တစ္အိမ္လုံးကို ဓါးျဖင့္ လိုက္ခုတ္စဥ္ ေလျဖတ္ၿပီး ထြက္မေျပးႏိုင္ေသာ အသက္ (၇၅) ႏွစ္႐ွိသူ ဓါးခုတ္ခံရ၍ ေသဆုံး

ဇႏွီးျဖစ္သူႏွင့္ စကားမ်ားရာမွ တစ္အိမ္လုံးကို ဓါးျဖင့္ လိုက္ခုတ္စဥ္ ေလျဖတ္ၿပီး ထြက္မေျပးႏိုင္ေသာ အသက္(၇၅)ႏွစ္ရွိ ေယာက္ခထီး ဓါးခုတ္ခံရ၍ ေသဆုံး

မုနိၿမီ၊ စက္တင္ဘာ ၂၇

ရွမ္းျပည္နယ္၊အေရွ့ပိုင္း တာခ်ီလိတ္ျမိဳ႕၊ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္သခၤ်ိဳင္းသြားလမ္းေဘး၌ စက္တင္ဘာ ၂၆ရက္ေန႔ ည ၁၀နာရီအခ်ိန္ခန္႔တြင္ ဇနီးျဖစ္သူအား ဓါးျဖင့္ခုတ္မည္ဟု ၿခိမ္းေျခာက္ စကားမ်ားေနျခင္းကို ေယာက္ဖျဖစ္သူ တားဆီးရာမွ တစ္အိမ္လုံးအား ဓါးျဖင့္ လိုက္ခုတ္၍ ထြက္မေျပးႏိုင္ေသာ ေလျဖတ္ေန ေသာ ေယာက္ခထီး ဓါးခုတ္ရဟု ၾကားသိရသည္။

“တရားခံ စိုင္းသီဟ အသက္(၃၈)ႏွစ္ႏွင့္ ဇနီးျဖစ္သူတို႔ လင္းမယားျခင္း စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူအား ဓါးျဖင့္ ခုတ္မည္ ျခိမ္းေျခာက္ေနခ်ိန္ ေမာင္ျဖစ္သူမွ အိမ္အတြင္း သြားေရာက္ဟန႔္တားရာမွ ျခံအတြင္းရွိသူ မိသားစု အားလုံးကိုဓါးျဖင့္ လိုက္လံခုတ္ေသာေၾကာင္း၊

ေလျဖတ္ထြက္ေျပးႏိုင္ေသာ ဇနီး၏ ဖခင္ဦးတင္ညိဳ (၇၅)ႏွစ္အား ဓါးျဖင့္ ခုတ္မည္ျပဳလုပ္၍ ေယာက္ဖျဖစ္သူ ေမာင္သက္ေဇာ္ အသက္(၂၇)ႏွစ္ မွဝင္ေရာက္ ဟန္႔တားခဲ့စဥ္ ဓါးျဖင့္ ခုတ္ခံရ၍ လက္မတစ္ေခ်ာင္းျပတ္ထြက္နွင့္ လက္မ်ားတြင္ ဓါးဒဏ္ရာရရွိေၾကာင္း၊

ေလ ျဖတ္၍ ထြက္မေျပးႏိုင္ေသာ ဇနီး၏ ဖခင္ဦးတင္ညိဳ အသက္(၇၅)ႏွစ္တြင္ ဦးေခါင္း၊ပါး၊လည္ပင္း တို႔တြင္ ဓါးဒဏ္ရာမ်ားျပင္းထန္စြာရရွိခ့ဲသျဖင့္ အခင္းျဖစ္ပြားသည့္ ေနရာ၌တြင္ ေသဆုံးသြားသည္ဟု” စံုစမ္းသိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ တရားခံ စိုင္းသီဟ အသက္(၃၈)ႏွစ္အား ဖမ္းဆီး၍ တာခ်ီလိတ္ျမိဳ႕မရဲစခန္းမွ (ပ)၃၄၀/၂၀၁၈၊ ရာဇာသတ္ႀကီးပုဒ္မ ၃၀၂/၃၀၆တို႔ျဖင့္ အမႈဖြင့္ ေဆာင္ရြက္လၽွက္ရွိေၾကာင္း စုံစမ္းသိရွိရသည္။

သာခိုင္(မုနိၿမီ)  ဓါတ္ပုံ – Ko Hal Moe

(Unicode Version)

ဇနှီးဖြစ်သူနှင့် စကားများရာမှ တစ်အိမ်လုံးကို ဓါးဖြင့် လိုက်ခုတ်စဉ် လေဖြတ်ပြီး ထွက်မပြေးနိုင်သော အသက်(၇၅)နှစ်ရှိ ယောက်ခထီး ဓါးခုတ်ခံရ၍ သေဆုံး

မုနိမြီ၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်၊အရှေ့ပိုင်း တာချီလိတ်မြို့၊ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်သင်္ချိုင်းသွားလမ်းဘေး၌ စက်တင်ဘာ ၂၆ရက်နေ့ ည ၁၀နာရီအချိန်ခန့်တွင် ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်မည်ဟု ခြိမ်းခြောက် စကားများနေခြင်းကို ယောက်ဖဖြစ်သူ တားဆီးရာမှ တစ်အိမ်လုံးအား ဓါးဖြင့် လိုက်ခုတ်၍ ထွက်မပြေးနိုင်သော လေဖြတ်နေ သော ယောက်ခထီး ဓါးခုတ်ရဟု ကြားသိရသည်။

“တရားခံ စိုင်းသီဟ အသက်(၃၈)နှစ်နှင့် ဇနီးဖြစ်သူတို့ လင်းမယားခြင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓါးဖြင့် ခုတ်မည် ခြိမ်းခြောက်နေချိန် မောင်ဖြစ်သူမှ အိမ်အတွင်း သွားရောက်ဟန့်တားရာမှ ခြံအတွင်းရှိသူ မိသားစု အားလုံးကိုဓါးဖြင့် လိုက်လံခုတ်သောကြောင်

း၊ လေဖြတ်ထွက်ပြေးနိုင်သော ဇနီး၏ ဖခင်ဦးတင်ညို (၇၅)နှစ်အား ဓါးဖြင့် ခုတ်မည်ပြုလုပ်၍ ယောက်ဖဖြစ်သူ မောင်သက်ဇော် အသက်(၂၇)နှစ် မှဝင်ရောက် ဟန့်တားခဲ့စဉ် ဓါးဖြင့် ခုတ်ခံရ၍ လက်မတစ်ချောင်းပြတ်ထွက်နှင့် လက်များတွင် ဓါးဒဏ်ရာရရှိကြောင်း၊

လေ ဖြတ်၍ ထွက်မပြေးနိုင်သော ဇနီး၏ ဖခင်ဦးတင်ညို အသက်(၇၅)နှစ်တွင် ဦးခေါင်း၊ပါး၊လည်ပင်း တို့တွင် ဓါးဒဏ်ရာများပြင်းထန်စွာရရှိခဲ့သဖြင့် အခင်းဖြစ်ပွားသည့် နေရာ၌တွင် သေဆုံးသွားသည်ဟု” စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံ စိုင်းသီဟ အသက်(၃၈)နှစ်အား ဖမ်းဆီး၍ တာချီလိတ်မြို့မရဲစခန်းမှ (ပ)၃၄၀/၂၀၁၈၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၂/၃၀၆တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

သာခိုင်(မုနိမြီ)  ဓါတ်ပုံ – Ko Hal Moe