ေမွာ္ဘီ ေက်ာင္းထိုင္ ဥဴးေတဇိႏၵ ကို ရဲတပ္ဖြဲ႕က ေခၚသြားၿပီ

ယမန္ေန႔ညက ပဋိပကၡျဖစ္ပြားခဲ့သည့္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေမွာ္ဘီေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းမွ ဥဴးေတဇိႏၵကို ရဲတပ္ဖြဲ႕ကလာေရာက္ေခၚေဆာင္သြားၿပီ ျဖစ္သည္။

၄င္းသည္ ေပါင္ၿမိဳ႕နယ္တရားရံုးက ၀ိနည္းဓမၼကံ အဓိကရုဏ္းမႈခင္းမ်ား ေျဖရွင္းဆံုးျဖတ္ခ်က္မ်ားကို ကာကြယ္ေစာင့္ေရွာက္ေသာဥပေဒပုဒ္မ ၁၁ ျဖင့္ ဖမ္း၀ရမ္းထုတ္ခံရထားသူလည္းျဖစ္သည္။

၄င္း ႏွင့္ ပတ္သက္ၿပီး လူမႈေရးကိစၥတစ္ခု ယမန္ေန႔ ညက ရြာသူရြာသားမ်ားအၾကားပ်ံ႕ႏွံ႔ရာမွ ထိပ္တိုက္ရင္ဆိုင္မႈမ်ားျဖစ္ပြားခဲ့ရသည္။

ယမန္ေန႔ည ၇နာရီ၀န္းက်င္၌ ေမွာ္ဘီဘုန္းႀကီးေက်ာင္း ဝန္းျပင္ပမွေန၍ ျပစ္တင္ရံႈ႕ခ်ေနသည့္ ရြာသူရြာသား တို႔ႏွင့္ ေက်ာင္းတိုက္အတြင္းရိွ ဘုန္းေတာ္ႀကီးေထာက္ခံသူတို႔ ထိပ္တိုက္ရင္ဆိုင္မႈျဖစ္ခဲ့ရာ ရံႈ႕ခ်သူတို႔ဖက္မွ လူေလးဦး ဓားဒဏ္ရာ၊ ေပါက္ၿပဲဒဏ္ရာတို႔ျဖင့္ ေမာ္လ ၿမိဳင္ေဆးရံုသို႔ပို႔ေဆာင္ခဲ့ရၿပီး စက္တင္ဘာ ၂၇ ရက္ နံနက္ ၈နာရီခြဲေက်ာ္ ခန္႔ ရဲတပ္ဖြဲ႕ေရာက္ရိွလာခ်ိန္တြင္္ ေက်ာင္းတိုက္အတြင္းပိတ္မိေနသည့္ ဒဏ္ရာရ ေလးဦးကို ေဆးရံုသို႔ ထပ္မံပို႔ ေဆာင္ခဲ့ရသည္။

ေက်းရြာသားမ်ားအၾကား ပဋိပကၡမ်ားထပ္မံမျဖစ္ပြားေရးနွင့္ လံုၿခံဳေရးတို႔ေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း မြန္ျပည္နယ္ လံုၿခံဳေရးနွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီး ဝင္းနိုင္ဦးက ေျပာသည္။

သတင္းႏွင့္ ဓာတ္ပံု – သက္ပိုင္၊ ေခတ္မင္း

Source : Hinthar Media Corporation

(Unicode Version)

မှော်ဘီ ကျောင်းထိုင် ဥူးတေဇိန္ဒ ကို ရဲတပ်ဖွဲ့က ခေါ်သွားပြီ

ယမန်နေ့ညက ပဋိပက္ခဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဥူးတေဇိန္ဒကို ရဲတပ်ဖွဲ့ကလာရောက်ခေါ်ဆောင်သွားပြီ ဖြစ်သည်။

၎င်းသည် ပေါင်မြို့နယ်တရားရုံးက ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သောဥပဒေပုဒ်မ ၁၁ ဖြင့် ဖမ်းဝရမ်းထုတ်ခံရထားသူလည်းဖြစ်သည်။

၎င်း နှင့် ပတ်သက်ပြီး လူမှုရေးကိစ္စတစ်ခု ယမန်နေ့ ညက ရွာသူရွာသားများအကြားပျံ့နှံ့ရာမှ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ရသည်။

ယမန်နေ့ည ၇နာရီဝန်းကျင်၌ မှော်ဘီဘုန်းကြီးကျောင်း ဝန်းပြင်ပမှနေ၍ ပြစ်တင်ရှုံ့ချနေသည့် ရွာသူရွာသား တို့နှင့် ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးထောက်ခံသူတို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ရာ ရှုံ့ချသူတို့ဖက်မှ လူလေးဦး ဓားဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာတို့ဖြင့် မော်လ မြိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး စက်တင်ဘာ ၂၇ ရက် နံနက် ၈နာရီခွဲကျော် ခန့် ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် ကျောင်းတိုက်အတွင်းပိတ်မိနေသည့် ဒဏ်ရာရ လေးဦးကို ဆေးရုံသို့ ထပ်မံပို့ ဆောင်ခဲ့ရသည်။

ကျေးရွာသားများအကြား ပဋိပက္ခများထပ်မံမဖြစ်ပွားရေးနှင့် လုံခြုံရေးတို့ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

သတင်းနှင့် ဓာတ်ပုံ – သက်ပိုင်၊ ခေတ်မင်း

Source : Hinthar Media Corporation

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္