ျဖဴးၿမိဳ႕နယ္ရွိ အေျခခံပညာအလယ္တန္းေက်ာင္း၌ ပုဆိုးကြၽတ္ခဲ့သည့္ ေက်ာင္းသားကို ဆရာမကပါး႐ိုက္ ဆုံးမခဲ့သည္ဟုဆိုကာ စုံစမ္းစစ္ေဆးေရးခုံ႐ုံးႏွင့္ ၂ လနီးပါး စစ္ေဆးရာ အေျဖမထြက္ေသး

ျဖဴးၿမိဳ႕နယ္ရွိ အေျခခံပညာအလယ္တန္းေက်ာင္း၌ ပုဆိုးကြၽတ္ခဲ့သည့္ ေက်ာင္းသားကို ဆရာမကပါး႐ိုက္ ဆုံးမခဲ့သည္ဟုဆိုကာ စုံစမ္းစစ္ေဆးေရးခုံ႐ုံးႏွင့္ ၂ လနီးပါး စစ္ေဆးရာ အေျဖမထြက္ေသး

ျဖဴး၊ စက္တင္ဘာ ၁၉ ရက္။

ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္၊ ပ်ဥ္းမပင္ေက်း႐ြာ၊ အေျခခံပညာအလယ္တန္းေက်ာင္း၌ ဆဌမတန္း ေက်ာင္းသားတစ္ဦး ေက်ာင္းသန႔္ရွင္းေရးလုပ္ေနစဥ္ ပုဆိုးကြၽတ္သြားေသာ ေက်ာင္းသားကို ဆရာမက ပါး႐ိုက္ဆုံးမခဲ့သည္ဟုဆိုကာ ေက်ာင္းသားမိဘမွ တိုင္ၾကားခဲ့ျခင္းေၾကာင့္ စုံစမ္းစစ္ေဆးေရးခုံ႐ုံးႏွင့္ စစ္ေဆးေနရေၾကာင္း ပဲခူးတိုင္းေဒသႀကီး၊ ပညာေရးမႉး႐ုံးမွ သိရွိရသည္။

“ေက်ာင္းသားမ်ား၏ ေရွ႕မွာ ပါး႐ိုက္ဆုံးမခံရေတာ့ ကေလးကေက်ာင္းမတက္ေတာ့ဘဲ ထြက္ေတာ့မယ္ပဲေျပာေန လို႔ ေက်ာင္းအုပ္ဆရာမႀကီးဆီ တိုင္ၾကားေတာ့ ဆရာမႀကီးက ေက်း႐ြာတာဝန္ခံ၊ ဆယ္အိမ္မႉးေတြနဲ႔ ေခၚရွင္း ေပးတာကို ႐ိုက္တဲ့ဆရာမက ဝန္ခံေတာင္းပန္တာမရွိဘဲ ေက်ာင္းသားကို တရားစြဲမယ္ၿခိမ္းေျခာက္ေနလို႔ တိုင္းပညာေရးမႉးကို တိုင္ၾကားရတာျဖစ္ပါတယ္။”ဟု ဆဌမတန္း ေက်ာင္းသား။ မိခင္ျဖစ္သူ မဇာဇာစမ္းက ေျပာသည္။

ၾသဂုတ္ ၁ ရက္တြင္ ျဖဴးၿမိဳ႕နယ္၊ ကင္းပြန္ၿခဳံအုပ္စု၊ ပ်ဥ္းမပင္ေက်း႐ြာ အေျခခံပညာအလယ္တန္းေက်ာင္း၌ ဆဌမတန္းေက်ာင္းသားတစ္ဦး ေက်ာင္းသန႔္ရွင္းေရးလုပ္ရာ ခုံသယ္ယူစဥ္ ပုဆိုးကြၽတ္က်သြားသျဖင့္ ျပစ္ဒဏ္ေပးသည့္အေနျဖင့္ ဆရာမက ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေရွ႕တြင္ ပါး႐ိုက္ဆုံးမခဲ့သည္ဆိုကာ ေက်ာင္းသားမိဘမွ ၾသဂုတ္ ၇ ရက္တြင္ တိုင္းပညာေရးမႉး႐ုံးသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

