ေမွာ္ဘီေက်ာင္းထိုင္ ဥဴးေတဇိႏၵကို ၿမိဳ႕နယ္တရားရံုးက ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္ၿပီး သထံုအက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ၿပီ

၀ိနည္းဓမၼကံ အဓိကရုဏ္းမႈခင္းမ်ား ေျဖရွင္းဆံုးျဖတ္ခ်က္မ်ားကို ကာကြယ္ေစာင့္ေရွာက္ေသာဥပေဒပုဒ္မ ၁၁ ျဖင့္ ဖမ္း၀ရမ္းထုတ္ခံရထားသူ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေမွာ္ဘီေက်းရြာ ေက်ာင္းထိုင္ ဥဴးေတဇိႏၵကို ၿမိဳ႕နယ္တရားရံုးက ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္ၿပီျဖစ္သည္။

၄င္းတည္ရိွမႈကို ေက်းရြာအတြင္း သေဘာကြဲလြဲမႈႏွင့္ ရုန္းရင္းဆန္ခတ္အျငင္းပြားမႈမ်ား ကာလရွည္ရိွခဲ့ၿပီး ယမန္ေန႔ညတြင္မူ လူမႈေရးကိစၥတစ္ခု ထပ္မံေပၚေပါက္ရာမွ ရြာသူရြာသားအခ်င္းခ်င္း ထိပ္တိုက္ရင္ဆိုင္မႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ယမန္ေန႔ည ၇နာရီ၀န္းက်င္၌ ေမွာ္ဘီဘုန္းႀကီးေက်ာင္း၀န္းျပင္ပမွေန၍ ျပစ္တင္ရံႈ႕ခ်ေနသည့္ ရြာသူရြာသား တို႔ႏွင့္ ေက်ာင္းတိုက္အတြင္းရိွ ဘုန္းေတာ္ႀကီးေထာက္ခံသူတို႔ ထိပ္တိုက္ရင္ဆိုင္မႈျဖစ္ခဲ့ရာ

ရံႈ႕ခ်သူတို႔ဖက္မွ လူေလးဦး ဓားဒဏ္ရာ၊ ေပါက္ၿပဲဒဏ္ရာတို႔ျဖင့္ ေမာ္လၿမိဳင္ေဆးရံုသို႔ပို႔ေဆာင္ခဲ့ရၿပီး စက္တင္ဘာ ၂၇ ရက္ နံနက္ ၈နာရီခြဲေက်ာ္ ခန္႔ ရဲတပ္ဖြဲ႕ေရာက္ရိွလာခ်ိန္တြင္္ ေက်ာင္းတိုက္အတြင္းပိတ္မိေနသည့္ ဒဏ္ရာရ ေလးဦးကို ေဆးရံုသို႔ ထပ္မံပို႔ ေဆာင္ခဲ့ရသည္အထိျဖစ္ခဲ့သည္။

ယေန႔ စက္တင္ဘာ ၂၇ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ေပါင္ၿမိဳ႕နယ္တရားရံုးက ယခင္ျပစ္မႈျဖင့္ ၄င္းအား ျပစ္ဒဏ္ခ်မွတ္ၿပီးေနာက္ သထံုအက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္သည္။

သတင္းႏွင့္ ဓာတ္ပံု – သက္ပိုင္၊ ေခတ္မင္း

သတင္းႏွင့္ ဗီဒီယိုတင္ဆက္မႈ အျပည့္အစံုကိုဆက္လက္တင္ျပေပးပါမည္

Source : Hinthar Media Corporation

(Unicode Version)

မှော်ဘီကျေးရွာ ကျောင်းထိုင် ဥူးတေဇိန္ဒကို မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီ

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သောဥပဒေပုဒ်မ ၁၁ ဖြင့် ဖမ်းဝရမ်းထုတ်ခံရထားသူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာ ကျောင်းထိုင် ဥူးတေဇိန္ဒကို မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီဖြစ်သည်။

၎င်းတည်ရှိမှုကို ကျေးရွာအတွင်း သဘောကွဲလွဲမှုနှင့် ရုန်းရင်းဆန်ခတ်အငြင်းပွားမှုများ ကာလရှည်ရှိခဲ့ပြီး ယမန်နေ့ညတွင်မူ လူမှုရေးကိစ္စတစ်ခု ထပ်မံပေါ်ပေါက်ရာမှ ရွာသူရွာသားအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည ၇နာရီဝန်းကျင်၌ မှော်ဘီဘုန်းကြီးကျောင်းဝန်းပြင်ပမှနေ၍ ပြစ်တင်ရှုံ့ချနေသည့် ရွာသူရွာသား တို့နှင့် ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးထောက်ခံသူတို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ရာ

ရှုံ့ချသူတို့ဖက်မှ လူလေးဦး ဓားဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာတို့ဖြင့် မော်လမြိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး စက်တင်ဘာ ၂၇ ရက် နံနက် ၈နာရီခွဲကျော် ခန့် ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် ကျောင်းတိုက်အတွင်းပိတ်မိနေသည့် ဒဏ်ရာရ လေးဦးကို ဆေးရုံသို့ ထပ်မံပို့ ဆောင်ခဲ့ရသည်အထိဖြစ်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါင်မြို့နယ်တရားရုံးက ယခင်ပြစ်မှုဖြင့် ၎င်းအား ပြစ်ဒဏ်ချမှတ်ပြီးနောက် သထုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ – သက်ပိုင်၊ ခေတ်မင်း

သတင်းနှင့် ဗီဒီယိုတင်ဆက်မှု အပြည့်အစုံကိုဆက်လက်တင်ပြပေးပါမည်

Source : Hinthar Media Corporation