ေက်းဇူးနဲ႔ မထိုက္တန္တဲ့ ဘုရင္

တစ္​ခါကဘုရင္​တစ္​ပါး႐ွိခဲ့တယ္​။ သူ႔မွာအမဲလုိက္​​ေခြးဆယ္​​ေကာင္​​ေမြးထားတယ္​။ သူဝန္​ႀကီး​ေတြထဲက တစ္​​ေယာက္​​ေယာက္​အမွားလုပ္​ၿပီဆုိ အဲ့ဒီ​ေခြး​ေတြ​ေ႐ွ႕မွာ ပစ္​ခ်ခုိင္​း​ေလ့႐ွိတယ္​။​ ေခြး​ေတြက အဲ့ဒီဝန္​ႀကီးကုိ အ႐ုိးအသား တစ္​ျခားဆီျဖစ္​​ေအာင္​လုပ္​ပစ္​လုိက္​တယ္​။

တစ္​​ေန႔ ဘုရင္​့ရဲ႕ အထူးအ​ေရးပါတဲ့ဝန္​ႀကီး တစ္​ဦးက ဘုရင္​ကုိ မွားယြင္​းစြာအၾကံ​ေပးမိတယ္​။ ဒီအၾကံကုိဘုရင္​က မႏွစ္​မ်ဳိ့ခဲ့ဘူး။. ဒါနဲ႔အဲ့ဒီဝန္​ႀကီးကုိလည္​း​ ေခြး​ေတြ​ေ႐ွ႕မွာပစ္​ခ်ဖုိ႔အမိန္​႔ခ်လုိက္​တယ္​။ ဝန္​ႀကီးကဘုရင္​ဆီမွာ ​ေတာင္​းဆုိမႈတစ္​ခုျပဳတယ္။​

“ဘုရင္​ႀကီးခင္​ဗ်ား ကြၽန္​​ေတာ္​ဘုရင္​ႀကီးဆီမွာ ​ေန႔မွန္​းမသိ ညမွန္​းမသိ အလုပ္​အ​ေႂကြးျပဳစုခဲ့တယ္​။ ခုဘုရင္​ႀကီးက​ေတာ့ ကြၽန္​​ေတာ့အမွား တစ္​ခု​ေလးအ​ေပၚမွာ ဒီ​ေလာက္​ႀကီးမားတဲ့ ျပစ္​ဒဏ္​​ကုိ​ေပး​ေနတယ္​။ ဘုရင္​့အမိန္​႔အတုိင္​း နာခံဖုိ႔အသင္​့ပါပဲ။ ဒါ​ေပမယ္​့ ကြၽန္​​ေတာ္​အႏြံတာခံ အလုပ္​အ​ေကြၽးျပဳစုခဲ့တာ​ေလးကုိ ေထာက္​ထားၿပိး ဆယ္​ရက္​​ေလာက္​ ကြၽန္​​ေတာ္​့ကုိ အခြင္​့အ​ေရး​ေပးပါ။ ၿပီးရင္​မုခ် ကြၽန္​​ေတာ့္​ကုိ​ ေခြး​ေတြ​ေ႐ွ႕မွာ ပစ္​ခ်လုိက္​ပါ”

ဒါနဲ႔ဘုရင္​ကလည္​း ဆယ္​ရက္​အခြင္​့အ​ေရး​ ေပးလုိက္​တယ။္​ ဝန္​ႀကီးလည္​း ဘုရင္​့ဆီက​ေန တန္​းတန္​းမတ္​မတ္​​ ေခြး​ေတြကုိထိန္​းသိမ္​း​ေစာင္​့​ေ႐ွာက္​တဲ့ သူဆီကုိထြက္​လာတယ္​။.ၿပီး​ေတာ့​ေခြးထိန္​းကုိ​ ေျပာတယ္။

​”ငါဒီ​ေခြး​ေတြနဲ႔ ဆယ္​ရက္​​ေလာက္​ အတူ​ေနခ်င္​တယ္​ သူတုိ႔ရဲ႕​ ေဝယ်ာဝစၥအားလုံးလည္​း တာဝန္​ယူမယ္​”