“တိုင္ၾကားစာအရ အမႈေတာ့စစ္ေဆးေနပါတယ္။ ၿပီးရင္ေနျပည္ေတာ္(႐ုံးခ်ဳပ္)ကို တင္ျပေပးရမွာပါ။ သက္ေသ ထြက္ဆိုခ်က္ေတြအရ ျဖစ္စဥ္က ဆရာမမွာ ကိုယ္ဝန္ရွိပါတယ္။ ေက်ာင္းသားေလးက တိုးမိသလိုျဖစ္ေတာ့ ကာတဲ့ အေနနဲ႔ ေခါင္းကိုတြန္းလိုက္တာပါ။ ကေလးကအလွည့္ဆိုေတာ့ ပါးကိုထိသြားတာပါ။ တမင္တကာ ႐ိုက္တာ မဟုတ္ပါဘူး။”ဟု ပဲခူးတိုင္းေဒသႀကီး၊ ပညာေရးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္တင့္က ေျပာသည္။

ျဖဴးၿမိဳ႕နယ္၊ ကင္းပြန္ၿခဳံအုပ္စု၊ ပ်ဥ္းမပင္ေက်း႐ြာအေျခခံပညာ အလယ္တန္းေက်ာင္းသည္ ေက်ာင္းဆရာ၊ ဆရာ မ ၁၂ ဦးျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၀ ေက်ာ္ကို ပညာသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

မ်ိဳးျမတ္ (ျမစ္မခ)

Source : Myanmarharp

(Unicode Version)

ဖြူးမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပုဆိုးကျွတ်ခဲ့သည့် ကျောင်းသားကို ဆရာမကပါးရိုက် ဆုံးမခဲ့သည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ၂ လနီးပါး စစ်ဆေးရာ အဖြေမထွက်သေး

ဖြူး၊ စက်တင်ဘာ ၁၉ ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆဌမတန်း ကျောင်းသားတစ်ဦး ကျောင်းသန့်ရှင်းရေးလုပ်နေစဉ် ပုဆိုးကျွတ်သွားသော ကျောင်းသားကို ဆရာမက ပါးရိုက်ဆုံးမခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘမှ တိုင်ကြားခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် စစ်ဆေးနေရကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ သိရှိရသည်။

“ကျောင်းသားများ၏ ရှေ့မှာ ပါးရိုက်ဆုံးမခံရတော့ ကလေးကကျောင်းမတက်တော့ဘဲ ထွက်တော့မယ်ပဲပြောနေ လို့ ကျောင်းအုပ်ဆရာမကြီးဆီ တိုင်ကြားတော့ ဆရာမကြီးက ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူးတွေနဲ့ ခေါ်ရှင်း ပေးတာကို ရိုက်တဲ့ဆရာမက ဝန်ခံတောင်းပန်တာမရှိဘဲ ကျောင်းသားကို တရားစွဲမယ်ခြိမ်းခြောက်နေလို့ တိုင်းပညာရေးမှူးကို တိုင်ကြားရတာဖြစ်ပါတယ်။”ဟု ဆဌမတန်း ကျောင်းသား။ မိခင်ဖြစ်သူ မဇာဇာစမ်းက ပြောသည်။

သြဂုတ် ၁ ရက်တွင် ဖြူးမြို့နယ်၊ ကင်းပွန်ခြုံအုပ်စု၊ ပျဉ်းမပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆဌမတန်းကျောင်းသားတစ်ဦး ကျောင်းသန့်ရှင်းရေးလုပ်ရာ ခုံသယ်ယူစဉ် ပုဆိုးကျွတ်ကျသွားသဖြင့် ပြစ်ဒဏ်ပေးသည့်အနေဖြင့် ဆရာမက ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့တွင် ပါးရိုက်ဆုံးမခဲ့သည်ဆိုကာ ကျောင်းသားမိဘမှ သြဂုတ် ၇ ရက်တွင် တိုင်းပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“တိုင်ကြားစာအရ အမှုတော့စစ်ဆေးနေပါတယ်။ ပြီးရင်နေပြည်တော်(ရုံးချုပ်)ကို တင်ပြပေးရမှာပါ။ သက်သေ ထွက်ဆိုချက်တွေအရ ဖြစ်စဉ်က ဆရာမမှာ ကိုယ်ဝန်ရှိပါတယ်။ ကျောင်းသားလေးက တိုးမိသလိုဖြစ်တော့ ကာတဲ့ အနေနဲ့ ခေါင်းကိုတွန်းလိုက်တာပါ။ ကလေးကအလှည့်ဆိုတော့ ပါးကိုထိသွားတာပါ။ တမင်တကာ ရိုက်တာ မဟုတ်ပါဘူး။”ဟု ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်တင့်က ပြောသည်။

ဖြူးမြို့နယ်၊ ကင်းပွန်ခြုံအုပ်စု၊ ပျဉ်းမပင်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းသည် ကျောင်းဆရာ၊ ဆရာ မ ၁၂ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မျိုးမြတ် (မြစ်မခ)

Source : Myanmarharp

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္