ဘာသာေရး အေၾကာင္းျပၿပီး အလွဴခံေနတာေတြနဲ႔ ပတ္သတ္၍ ပါေမာကၡခ်ဳပ္ ဆရာေတာ္ဘုရားႀကီး၏ မိန္႔ၾကားခ်က္

ဘုန္းႀကီး တေလာကစကၤာပူက အဘိဓမၼာသင္တန္းပို႔ခ်ဖို႔ပင့္လို႔ သြားတယ္ဒါကို အလွဴခံၾကတယ္။ “ဘုန္းႀကီး က်န္းမာေရးမေကာင္းလို႔ ေဆးကုဖို႔”လို႔ ေျပာၿပီးအလွဴခံၾကတာ.. သိပ္ဝမ္းနည္းစရာေကာင္းတယ္…တစ္ခါ ဒကာတစ္ေယာက္ကလည္း ေလ်ွာက္ျပန္တယ္..

“ဘုန္းႀကီးေက်ာင္း ေဆာက္ဖို႔လိုရင္” “အလွဴခံျဖတ္ပိုင္းရိုက္ေပးပါ”.. “အလွဴခံေပးပါ့မယ္”တဲ့.. ဒါေတြက ေတာ္ေတာ္မေကာင္းတဲ့ ကိစၥေတြပဲ.. ဘုန္းႀကီး ငယ္ငယ္တုန္းက ရဟန္း ဒါယကာေတြက “လိုတာေျပာပါ” ဆိုၿပီးေျပာလြန္းလို႔ (၂)ခါေလာက္ပဲ ေတာင္းဖူးတယ္..

ေနာက္တစ္ခု တရားပြဲေတြမွာ အလွဴခံဖလားေတြ ခ်ထားတယ္.. တရားလာနာတဲ့ လူတစ္ေယာက္ဟာ ဒါကိုျမင္ၿပီး သူ မလွဴႏိုင္တဲ့အခါ သူ့႔ စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားတယ္ဆိုရင္ ဒါဟာ မေကာင္းေတာ့ဘူး.. ပိုက္ဆံေပးၿပီးမွ တရားနာရတယ္ဆိုရင္ ဘုန္းႀကီးတို႔က တရားကို ေရာင္းေနသလိုျဖစ္ေနမယ္.. ေရာင္းရေအာင္ကလည္း ကိုယ့္တရားမဟုတ္ဘူး.. ဘုရား တရားေတာ္ေတြ.. တခ်ိဳ႕ေနရာေတြမွာဆို လမ္းကိုပိတ္ၿပီးေတာ့ေတာင္ အလွဴခံတာေတြ႔ရတယ္.. သဒၶါရွိတဲ႔သူက လာ လွဴတာမ်ိဳးမဟုတ္ဘဲ ႀကိဳေနေစာင့္ေနေျပာဆို အလွဴခံေနရင္ ဒါေတာင္းေနတာနဲ႔ အတူတူပဲ.. ဒါကို လက္ခံရင္ ဘုန္းႀကီးတို႔ သူေတာင္းစားျဖစ္သြားမယ္.. ဒါေၾကာင့္ ဘုန္းႀကီးတို႔ တရားပြဲေတြမွာ စာအုပ္တို႔ အေခြတို႔ အေရာင္းမခံဘူး.. ဘုန္းႀကီးက ေရာင္းတယ္ ေရာင္းခိုင္းတယ္ထင္မွာကို သိပ္စိုးရိမ္တယ္..

ဘုန္းႀကီးတို႔ ဆရာသမားမေထရ္ႀကီး တစ္ပါးဆိုသူ႔ ဒါယကာေတြက “ဘာလိုလဲဘုရား”လို႔ေမးေတာ့“သဒၶါရွိသေလာက္ၾကည့္လွဴ”“ဘာလိုလဲ ေနာက္မေမးနဲ႔”လို႔ ေျပာတာ ေတြ႔ဖူးတယ္..တမင္ႀကီး အလွဴေပးခ်င္ေအာင္ ေျပာေနစရာမလိုဘူး..သဒၶါရွိတဲ့ သူက လိုက္ရွာၿပီးေတာင္လွဴတယ္..တရားကို ေဟာတဲ့ေနရာမွာလည္းဘုန္းႀကီးတို႔ ဘုရားညႊန္ၾကားခ်က္အတိုင္းေဒသနာစဥ္ အတိုင္းေဟာတယ္..အေၾကာင္းျပခ်က္ခိုင္လံုတဲ့ တရားပဲ ေဟာတယ္..တရားနာသူေတြအေပၚေမတၱာနဲ႔ ေဟာတယ္..မသိၾကေသးတာ သိၾကပါေစ ဆိုတဲ့ ေစတနာနဲ႔ ေဟာတယ္..ကိုယ္႔ဂုဏ္ကိုေျမွာက္ သူမ်ားကိုႏွိမ္တဲ့ တရားမ်ိဳး မေဟာဘူး..