ေခြးထိန္​းက ဝန္​ႀကီးစကားၾကား​ေတာ့ အံၾသ မွင္​သက္​သြားတယ္​။ ဒါ​ေပမယ္​့ ခြင္​့ျပဳ​ေပးလု္ိက္​တယ္​။ အဲ့ဒီဆယ္​ရက္​အတြင္​း ဝန္​ႀကီးက​ ေခြး​ေတြရဲ႕ စား​ေသာက္​ဖုိ႔အိပ္​ဖုိ႔​ ေရခ်ဳိး​ေပးဖုိ႔ကအစ အလုပ္​အားလုံးကုိ​ ေသခ်ာတာဝန္​ယူလုပ္​ကုိင္​တယ္​။ ဆယ္​ရက္​ျပည္​့​ေတာ့ ဘုရင္​က သူ႔အခုိင္​းအ​ေစ​ေတြ ဝန္​ႀကီးကုိ​ ေခြး​​ေတြ​ေ႐ွ႕မွာ ပစ္​ခ်ဖုိ႔ အမိန္​႔​ေပးတယ။္​.

ဒါ​ေပမယ္​့ အဲ့ဒီမွာရပ္​ၾကည္​​့​ေနတဲ့ သူ​ေတြအားလုံး ျမင္​ကြင္​းကုိၾကည္​့ၿပီး အံ့အားသင္​့သြားၾကတယ္​။ ဘာလုိ႔လည္​းဆုိ​ေတာ့ ဒီ​ေ့နဒီအခ်ိန္​ထိ ဒီ​ေခြး​ေတြ​ေ႐ွ႕မွာ မ​ေရမတြက္​ႏုိင္​​ေအာင္​ ဝန္​ႀကီး​ေတြ အသက္​​ေပးသြားခဲ့ၿပီးၿပီ။ ဝန္​ႀကီးတုိင္​းကုိ အဲ့ဒီ​ေခြး​ေတြက အပုိင္​းပုိင္​း အစစ လုပ္​ပစ္​ခဲ့တယ္​။ ဒါ​ေပမယ္​့ အဲ့ဒီ​ေခြး​ေတြပဲ ဒီ​ေန႔ဒီဝန္​ႀကီးရဲ႕​ ေျခ​ေထာက္​​ေတြကုိ ယက္​​ေပး​ေနၾကတယ္​။

ဘုရင္​ကလည္​း ဒါကုိျမင္​​ေတာ့ အံၾသၿပီး​ေမးတယ္​။ ”​ ေခြး​ေတြဒီတစ္​ခါ ဘယ္​လုိျဖစ္​သြားၾကရတာလဲ?” ဆုိ​ေတာ့မွ ဝန္​ႀကီးကျပန္​​ေျဖတယ္​။

“ဘုရင္​ႀကီးက်န္​းမာပါ​ေစ။ ကြၽန္​​ေတာ္​ဘုရင္​ႀကီးကုိ ဒီျမင္​ကြင္​းကုိပဲ ျပခ်င္​​ေနတာပါ။ ကြၽန္​​ေတာ္​ဆယ္​ရက္​ပဲ ဒီ​ေခြး​ေတြကုိျပဳစုခဲ့တယ္​။ ဒါ​ေပမယ္​့ ဒီ​ေခြး​ေတြက ဒီ​ေန႔ကြၽန္​​ေတာ္​ျပဳစု​ေစာင္​့​ေ႐ွာက္​ခဲ့တဲ့​ ေက်းဇူး​ေတြကို ေမ့မသြားခဲ့ဘူး။ ကြၽန္​​ေတာ္​ဟာ ဘုရင္​ႀကီးဆီမွာ​ ေန႔​ေရာညပါ ဆယ္​ႏွစ္​ထိျပဳစု​ ေစာင္​့​ေ႐ွာက္​ခဲ့တယ္။ ဒါ​ေပမယ္​့လည္​း ဘုရင္​ႀကီးက ကြၽန္​​ေတာ္​့ရဲ႕ အမွားတစ္​ခုအ​တြက္​ ကြၽန္​​ေတာ့္​ရဲ႕ ႏွစ္​​ေပါင္​းမ်ားစြာျပဳစုခဲ့တာ​ေတြကို ​ ေက်ာခုိင္​းပစ္​လုိက္​တယ္​.”

