သား ျဖစ္သူ သိဒၶိစစ္ ေ႐ြးပးတဲ့ လက္မွတ္ေၾကာင့္ ေအာင္ဘာေလ သိန္းထီဆု ေပါက္သြားတဲ့ ေမေမ မယ္လိုဒီ

သရုပ္ေဆာင္မယ္လိုဒီဟာ ယခုအခ်ိန္မွာေတာ့အရမ္းကိုသာယာလွတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ရရွိထားျပီး ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို သိပ္မလုပ္ေတာ့ေပမယ့္ ပြဲတက္တာေတြကိုေတာ့ မၾကာခဏေတြ႔ရပါတယ္။ စီးပြားေရးအေနနဲ႔ကေတာ့ ေမေမမယ္လိုဒီဟာ ေနၾကာေစ့ေရာင္းေနတာျဖစ္ျပီး သမာအာဇီဝနဲ႔ရွာစားေနတာမို႔ မင္းသမီးျဖစ္ျပီးေစ်းေရာင္းရတာမရွက္ဘူးလို႔လည္း ဆိုပါေသးတယ္။

ေမေမမယ္လိုဒီေလးဟာ သိပ္ကိုခန္႔ညားျပီးေခ်ာေမာလွတဲ့ သားတစ္ေယာက္ေလးကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သိဒၶိစစ္ေလးဟာ အရမ္းကိုလိမၼာျပီး မိခင္အေပၚသိတတ္တဲ့သားလိမၼာေလးလည္းျဖစ္ပါတယ္။ ငယ္ရြယ္စဥ္တည္းက ကိုယ္ပိုင္လုပ္အားခနဲ႔အလွဴအတန္းေတြျပဳလုပ္ခဲ့သူေလးလည္းျဖစ္ပါတယ္။ ေမေမမယ္လိုဒီရဲ႕သြန္သင္ဆံုးမမွုေအာက္မွ အင္မတန္မွယဥ္ေက်းလွတဲ့ သားသားေလးတစ္ေယာက္ ေအာက္တိုဘာလအစမွာကံေကာင္းသြားခဲ့ပါတယ္။

စက္တင္ဘာလေလးဟာ မယ္လိုဒီရဲ႕ ေမြးေန႔လေလးျဖစ္ျပီးေတာ့ တလလံုးေမြးေန႔လက္ေဆာင္ရေနတဲ့လလို႔လည္း ဆိုပါေသးတယ္။ စက္တင္ဘာလမွာသားသားေလးထိုးထားခဲ့တဲ့ ထီလက္မွတ္ေလးဟာ တစ္သိန္းဆုေပါက္သြားခဲ့ပါတယ္။ ဒီလိုကံေကာင္းေနရတာကလည္းသူမဘဝမွာ ေကာင္းတာေလးေတြအျမဲေျပာဆို ေရးသားေနတာေၾကာင့္ ကံေကာင္းတာေလးေတြပဲရလာတာလို႔လည္းမ်ွေဝထားပါေသးတယ္။ ေမေမမယ္လိုဒီကေတာ့ သားသားေလးလတ္မွတ္ေၾကာင့္ ခုဆိုထီေပါက္သြားလို႔ အရမ္းကိုေပ်ာ္ေနပါျပီေနာ္။

Source : We Love Cele

(Unicode Version)

သား ဖြစ်သူ သိဒ္ဓိစစ် ရွေးပးတဲ့ လက်မှတ်ကြောင့် အောင်ဘာလေ သိန်းထီဆု ပေါက်သွားတဲ့ မေမေ မယ်လိုဒီ

သရုပ်ဆောင်မယ်လိုဒီဟာ ယခုအချိန်မှာတော့အရမ်းကိုသာယာလှတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ရရှိထားပြီး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို သိပ်မလုပ်တော့ပေမယ့် ပွဲတက်တာတွေကိုတော့ မကြာခဏတွေ့ရပါတယ်။ စီးပွားရေးအနေနဲ့ကတော့ မေမေမယ်လိုဒီဟာ နေကြာစေ့ရောင်းနေတာဖြစ်ပြီး သမာအာဇီဝနဲ့ရှာစားနေတာမို့ မင်းသမီးဖြစ်ပြီးဈေးရောင်းရတာမရှက်ဘူးလို့လည်း ဆိုပါသေးတယ်။

မေမေမယ်လိုဒီလေးဟာ သိပ်ကိုခန့်ညားပြီးချောမောလှတဲ့ သားတစ်ယောက်လေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သိဒ္ဓိစစ်လေးဟာ အရမ်းကိုလိမ္မာပြီး မိခင်အပေါ်သိတတ်တဲ့သားလိမ္မာလေးလည်းဖြစ်ပါတယ်။ ငယ်ရွယ်စဉ်တည်းက ကိုယ်ပိုင်လုပ်အားခနဲ့အလှူအတန်းတွေပြုလုပ်ခဲ့သူလေးလည်းဖြစ်ပါတယ်။ မေမေမယ်လိုဒီရဲ့သွန်သင်ဆုံးမမှုအောက်မှ အင်မတန်မှယဉ်ကျေးလှတဲ့ သားသားလေးတစ်ယောက် အောက်တိုဘာလအစမှာကံကောင်းသွားခဲ့ပါတယ်။

စက်တင်ဘာလလေးဟာ မယ်လိုဒီရဲ့ မွေးနေ့လလေးဖြစ်ပြီးတော့ တလလုံးမွေးနေ့လက်ဆောင်ရနေတဲ့လလို့လည်း ဆိုပါသေးတယ်။ စက်တင်ဘာလမှာသားသားလေးထိုးထားခဲ့တဲ့ ထီလက်မှတ်လေးဟာ တစ်သိန်းဆုပေါက်သွားခဲ့ပါတယ်။ ဒီလိုကံကောင်းနေရတာကလည်းသူမဘဝမှာ ကောင်းတာလေးတွေအမြဲပြောဆို ရေးသားနေတာကြောင့် ကံကောင်းတာလေးတွေပဲရလာတာလို့လည်းမျှဝေထားပါသေးတယ်။ မေမေမယ်လိုဒီကတော့ သားသားလေးလတ်မှတ်ကြောင့် ခုဆိုထီပေါက်သွားလို့ အရမ်းကိုပျော်နေပါပြီနော်။

Source : We Love Cele