အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး အခုလို ရင္ဖြင့္လာတဲ့ ခိုင္ႏွင္းေဝ

သရုပ္ေဆာင္ခိုင္ႏွင္းေဝဟာ တခ်ိန္က ဗီဒီယိုေလာကမွာ နာမည္ၾကီးလူၾကိဳက္မ်ားခဲ့တ့ဲ မင္းသမီးေလးျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ပရဟိတအလုပ္ေတြကိုစြမ္းစြမ္းတမံေဆာင္ရြက္ေနျပီးေတာ့ ခ်ိဳ႕တဲ့အားငယ္သူေတြရဲ႕ ခိုကိုးရာအျဖစ္ ရပ္တည္လ်က္ရွိေနပါတယ္။ ခိုင္ႏွင္းေဝဆိုတာနဲ႔ ပရဟိတမင္းသမီးလို႔ နာမည္တြင္ရေအာင္ လူမွုေရးလုပ္ငန္းေတြကို တစိုက္မတ္မတ္လုပ္ေနသူပါ။ အိမ္ေထာင္ေရးမွာေတာ့အဆင္မေျပခဲ့တဲ့ ခိုင္ႏွင္းေဝတစ္ေယာက္ဟာ ယခုလိုပဲ ရင္ဖြင့္လာခဲ့ပါတယ္။

”သင္ပုန္းေခ်ႏိုင္တာၾကာၿပီ ဒီေန႔ၿပီး ေနာက္ေန႔က်ရင္ အစ္မက သင္ပုန္းေခ်ပစ္လုိက္တာပဲ။ ဘာလုိ႔လဲဆုိေတာ့ အဓိပၸာယ္မရွိတဲ့အရာေတြကုိ ဘယ္ေတာ့မွ ေခါင္းထဲ အၾကာႀကီးမထည့္ဘူး။ ေနာက္ၿပီးေတာ့ အစ္မမွာ ရပ္တည္ဖုိ႔ အေမေတြရွိတယ္၊ မိသားစုရွိတဲ့ အတြက္ေၾကာင့္မုိ႔လုိ႔ အစ္မရဲ႕ စိတ္ညစ္တဲ့ မ်က္ႏွာ၊ စိတ္ညစ္တဲ့ ခံစားခ်က္ေတြကုိ ပတ္ဝန္းက်င္ကုိလည္း မသိေစခ်င္ဘူး။ အဓိပၸာယ္ရွိတ့ဲ ေန႔သစ္ေတြနဲ႔ပဲ ျဖတ္သန္း သြားခ်င္တာဆုိေတာ့ အစ္မဆုံးျဖတ္ခ်က္တစ္ခုခ်ၿပီးသြားရင္ ေနာက္ေန႔က်ရင္ သင္ပုန္းေခ်ႏုိင္သြားတာပဲ” လုိ႔ဆုိပါတယ္။

ခိုင္ႏွင္းေဝဟာ လက္ရွိမွာ ကိုယ္ပိုင္စီးပြားေရးတစ္ခုျဖစ္တဲ့ LGBT ေတြနဲ႔ သက္ဆိုင္တဲ့ ေကာ္ဖီဆုိင္ေလးကို ဖြင့္လွစ္ထားပါတယ္။ LGBT နဲ႔ပတ္သက္လို႔လည္း လိင္တူခ်စ္ျခင္း မခ်စ္ျခင္းထက္ လူတိုင္းလူတိုင္းမွာ ေကာင္းတဲ့သူေတြရွိသလို ဆိုးတဲ့သူေတြရွိတယ္လို႔လည္း ဆုိပါတယ္။

” အစ္မတုိ႔ ဆုိင္မွာလည္း LGBT ဆုိၿပီးေတာ့ ဖြင့္ထားတယ္ေလ။ အမွန္တကယ္ေတာ့ လိင္တူခ်စ္တာေတြ၊ မခ်စ္တာေတြထက္ အစ္မကေတာ့ လူေတြကုိ ကူညီေပးတယ္။ ပရဟိတလုပ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ကူညီေပးခ်င္တာ။ အစ္မတုိ႔ဆုိ မိတ္ကပ္ဆရာေတြနဲ႔ ဘယ္ေတာ့မွ မကင္းဘူး။ လူတုိင္းလူတုိင္းမွာ ေကာင္းတဲ့လူေတြရွိသလုိ ဆိုးတ့ဲလူေတြလည္းရွိပါတယ္” သူကေျပာပါတယ္။

သူမရဲ႕ ပရဟိတအဖြဲ႕အစည္းထဲမွာလည္း လိင္တူခ်စ္သူေတြအမ်ားၾကီးရွိျပီးေတာ့ ဒီလိုလိင္တူခ်စ္သူေတြနဲ႔အတူ အလုပ္တြဲလုပ္ရတာ ေကာင္းတဲ့အခ်က္ေတြအမ်ားၾကီးရွိတယ္လို႔ေျပာပါတယ္။

” အဓိက ကေတာ့ လူေတြက လူေကာင္းတစ္ေယာက္ျဖစ္ဖုိ႔ပဲ အေရးႀကီးတယ္။ လိင္တူခ်စ္တာ မခ်စ္တာ ဆုိတာကလည္း ဗုဒၶဘာသာအရဆုိ ဝဋ္ေၾကြး၊ ကံေၾကြးေပါ့။ ဒါေတြကုိ ေျပာင္းလဲလုိ႔မရဘူး။ ေျပာင္းလဲလုိ႔ မရတ့ဲလူေတြကုိ အစ္မကေတာ့ ေမွ်ာ္လင့္ခ်က္ မဲ့ေအာင္ မလုပ္ခ်င္ဘူး။ ႀကိဳးစားခ်င္တဲ့ စိတ္ေလးေတြရွိလာေအာင္ အားေပးတယ္” လုိ႔ဆုိပါတယ္။ သူမ ဒီလိုဘဝေရာက္ခဲ့ရတာဟာလည္း ေယာက္က်ားစင္စစ္၊ မိန္းမစင္စစ္ေတြ ဆိုးခဲ့လို႔ ဒီလိုဘဝေရာက္ခဲ့ရတာလို႔လည္းရင္ဖြင့္ခဲ့ပါေသးတယ္။

Source : Cele Yatkwat

(Unicode Version)

အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေဟာ တချိန်က ဗီဒီယိုလောကမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ပရဟိတအလုပ်တွေကိုစွမ်းစွမ်းတမံဆောင်ရွက်နေပြီးတော့ ချို့တဲ့အားငယ်သူတွေရဲ့ ခိုကိုးရာအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ ခိုင်နှင်းဝေဆိုတာနဲ့ ပရဟိတမင်းသမီးလို့ နာမည်တွင်ရအောင် လူမှုရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်နေသူပါ။ အိမ်ထောင်ရေးမှာတော့အဆင်မပြေခဲ့တဲ့ ခိုင်နှင်းဝေတစ်ယောက်ဟာ ယခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။

”သင်ပုန်းချေနိုင်တာကြာပြီ ဒီနေ့ပြီး နောက်နေ့ကျရင် အစ်မက သင်ပုန်းချေပစ်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေကို ဘယ်တော့မှ ခေါင်းထဲ အကြာကြီးမထည့်ဘူး။ နောက်ပြီးတော့ အစ်မမှာ ရပ်တည်ဖို့ အမေတွေရှိတယ်၊ မိသားစုရှိတဲ့ အတွက်ကြောင့်မို့လို့ အစ်မရဲ့ စိတ်ညစ်တဲ့ မျက်နှာ၊ စိတ်ညစ်တဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်ကိုလည်း မသိစေချင်ဘူး။ အဓိပ္ပာယ်ရှိတဲ့ နေ့သစ်တွေနဲ့ပဲ ဖြတ်သန်း သွားချင်တာဆိုတော့ အစ်မဆုံးဖြတ်ချက်တစ်ခုချပြီးသွားရင် နောက်နေ့ကျရင် သင်ပုန်းချေနိုင်သွားတာပဲ” လို့ဆိုပါတယ်။

ခိုင်နှင်းဝေဟာ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ LGBT တွေနဲ့ သက်ဆိုင်တဲ့ ကော်ဖီဆိုင်လေးကို ဖွင့်လှစ်ထားပါတယ်။ LGBT နဲ့ပတ်သက်လို့လည်း လိင်တူချစ်ခြင်း မချစ်ခြင်းထက် လူတိုင်းလူတိုင်းမှာ ကောင်းတဲ့သူတွေရှိသလို ဆိုးတဲ့သူတွေရှိတယ်လို့လည်း ဆိုပါတယ်။

” အစ်မတို့ ဆိုင်မှာလည်း LGBT ဆိုပြီးတော့ ဖွင့်ထားတယ်လေ။ အမှန်တကယ်တော့ လိင်တူချစ်တာတွေ၊ မချစ်တာတွေထက် အစ်မကတော့ လူတွေကို ကူညီပေးတယ်။ ပရဟိတလုပ်တဲ့အတွက်ကြောင့်မို့လို့ ကူညီပေးချင်တာ။ အစ်မတို့ဆို မိတ်ကပ်ဆရာတွေနဲ့ ဘယ်တော့မှ မကင်းဘူး။ လူတိုင်းလူတိုင်းမှာ ကောင်းတဲ့လူတွေရှိသလို ဆိုးတဲ့လူတွေလည်းရှိပါတယ်” သူကပြောပါတယ်။

သူမရဲ့ ပရဟိတအဖွဲ့အစည်းထဲမှာလည်း လိင်တူချစ်သူတွေအများကြီးရှိပြီးတော့ ဒီလိုလိင်တူချစ်သူတွေနဲ့အတူ အလုပ်တွဲလုပ်ရတာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်လို့ပြောပါတယ်။

” အဓိက ကတော့ လူတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့ပဲ အရေးကြီးတယ်။ လိင်တူချစ်တာ မချစ်တာ ဆိုတာကလည်း ဗုဒ္ဓဘာသာအရဆို ဝဋ်ကြွေး၊ ကံကြွေးပေါ့။ ဒါတွေကို ပြောင်းလဲလို့မရဘူး။ ပြောင်းလဲလို့ မရတဲ့လူတွေကို အစ်မကတော့ မျှော်လင့်ချက် မဲ့အောင် မလုပ်ချင်ဘူး။ ကြိုးစားချင်တဲ့ စိတ်လေးတွေရှိလာအောင် အားပေးတယ်” လို့ဆိုပါတယ်။ သူမ ဒီလိုဘဝရောက်ခဲ့ရတာဟာလည်း ယောက်ကျားစင်စစ်၊ မိန်းမစင်စစ်တွေ ဆိုးခဲ့လို့ ဒီလိုဘဝရောက်ခဲ့ရတာလို့လည်းရင်ဖွင့်ခဲ့ပါသေးတယ်။

Source : Cele Yatkwat

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္