ဘုရင္​ကသူ႔ရဲ႕အမွားအ​ေပၚမွာ ျပင္​းျပင္​းထန္​ထန္​ ခံစားမိသြားတယ္​။ ဝန္​ႀကီးကုိ အဲ့ဒီ​ေနရာက​ေန ထသြားခိုင္​းၿပီး မိ​ေက်ာင္​းကန္​ထဲကုိ ပစ္​ခ်ခုိင္​းလုိက္​တယ္။

“​ငယ္​ငယ္​တုန္​းက ဖတ္​ခဲ့ရတဲ့ ကဗ်ာ​ေလးသတိ ရသြားတယ္​။ မတရားလုပ္​ဖုိ႔ကုိပဲ စိ္​တ္​ပုိင္​းျဖတ္​ထားတဲ့ သူတစ္​​ေယာက္​ကုိ အ​ေထာက္​အထား သက္​​ေသ သာဓက​ေတြ ျပ​ေနရင္​လည္​း အလကားပါပဲ။

ေက်းဇူးနဲ႔မထိုက္တန္ တဲ့ဘုရင္ပါဘဲ။

Credit : ကိုဘုန္း

(Unicode Version)

ကျေးဇူးနဲ့ မထိုက်တန်တဲ့ ဘုရင်

တစ်ခါကဘုရင်တစ်ပါးရှိခဲ့တယ်။ သူ့မှာအမဲလိုက်ခွေးဆယ်ကောင်မွေးထားတယ်။ သူဝန်ကြီးတွေထဲက တစ်ယောက်ယောက်အမှားလုပ်ပြီဆို အဲ့ဒီခွေးတွေရှေ့မှာ ပစ်ချခိုင်းလေ့ရှိတယ်။ ခွေးတွေက အဲ့ဒီဝန်ကြီးကို အရိုးအသား တစ်ခြားဆီဖြစ်အောင်လုပ်ပစ်လိုက်တယ်။

တစ်နေ့ ဘုရင့်ရဲ့ အထူးအရေးပါတဲ့ဝန်ကြီး တစ်ဦးက ဘုရင်ကို မှားယွင်းစွာအကြံပေးမိတယ်။ ဒီအကြံကိုဘုရင်က မနှစ်မျို့ခဲ့ဘူး။. ဒါနဲ့အဲ့ဒီဝန်ကြီးကိုလည်း ခွေးတွေရှေ့မှာပစ်ချဖို့အမိန့်ချလိုက်တယ်။ ဝန်ကြီးကဘုရင်ဆီမှာ တောင်းဆိုမှုတစ်ခုပြုတယ်။

“ဘုရင်ကြီးခင်ဗျား ကျွန်တော်ဘုရင်ကြီးဆီမှာ နေ့မှန်းမသိ ညမှန်းမသိ အလုပ်အကြွေးပြုစုခဲ့တယ်။ ခုဘုရင်ကြီးကတော့ ကျွန်တော့အမှား တစ်ခုလေးအပေါ်မှာ ဒီလောက်ကြီးမားတဲ့ ပြစ်ဒဏ်ကိုပေးနေတယ်။ ဘုရင့်အမိန့်အတိုင်း နာခံဖို့အသင့်ပါပဲ။ ဒါပေမယ့် ကျွန်တော်အနွံတာခံ အလုပ်အကျွေးပြုစုခဲ့တာလေးကို ထောက်ထားပြိး ဆယ်ရက်လောက် ကျွန်တော့်ကို အခွင့်အရေးပေးပါ။ ပြီးရင်မုချ ကျွန်တော့်ကို ခွေးတွေရှေ့မှာ ပစ်ချလိုက်ပါ”

ဒါနဲ့ဘုရင်ကလည်း ဆယ်ရက်အခွင့်အရေး ပေးလိုက်တယ။် ဝန်ကြီးလည်း ဘုရင့်ဆီကနေ တန်းတန်းမတ်မတ် ခွေးတွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့ သူဆီကိုထွက်လာတယ်။.ပြီးတော့ခွေးထိန်းကို ပြောတယ်။

