကွက် ပိတ်ဆို့မှုကြောင့် ယမန်နေ့ညနေ ပြန်ဆုတ်ပေးလိုက်သည်။

မြန်မာပြည်ထဲ မီတာ ၃၀ ခန့် ဝင်ရောက်ကျူးကျော် လာသဖြင့် Hpai Kawng (ဖိုင်ကောင်း) ရွာသားများ စုဝေးကာ သွားရောက် ငြင်းခုံ ပြောကြားရာမှာ အထက်တာဝန်ရှိသူများ နှင့် ပြန်လည် ဆွေးနွေးသွားမည် ဆိုကာ စိုက်ထူနေသော သံတိုင်များကို ပြန်လည် ဖြုတ်သိမ်းသွားကြကြောင်း ကျေးရွာအုပ်ချူပ်ရေးမှုး Slg. Lahpai Zau Hkam (ဦးလဖိုင် ဇော်ခမ်း) ပြောသည်။

“သူတို့ မနက် ၇ နာရီခန့်က စပြီး လာလုပ်ကြတယ်။ ရွာသားတွေက ၁၀ နာရီ ဝန်းကျင်လောက်မှာ သွားဝန်းရံ ပြောဆိုတော့ သူတို့ဘက်ကလည်း နှစ်ဖက် သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင် အုန်းမယ် ဆိုပြီး ညနေ ၅ နာရီလောက်မှာ သူတို့ ရဲ့ ဆောက်လုပ်နေတဲ့ သံတိုင် ကြိုးတွေကို အကုန် ပြန်ဖြုတ်သွားကြတယ်။”

Hpai Kawng ကျေးရွာသားများအနေဖြင့် တရုတ် နယ်ခြားမှတ်တိုင်သစ် လာစိုက်ရန် တူးထားသည့် ကျင်းကို နဂိုအတိုင်းဖြစ်အောင် မြေပြန်ဖို့ရန် စီစဉ်သော်လည်း သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ ခွင့် မပြုသေးသောကြောင့် အခြေအနေကို စောင့်ကြည့်နေသေးကြောင်း ပြောပါသည်။

ထိုနေရာတွင် မြန်မာ နှင့် တရုတ်နိုင်ငံ နယ်နိမိတ် ပြသာနာ ၂၀၀၈ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရပါသည်။

Source : Kachinnews