ျမတ္စြာဘုရားက တပည့္ သံဃာေတြကိုလည္းဒီလို တရားေတြေဟာဖို႔ တိုက္တြန္းခဲ႔တာပါ..ဒါကို လိုက္နာဖို႔အေရးႀကီးပါတယ္။

(ပါခ်ဳပ္ဆရာေတာ္ႀကီး) ေစတနာေမတၱာအရင္းခံျဖင့္ မ်ွေဝပူေဇာ္ပါသည္။

(Unicode Version)

ဘာသာရေး အကြောင်းပြပြီး အလှူခံနေတာတွေနဲ့ ပတ်သတ်၍ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်

ဘုန်းကြီး တလောကစင်္ကာပူက အဘိဓမ္မာသင်တန်းပို့ချဖို့ပင့်လို့ သွားတယ်ဒါကို အလှူခံကြတယ်။ “ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့”လို့ ပြောပြီးအလှူခံကြတာ.. သိပ်ဝမ်းနည်းစရာကောင်းတယ်…တစ်ခါ ဒကာတစ်ယောက်ကလည်း လျှောက်ပြန်တယ်..

“ဘုန်းကြီးကျောင်း ဆောက်ဖို့လိုရင်” “အလှူခံဖြတ်ပိုင်းရိုက်ပေးပါ”.. “အလှူခံပေးပါ့မယ်”တဲ့.. ဒါတွေက တော်တော်မကောင်းတဲ့ ကိစ္စတွေပဲ.. ဘုန်းကြီး ငယ်ငယ်တုန်းက ရဟန်း ဒါယကာတွေက “လိုတာပြောပါ” ဆိုပြီးပြောလွန်းလို့ (၂)ခါလောက်ပဲ တောင်းဖူးတယ်..

နောက်တစ်ခု တရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်.. တရားလာနာတဲ့ လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူ မလှူနိုင်တဲ့အခါ သူ့ စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင် ဒါဟာ မကောင်းတော့ဘူး.. ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်.. ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး.. ဘုရား တရားတော်တွေ.. တချို့နေရာတွေမှာဆို လမ်းကိုပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်.. သဒ္ဓါရှိတဲ့သူက လာ လှူတာမျိုးမဟုတ်ဘဲ ကြိုနေစောင့်နေပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့ အတူတူပဲ.. ဒါကို လက်ခံရင် ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ်.. ဒါကြောင့် ဘုန်းကြီးတို့ တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး.. ဘုန်းကြီးက ရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာကို သိပ်စိုးရိမ်တယ်..

ဘုန်းကြီးတို့ ဆရာသမားမထေရ်ကြီး တစ်ပါးဆိုသူ့ ဒါယကာတွေက “ဘာလိုလဲဘုရား”လို့မေးတော့“သဒ္ဓါရှိသလောက်ကြည့်လှူ”“ဘာလိုလဲ နောက်မမေးနဲ့”လို့ ပြောတာ တွေ့ဖူးတယ်..တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး..သဒ္ဓါရှိတဲ့ သူက လိုက်ရှာပြီးတောင်လှူတယ်..တရားကို ဟောတဲ့နေရာမှာလည်းဘုန်းကြီးတို့ ဘုရားညွှန်ကြားချက်အတိုင်းဒေသနာစဉ် အတိုင်းဟောတယ်..အကြောင်းပြချက်ခိုင်လုံတဲ့ တရားပဲ ဟောတယ်..တရားနာသူတွေအပေါ်မေတ္တာနဲ့ ဟောတယ်..မသိကြသေးတာ သိကြပါစေ ဆိုတဲ့ စေတနာနဲ့ ဟောတယ်..ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့ တရားမျိုး မဟောဘူး..

မြတ်စွာဘုရားက တပည့် သံဃာတွေကိုလည်းဒီလို တရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ..ဒါကို လိုက်နာဖို့အရေးကြီးပါတယ်။

(ပါချုပ်ဆရာတော်ကြီး) စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်။