”ငါဒီခွေးတွေနဲ့ ဆယ်ရက်လောက် အတူနေချင်တယ် သူတို့ရဲ့ ဝေယျာဝစ္စအားလုံးလည်း တာဝန်ယူမယ်”

ခွေးထိန်းက ဝန်ကြီးစကားကြားတော့ အံသြ မှင်သက်သွားတယ်။ ဒါပေမယ့် ခွင့်ပြုပေးလိုက်တယ်။ အဲ့ဒီဆယ်ရက်အတွင်း ဝန်ကြီးက ခွေးတွေရဲ့ စားသောက်ဖို့အိပ်ဖို့ ရေချိုးပေးဖို့ကအစ အလုပ်အားလုံးကို သေချာတာဝန်ယူလုပ်ကိုင်တယ်။ ဆယ်ရက်ပြည့်တော့ ဘုရင်က သူ့အခိုင်းအစေတွေ ဝန်ကြီးကို ခွေးတွေရှေ့မှာ ပစ်ချဖို့ အမိန့်ပေးတယ။်.

ဒါပေမယ့် အဲ့ဒီမှာရပ်ကြည့်နေတဲ့ သူတွေအားလုံး မြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်သွားကြတယ်။ ဘာလို့လည်းဆိုတော့ ဒီေ့နဒီအချိန်ထိ ဒီခွေးတွေရှေ့မှာ မရေမတွက်နိုင်အောင် ဝန်ကြီးတွေ အသက်ပေးသွားခဲ့ပြီးပြီ။ ဝန်ကြီးတိုင်းကို အဲ့ဒီခွေးတွေက အပိုင်းပိုင်း အစစ လုပ်ပစ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီခွေးတွေပဲ ဒီနေ့ဒီဝန်ကြီးရဲ့ ခြေထောက်တွေကို ယက်ပေးနေကြတယ်။

ဘုရင်ကလည်း ဒါကိုမြင်တော့ အံသြပြီးမေးတယ်။ ” ခွေးတွေဒီတစ်ခါ ဘယ်လိုဖြစ်သွားကြရတာလဲ?” ဆိုတော့မှ ဝန်ကြီးကပြန်ဖြေတယ်။

“ဘုရင်ကြီးကျန်းမာပါစေ။ ကျွန်တော်ဘုရင်ကြီးကို ဒီမြင်ကွင်းကိုပဲ ပြချင်နေတာပါ။ ကျွန်တော်ဆယ်ရက်ပဲ ဒီခွေးတွေကိုပြုစုခဲ့တယ်။ ဒါပေမယ့် ဒီခွေးတွေက ဒီနေ့ကျွန်တော်ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကို မေ့မသွားခဲ့ဘူး။ ကျွန်တော်ဟာ ဘုရင်ကြီးဆီမှာ နေ့ရောညပါ ဆယ်နှစ်ထိပြုစု စောင့်ရှောက်ခဲ့တယ်။ ဒါပေမယ့်လည်း ဘုရင်ကြီးက ကျွန်တော့်ရဲ့ အမှားတစ်ခုအတွက် ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာပြုစုခဲ့တာတွေကို ကျောခိုင်းပစ်လိုက်တယ်.”

ဘုရင်ကသူ့ရဲ့အမှားအပေါ်မှာ ပြင်းပြင်းထန်ထန် ခံစားမိသွားတယ်။ ဝန်ကြီးကို အဲ့ဒီနေရာကနေ ထသွားခိုင်းပြီး မိကျောင်းကန်ထဲကို ပစ်ချခိုင်းလိုက်တယ်။

“ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကဗျာလေးသတိ ရသွားတယ်။ မတရားလုပ်ဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတဲ့ သူတစ်ယောက်ကို အထောက်အထား သက်သေ သာဓကတွေ ပြနေရင်လည်း အလကားပါပဲ။

ကျေးဇူးနဲ့မထိုက်တန် တဲ့ဘုရင်ပါဘဲ။

Credit : ကိုဘုန်း