WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

လူမွု ကြန္ယက္ေပၚမွာ အံုးအံုး ထေနတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳရဲ႕ ဓာတ္ပံု တစ္ပံု

Posted on October 3, 2018 by whuk-46651

ခ်မ္းေျမ႕ေမာင္ခ်ိဳဟာ ျမန္မာအိုင္ေဒါ Season 3 ရဲ႕ First Runner Up တစ္ဦးျဖစ္ျပီးေတာ့ ယခုအခ်ိန္မွာေတာ့ ေၾကာ္ျငာမ်ား၊ ရွိုးပြဲမ်ားကို တက္ေရာက္ရုိက္ကူးေနရသူလည္းျဖစ္ပါတယ္။ တစ္ကုိယ္ေတာ္အေခြထြက္ႏုိင္ဖို႔အတြက္ ၾကိဳးစားလ်က္ရွိေနျပီး တစ္ဖက္မွာလည္း ပရိသတ္ေတြရဲ႕ အားေပးမွုေတြကို အမ်ားၾကီးရရွိထားသူျဖစ္ပါတယ္။

မၾကာေသးခင္ကမွ ေမြးေန႔ပြဲေလးနဲ႔ Fan Meeting ေတြ႔ဆံုပြဲေလးကို ျပဳလုပ္ခဲ့တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳကေတာ့ ေမြးေန႔လက္ေဆာင္အျဖစ္ ျပည္ပပရိသတ္ေတြရဲ႕ ေငြေၾကးအေျမာက္အျမားကိုလည္း ရရွိခဲ့ပါတယ္။

မိခင္ရဲ႕ ဂရုစိုက္ျခင္းကိုခံရတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳတစ္ေယာက္ဟာ ျပိဳင္ပြဲကာလအတြင္းမွာလည္း ပရိသတ္ေတြရဲ႕ ေဝဖန္မွုေတြကို ခံခဲ့ရသူပါ။ ဘယ္သြားသြား မိခင္နဲ႔သာအတူ အျမဲေတြ႔ရတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳဟာ မိခင္ကို ယခုလိုမ်ိဳး ေဝဖန္တုိက္ခိုက္ၾကတဲ့အေပၚမွာလည္း ရင္နင့္စြာခံစားရတယ္လို႔ ဆိုပါတယ္။

ယေန႔မွာေတာ႔ ခ်မ္းေျမ႕ေမာင္ခ်ိဳရဲ႕ ပြဲတစ္ခုကို တက္ေရာက္ခဲ့တဲ့ ပံုဟာ Troller ေတြရဲ႕ လက္ခ်က္ေၾကာင့္ လူမွုကြန္ယက္ေပၚ ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။ သူမလာလမ္းမွာ ပရိသတ္ေတြမမ်ားဘဲ ကာေပးထားခ့ဲတဲ့ လူတစ္စုရဲ႕ ပံုရိပ္ေတြဟာ Troller ေတြရဲ႕ meme ေတြထဲကို ေရာက္ရွိျပီး ေပ်ာ္စရာအျဖစ္ စေနာက္ေနၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြ အရမ္းသေဘာက်ေနတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳေလးရဲ႕ပံုကိုလည္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ဒီပံုေလးကိုေတာ့ ခ်မ္းေျမ႕ေမာင္ခ်ိဳကိုယ္တုိင္ သေဘာက်ေနတာလည္းျဖစ္ပါတယ္။

Source : We Love Cele

(Unicode Version)

လူမှု ကွန်ယက်ပေါ်မှာ အုံးအုံး ထနေတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဓာတ်ပုံ တစ်ပုံ

ချမ်းမြေ့မောင်ချိုဟာ မြန်မာအိုင်ဒေါ Season 3 ရဲ့ First Runner Up တစ်ဦးဖြစ်ပြီးတော့ ယခုအချိန်မှာတော့ ကြော်ငြာများ၊ ရှိုးပွဲများကို တက်ရောက်ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့အတွက် ကြိုးစားလျက်ရှိနေပြီး တစ်ဖက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အများကြီးရရှိထားသူဖြစ်ပါတယ်။

မကြာသေးခင်ကမှ မွေးနေ့ပွဲလေးနဲ့ Fan Meeting တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုကတော့ မွေးနေ့လက်ဆောင်အဖြစ် ပြည်ပပရိသတ်တွေရဲ့ ငွေကြေးအမြောက်အမြားကိုလည်း ရရှိခဲ့ပါတယ်။ မိခင်ရဲ့ ဂရုစိုက်ခြင်းကိုခံရတဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ဟာ ပြိုင်ပွဲကာလအတွင်းမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသူပါ။ ဘယ်သွားသွား မိခင်နဲ့သာအတူ အမြဲတွေ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ မိခင်ကို ယခုလိုမျိုး ဝေဖန်တိုက်ခိုက်ကြတဲ့အပေါ်မှာလည်း ရင်နင့်စွာခံစားရတယ်လို့ ဆိုပါတယ်။

ယနေ့မှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ပုံဟာ Troller တွေရဲ့ လက်ချက်ကြောင့် လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတာဖြစ်ပါတယ်။ သူမလာလမ်းမှာ ပရိသတ်တွေမများဘဲ ကာပေးထားခဲ့တဲ့ လူတစ်စုရဲ့ ပုံရိပ်တွေဟာ Troller တွေရဲ့ meme တွေထဲကို ရောက်ရှိပြီး ပျော်စရာအဖြစ် စနောက်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေ အရမ်းသဘောကျနေတဲ့ ချမ်းမြေ့မောင်ချိုလေးရဲ့ပုံကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။ဒီပုံလေးကိုတော့ ချမ်းမြေ့မောင်ချိုကိုယ်တိုင် သဘောကျနေတာလည်းဖြစ်ပါတယ်။

Source : We Love Cele

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes